Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၂)

in #myanmar6 years ago

ဒီလိုနဲ့ ပထမဆုံးရောက်တဲ့ညမှာပဲ သူ အပေါ့အလေး သွားချင်တိုင်း တအင့်အင့်နဲ့ နှိုးတော့ အိပ်ရေးတွေ ပျက်ပါလေကောပဲ . . တစ်ညလုံးနီးပါး အိပ်ရတယ်မရှိ ဒုက္ခတွေပွား ခက်ပြီကော. . .။

ဘယ်လိုများဖြစ်ပါလိမ့် . . .ကိုရွှေLuckyတစ်ယောက် အမြဲတမ်း ဒီလိုသာ တစ်ည ၅ခါ ၆ခါ ဝမ်းသွားနေရင် ရေရှည်ဆို အိပ်ရေးပျက် အလုပ်ပျက်ဖြစ်ရချည့်ရော . . ဆိုပြီး အာ့ညက တွေးပူစိုးရိမ် မိသေးတယ် ။ နောင်တစ်ချိန်ပြန်တွေးမိမှ သြော် Luckyလေးက ပထမဆုံးနေ့ ပထမဆုံးည စမွေးစားပြီဆိုထဲက အိပ်ယာပေါ် အညစ်အကြေး မစွန်းအောင် နှိုးပ့လား သိတတ်လိမ္မာရှာတဲ့ကလေးပ့လား ဆိုပြီး အချစ်တိုးလာမိခဲ့ရပေါ့ . . . ။

ဒီလိုနဲ့ တစ်ညလုံး အပေါ့အလေး သွားပြီး ကျေးဇူးရှင်လေးက မနက်ကျတော့ အစောကြီးထပြီး လူပေါ်တက် နမ်းပြီးနှိုးနေပြန်သဖြင့် ကိုယ့်မှာ မထချင်ထချင်ဖြင့် ထပြီး "မင်းကလည်းကွာ စောစောစီးစီး ဘာညာ" ပြောပြီး ဆူတော့လည်း ပြူးကြောင်ကြောင်လေးဖြင့် ပြန်ကြည့်နေပြန်သေးတယ် ။ ဒါနဲ့ အေးးး ထပြီကွာ ဆိုပြီး အိပ်ယာသိမ်း မျက်နှာသစ်တော့ သူကလည်း တတောက်တောက်နဲ့ လိုက်လာ ဒါနဲ့ သူ့ကိုလည်း မျက်နှာသစ်ပေးလိုက်တယ် !

IMG_20180627_005155_HHT.jpg

အာ့အကျင့်က အခုထိ မနက် မျက်နှာသစ်တိုင်း သူ့ကို သစ်ပေးနေရတော့တယ်။ ငယ်ငယ်တုန်းကတော့ ပေါင်ပေါ်တင် ချီပြီး သစ်ပေးရတာပေါ့ ။ အခုတော့ ကိုယ် မျက်နှာသစ်ပြီးရင် "ဟျောင့် Lucky လာ မျက်နှာသစ်မယ်"ဆိုရင် လက်နှစ်ချောင်းကို ရှေ့ပစ် ခါးလေး ဆန့်လို့ နောက်ခြေနှစ်ချောင်းကို ဆင်းကာ မျက်နှာလေး ထိုးပေးရှာတယ် ချစ်စရာကောင်းချက် . . .။

(အာ့လိုပဲ ခုချိန်ထိ ပါလာတဲ့ အကျင့် တချို့လည်း ရှိသေးတယ်။ ပြောရင်းနဲ့ ကြုံသလို ရေးသွားပ့မယ်။)ဒီလိုပဲ အမြဲတမ်း ညဆို နှိုးနေရင် ဒုက္ခလို့ အမြဲ လိုက်ထပေးနေရမယ့် ကိုယ့်အတွက်ကို စိုးရိမ်မိသလို သူ့အတွက်လည်း စိတ်ပူရသေးတယ်။ သူတို့လေးတွေက အသက်၆လအတွင်းမှာ ဂရုစိုက်နိုင်မှ အမှားအယွင်းမခံမှ မဟုတ်ရင် ဘဝကူးသွားနိုင်တယ်လို့ သိထားတယ်လေ။

ဒီတော့ ခုလို တစ်ညထဲ ခဏခဏ အပေါ့အလေးသွားနေတာက ရာသီဥတု မကိုက်ညီလို့လား? ဝမ်းလျောဝမ်းပျက်တာလားပေါ့နဲ့ တွေးပြီး တစ်ခုခုဖြစ်သွားမှာ စိုးကြောက်မိခဲ့တယ်။ ဒါပေမယ့် နေရာအကူးအပြောင်းကြောင့် ဖြစ်မယ်ထင်တယ် အာ့ပထမဆုံးတစ်ညပဲ အာ့လို ၅ခါ ၆ခါ အပေါ့အလေးသွားတာ နောက်ပိုင်းကျတော့ မအိပ်ခင် တစ်ခါ နှစ်ခါလောက် သွားပြီးရင် ကိစ္စပြတ်ပြီ တစ်ညလုံး ကျောပြားအောင် အိပ်ရတယ်။

ကံကောင်းတဲ့အချက်တစ်ခု ရှိသေးတယ် . . . မအိပ်ခင်တစ်ခါနှစ်ခါ အပေါ့အလေးသွားတယ်ဆိုတာတောင်မှ အစောပိုင်းရက်လေးပဲ သွားတာ။ ရောက်စကနေစပြီး ဒီအဆောက်အဦထဲမှာ ဘာတွေရှိလည်း သူ စူးစမ်းတယ် ပေစောင်းစောင်းလေးနဲ့ လိုက်လိုက်ကြည့်တယ်။ ဝန်ထမ်းတွေ ၁၅ယောက်လောက်နေတာဆိုတော့ သူ စူးစမ်းလေ့လာလို့ ပိုကောင်းတာလား ဗီဇကိုက သိတတ်မှုအားကောင်းတာလား မသိ. . Luckyလေးက ဘာမှမသင်ပေးရပဲ သိလွယ်တတ်လွယ်ဖြစ်နေတယ်။

ရက်မကြာမှီပဲ အပေါ်ထပ်တစ်ထပ်လုံး သူ နှံ့နှံစပ်စပ် သွားတတ်ပြီးတော့ လူတွေရဲ့အမူအကျင့်တွေကို လေ့လာပြီး သတိထားမိသွားတာလား မသိ . . . အပေါ့အလေး သွားရင် တွေ့ရာနေရာမှာ မသွားတော့ဘူး။ မိန်းကလေးအိမ်သာထဲမှာပဲ သွားတော့တယ်။ အိမ်သာခွက်ထဲတော့ သူ မသွားတတ်ဘူးပေါ့ ရေချိုးခန်းအိမ်သာ သဘောမျိုး ဘေစင်အိမ်သာတွဲလျှက်ဆိုတော့ အိမ်သာရှေ့ခန်း ဘေစင်တွေနားမှာ အပေါ့အလေးသွားရှာတယ်။ တကူးတက ကျုံးစရာ ဆေးစရာ မလို ရေလောင်းရုံပဲဆိုတော့ အဆင်ပြေချက်။ မသင်ပဲနဲ့ အိမ်သာထဲမှာ အပေါ့အလေးသွားရတယ်ဆိုတာ ဘယ်လိုသိလဲတော့ မသိ။ လိုက်ချောင်းသလားပဲ . . . .ကျေးဇူးရှင်လေးက ။

ခုတစ်နှစ်ကျော် အရွယ်မှာတော့ အိမ်သာထဲတောင် မသွားတော့ဘူး။လှေကားလည်း ဆင်းတတ်ပြီးဆိုတော့ မြေကြီးပေါ်ပဲ အပေါ့အလေးစွန့်တော့တယ်။ မိုးသဘ်းထန် ရာသီဥတု ဆိုးလွန်းလို့ သူ ဘယ်လိုမှ မဆင်းရဲတော့မှသာ အပေါ်မှာ သွားတော့တယ် ဒါလည်း မသင်ပဲနဲ့ တတ်တဲ့ သူ့ရဲ့သိတတ်မှု မွေးရကျိုးနပ်မှုတစ်ခုပါပဲ . . . ။ပြီးတော့ မွေးစားမိဘ (သခင်)ကို စောင့်ရှောက်ရမယ်ဆိုတဲ့အသိစိတ်လည်း သူ့မှာ ရှိတယ်။ ရေချိုးခန်း အိမ်သာ ဝင်နေပြီဆိုရင် ရေချိုးခန်းအိမ်သာရှေ့တည့်တည့်ကနေ ငုတ်တုတ် ထိုင်စောင့်နေရှာတယ်။

@masterinnwa
MSC-253

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61185.89
ETH 2933.50
USDT 1.00
SBD 3.68