အဝိုင်း . . . .အဝိုင်း . . . .သြော်. . . အဝိုင်းရယ်

in #myanmar6 years ago

အဝိုင်း . . . .အဝိုင်း . . . .သြော်. . . အဝိုင်းရယ်

အယ့် . . . ဦးအင်း တစ်ယောက် ငယ်ရည်းစား ရွာက ဝိုင်းစိန်မကို သတိရနေသလား ဘာလား ညာလား .
ဘယ်လို ညာလိုဆိုပြီး ခေါင်းစဉ် ဖတ်ကာ အတွေးတွေ မဝင်ကြပါနဲ့ . . .
.
ဘယ်ငယ်ရည်းစားမှ သတိမရပါဘူး ။
အဝိုင်းကို ကြည့်ပြီး အဝိုင်းကို သတိရကာ အဝိုင်း အဝိုင်းနဲ့ ရေရွတ်မိသွားခြင်းရယ်ပါ။
ဘယ် အဝိုင်းကို ကြည့်ပြီး ဘယ်အဝိုင်းတွေကို သတိရတာလည်းဆိုတော့

image

ပုံမှာ ပြထားတဲ့ MPTရဲ့ နာမည်ကျော် အဝိုင်းကို ကြည့်ပြီး
ငယ်စဉ်က ဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ ကစားခဲ့ရတဲ့ အဝိုင်းကို စ သတိရမိရင်း ငယ်ပုံရိပ်တွေကို လွမ်းမိ။

နောက်ပြီးတော့ ဝလုံးဝိုင်းဝိုင်းလေးတွေ ရေးခဲ့ရတဲ့ ကလေးဘဝ ကျောင်းတက်ခဲ့ရတဲ့ အချိန်လေးတွေကိုလည်း မှတ်မိသလောက် ပြန်လွမ်းမိ။

ဟော. . .အခုချိန်မှာ လိုအပ်နေတဲ့ အဝိုင်း ငွေဆိုသော ပိုက်ဆံကိုလည်း ထပ်တွေးမိတယ်။ အဝိုင်းတွေ အဝိုင်းတွေ စိတ်ကူးထဲမှာ . . .

အဝိုင်းလည်တာ ကြည့်ရင်း အဝိုင်းတွေ အကြောင်း စဉ်းစား ဆင်ခြင်နေမိလိုက်တာ . .. . .နောက်ဆုံးတော့ အတွေးတွေကို မနည်း ဘရိတ်ဖမ်းလိုက်ရတယ်။

မဟုတ်ရင် ကမ္ဘာကြီးက အဝိုင်း သံသရာက လည်နေတာ စက်ဝိုင်း ဘာဝိုင်း ညာဝိုင်းနဲ့ တစ်ခါထဲ တောထွက်မိ သွားမှာစိုးလို့ . . . . သြော် အဝိုင်း အဝိုင်း အဝိုင်း ဆိုပြီး ခေါင်းစဉ်တပ် ရေရွတ်လိုက်မိတာရယ်ပါ။

@masterinnwa
MSC-253

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61451.22
ETH 2929.56
USDT 1.00
SBD 3.65