World AIDS Day for Donate

in #myanmar5 years ago

Hello , all steemit member.

World AIDS Day အထိမ်းအမှတ်ဖြင့် စစ်​ကိုင်းမြို့ တွင် အလှပြယာဉ်​ဖြင့်သာမက လူအုပ်စု လိုက် ထို့နောက်ဆိုင်ကယ်တန်းရှည်ကြီးများ ဖြင့် စီတန်းလှည့်လည်၍ အလှူ ခံ ထွက်လာကြသည် ကို တွေ့မြင်ရပြီး လာရောက်၍ အလှူခံသည့်အတွက် အလှူငွေ ထည့်ဝင်ရင်း ဘာအတွက် အလှူ ခံကြသည်လည်းဟု မေးမြန်းစုံစမ်းရာ

AIDS ဝေဒနာရှင်များအား ကျန်းမာရေး ကူညီ စောင့်ရှောက်ရန်အတွက် အလှူ ခံ ထွက်ကြခြင်းဖြစ်သည် ဟု သိရှိခဲ့ရပါသည်

image

‌ဒီဇင်ဘာလ (၁)နေ့က ကျရောက်ခဲ့သည့် World AIDS Day အထိမ်းအမှတ်​ဖြင့်​ စစ်ကိုင်းမြို့ရှိ ရွှေ​ဇေယျာ (CBO) အဖွဲ့သားများက ယမန် နေ့က အလှပြယာဉ်​ဖြင့်​ စစ်ကိုင်းမြို့အတွင်းသို့ လှည့်လည်၍ အသိပညာ​ပေးလှုံ​ဆော်​မှုများပြုလုပ်​ဆောင်ရွက်ကြကြောင်း သိရရှိပါသည်

စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ Word AIDS Day အခမ်းအနား နှင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနရုံးဖွင့်ပွဲ ကို ကျင်းပခဲ့ ပြီး ယခုလို
ရွှေ​ဇေယျာ (CBO) အဖွဲ့သားတွေက အလှပြယာဉ်​ နဲ့ မြို့အတွင်းသို့ လှည့်လည်ပြီး အသိပညာ​ပေးလှုံ​ဆော်​မှုများပြု လုပ်ကြခြင်းဖြစ်သည် ဟု ဆိုပါသည်

image

"အားလုံးလက်တွဲကာကွယ် HIV ကူးစက်မှု အန္တရာယ် " ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန် အတွက် အခုလို လှည့်လည်ပြီး အသိပညာပေးလှုံဆော်မှုတွေ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့ပါသည်

အလှူ ငွေ ထည့်ဝင်လှူတန်းရင့်ဖြင့် ဝမ်းသာကြည်နူးမိသလို အခုလို အဖွဲ့အစည်းများ ကျမတို့ စစ်ကိုင်း မြို့တွင်သာမက မြန်မာ တစ်နိုင်ငံလုံး ဖွဲ့စည် ကူညီ ဆောင်ရွက် သင့်သည်ဟု ထင်မြင်ယူဆရင်း

@mamamyanmar

Sort:  

HIVကြောက်စရာရောဂါပိုးပါ ဆန္ဒတွေထိန်းနိုင်ကြပါစေ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99