Lucky သို့မဟုတ် ကျေးဇူးရှင်လေး

in #myanmar6 years ago

သြော် ဘာလိုလိုနဲ့ Luckyလေး သို့မဟုတ် Baby Luckyလေးတောင်မှ (၁)နှစ်နဲ့ (၁)လကျော်အရွယ် ရောက်လာခဲ့ပြီ . . ။ သူ့ကို ဆိုင်ကနေ စခေါ်လာတုန်းက (၂)လသား အရွယ်ဆိုတော့ ကိုယ် မွေးစားခဲ့တာ (၁)နှစ်ပြည့်တော့မယ် ဆိုပါတော့ . . . .။

အချိန်တွေကလည်း အကုန်မြန်လိုသလိုပင်. . ။ တစ်နှစ်ဆိုတာ ဘာမျှ မကြာလိုက်သလိုပါပဲ. . . သူ့ကို မွေးစားဖို့ ခေါ်လာခဲ့တာ မနေ့တစ်နေ့ကလို ထင်မှတ်နေဆဲ . . . မကြာသေးသလိုပါပဲ . . . .။

စပြီးမွေးစားဖို့ သွားခေါ်တုန်းက ဆိုင်က ကောင်လေးက "အစ်ကိုရေ. . . တစ်ပတ်လောက်တော့ . . .အစ်ကိုတို့ ဒုက္ခခံရအုံးမယ်နော်. . . ခုမှ လှောင်အိမ်ထဲက စခေါ်တာဆိုတော့ . . ဆီးဝမ်းကိစ္စ နေရာပြ လေ့ကျင့်ပေးဖို့တော့ လုပ်ရအုံးမယ် . . .ဒီကောင်တွေက ဥာဏ်ကောင်းပါတယ် . . . နောက်ဆို သူ သွားရမယ့်နေရာလေးကို သူဖာသာ သွားပါတယ် "တဲ့ . . . ။

ဒီလို့ ၂လသား အရွယ် ပိစိညှောင့်တောက် ကောင်လေးကို ခြင်းသေးသေးဘေးထဲ ထည့်ကာ မိုးဖွဲဖွဲကျတဲ့ နေ့ရက်လေးမှာ တောင်ပေါ်မြေကို ခေါ်လာခဲ့တယ် . . . လမ်းတစ်လျှောက် ခြင်းထဲကနေ ခေါင်းလေးထွက် ပြူတစ်ပြူတစ်နဲ့ ပတ်ဝန်းကျင်ကို စပ်စုနေလို့ မိုးမိအအေးပတ်မှာ စိုးရိမ်ကာ စောင်အသေးလေးဖြင့် အပေါ်ကနေ အုပ်မိုးပေးကာ ခေါ်ခဲ့ရတာတွေ . . . ခရီးတစ်ဝက်ကျိုးတော့ သူ အိပ်ပျော်သွားတာတွေ. .!

ဒီလိုနဲ့ ကိုယ်နေတဲ့ နေရာရောက်လာ. . ခြင်းထဲက ထုတ်ပြီး ကြမ်းပေါ်ချပေးလိုက်တော့ အားရဝမ်းသာ ခုန်ပေါက် လမ်းလျှောက်သော်လည်း သူ့ခမျာ လှောင်အိမ်ကျဉ်းလေးထဲမှာ နေခဲ့ရတာ ဖြစ်လေတော့ (၅)လှမ်း လှမ်းပြီး တစ်ခါ ရပ်လိုက် ဝပ်လိုက်နဲ့ လုပ်လုပ်နေလို့ ရယ်လိုက်ရတာ အမော . . . ! တအင့်အင့်က လွဲပြီး အသံလည်း မထွက်တတ် ဝု ဝုတ်ပင် မလုပ်တတ်တဲ့သူ့ကို ကြည့်ကာ ခွေးလေးကော ဟုတ်လား ကြွက်သာသာ ဒီကောင်လေးက ဆိုပြီး ပြောခဲ့ကြရတယ် . . ။

စရောက်ရောက်ချင်းနေ့မှာပဲ သူ့ရဲ့ လိမ္မာသိတတ်မှု ဗီဇကို တအံ့တသြ သိလိုက်ရတော့ ပိုပြီး ခင်တွယ်ချစ်ခင်မိလာရော . . ပထမဆုံးညကပေါ့ ကုတင်ဘေးမှာ နေရာလေးပေး သိပ်ထားလိုက်တော့ ခွေခွေလေး အိပ်နေရှာရင်းကနေ မဟောင်တတ်တဲ့ ပိစိကွေးလေး Baby Luckyက တအင့်အင့်နဲ့ အသံတွေ ထွက်နေပါရော . . .

IMG_20180621_013347_HHT.jpg

"ဘာဖြစ်တာလဲ ကလေး . . . သား Lucky ဘာဖြစ်တာလဲ "လို့ ပြောပြီး ပွတ်ပေးတော့လည်း တအင့်အင့် . . .ဒုက္ခပါပဲ . . . ခက်ပြီ . . .နေရာအပြောင်းအလဲ ရာသီဥတု အပြောင်းအလဲကြောင့်များ နေမကောင်းလို့ အော်နေတာလားပဲ . . . ကိုယ်လည်း ဘာမှ မလုပ်တတ် မကိုင်တတ် တိုင်တော့ပတ်ပြီလို့ တွေးရင်း စိတ်ပူလာ . . . သူကလည်း ကိုယ့်ကို ကြည့်ကြည့်ပြီး မရပ်မနား တအင့်အင့် တအဲအဲ လုပ်နေတာနဲ့ ပွေ့ချီပြီး ပွတ်နေ ဒါလည်း သူက တအင့်အင့်ပဲ . . . !

အာ့နဲ့ ဘာလုပ်ရမှန်း မသိဖြစ် သိတဲ့သူ မေးမှဆိုပြီး ပွေ့ချီကာ ကုတင်ပေါ်က ထလိုက်တော့ သူ လက်ထဲက ဆင်းချင်သလို ရုန်းတယ် . . . ဒါနဲ့ ဘာလဲပေါ့ ဆိုပြီး ကြမ်းပေါ် ချပေးလိုက်တော့ တောက်တောက်နဲ့ မပြေးတတ် ပြေးတတ်လေးနဲ့ အခန်းအပြင်ကို အမြန်ပြေးထွက်သွားပြီး အရှေ့ဟောခန်းကြီးထဲမှာ ကိုယ်တော်ချောလေးက အီးအီးပါလေရဲ့ . . . !

ပြီးတော့ ကိုယ့်ဆီ ပြန်ပြေးလာပြီ အမြီးလေးနှံ့ပြတော့ ကိုယ်လည်း ငုံ့ကာ ချီပြီး ပြန်ပွေ့ခေါ်လိုက်တယ် . . ကိုယ့်လက်ကို သူ့လျှာလေးနဲ့ ပလပ်ပလပ်နဲ့ နမ်းရှုံ့ယက်ပေးနေကော . . .တအင့်အင့် အသံလည်း မထွက်တော့မှ သတိထားမိသွားတာက . . . သူ Ee ပါချင်လို့ ကိုယ့်ကို အသံပေးတာကိုးလို့ . . . တွေးမိလိုက်သလို . . ဟုတ်ပ့မလား ခုမှ လှောင်အိမ်ထဲက ထွက်လာတဲ့ ကောင်လေးက အိပ်ယာပေါ်နဲ့ အိပ်ခန်းထဲမှာ ရှူးမပေါက်ရ Eeမပါရတာကို နားလည်ပ့မလား အာ့လောက် သိပ့မလားလို့ ဇဝေဇဝါ ဖြစ်နေမိပြန် . . ။

ဒါပေမယ့် ကြာကြာ ဇဝေဇဝါ ဖြစ်ချိန်မရပါဘူး ကျေးဇူးရှင်လေးက . . . အာ့ညမှာကို ၁နာရီခြား ၁ခါ . . . ၂ နာရီခြား ၁ခါလောက် တအင့်အင့် တအဲအဲနဲ့ အသံထပေးလိုက် . . . ကိုယ်က ကုတင်ပေါ်ကနေ ချပေးလိုက် သူက တောက်တောက်နဲ့ မပြေးတတ်ပြေးတတ်လေး ပြေးပြီး ရှူးပေါက်လိုက် . . . ဝမ်းသွားလိုက်နဲ့ ပထမညပဲ ၅ခါ ၆ခါလောက် ရှူးပေါက်ဝမ်းသွားပြီး အတည်ပြုလေတော့၏ . . . ။

(နောက်မှ ဆက်ရေးတော့မယ်ဗျို့ . . . . နောက်ကျနေပြီမို့ Thanks)
@masterinnwa
MSC - 253

Sort:  

Lucky လေးနဲ့ အလုပ်ရူပ်နေတယ်ပေါ့လေ 😁

line မကောင်း sorry for late

ခွေလေးက သိတတ်လိမ္မာတာဗျာ

ဟုတ် ပ့ ဦးထွေးရေ

အ​တော်​လိမ္မာပါလား

ဟုတ် ပ့ . . .အံ့သြမိအောင် ပဲ

လက်ကီးလေးက လူထက်တောင်လိမ်မာနေပါ့လားဗျာ။ကျော့်တစ်ကောင်လောက်လေ။

တကောင်ထဲရှိတာပါဆို

သိတတ်​လိမ္မာတဲ့ lucky ​လေး .. ချစ်​စရာ​လေးဗျာ ..

ဒါလေးအဖော်လုပ်နေရတာ

အူအင်း​ခွေး​လေးက လိ​မ္မာချက်

ဟုတ်ပဗျာ

IMG20180619202540.jpg

ဘယ်သူပြိုင်လို့  လှပါနိုင်

အမလေး ဘုန်း လန့် လိုက်တာဘုရား

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62699.43
ETH 2963.61
USDT 1.00
SBD 3.61