Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၃)

in #myanmar6 years ago

မနက်မနက်ဆို မျက်နှာသစ်ပြီးရင် ကိုယ် စားဖို့က နောက်မှ သူ စားဖို့က အရင်ပြင်ပေးရတယ် ။ Luckyငယ်ငယ်တုန်းကဆိုရင် ဘာကျွေးကျွေး ကောင်းတာဆို အကုန်စား. . . အသစ်အဆန်းတစ်ခုခုများ ကျွေးလိုက်ရင် ဗိုက်ကယ်ပြီး မလှုပ်နိုင်အောင်ကို စားတော်မူတယ် ကိုယ်တော်ချောလေးက . . ။

မုန့်ဆိုလည်း အစုံ ဝယ်ကျွေး အစုံစားပဲ ။ ရေခဲမုန့်ဆိုလည်း အရမ်းကြိုက်တော်မူတယ်။ မင်းဂွတ်သီး. . ကြက်မောက်သီးလည်း တီးတာပဲ . . . အယ့် သူ မစားတာဆိုလို့ ထန်းလျက်(ထန်းညက်)ပဲ ရှိတယ်။

ထန်းလျက်(ထန်းညက်)များ ကျွေးလိုက်လို့ကတော့ ခေါင်းကို ဘယ်ညာ ပတ်လွှဲနေတာ အနံ့နဲ့တင် သူ တော်တော်မကြိုက်တာ . .။ ပါးစပ်ထဲ အတင်းထိုးထည့် ပေးလိုက်ရင် တထွီးထွီးနဲ့ ပြန်ထွေးလို့ မပြီးနိုင်တဲ့အထိ ထန်းညက်ကို သူ မုန်းတယ် ကျန်တာကတော့ ဘာလာလာ အကုန်ဒေါင်းတယ် . . . ။

ခေါက်ဆွဲကြော်တို့ ကြော်ဇံကြော်တို့ဆိုရင် အရမ်းကြိုက် အရမ်းစားသလို ကန်ဇွန်းရွက်တို့ ဥနီတို့ဆိုလည်း ဆွဲလိုက် စားလိုက်တာပဲ . . . ။ "ပဲ"ဆို ဘာ "ပဲ"လာလာ ပဲဟင်းအိုးနားကကို မခွာဘူး လျှာလေးတပြင်ပြင်နဲ့ . . . မသိရင် ဟင်းအိုးထဲ ခုန်ပစ်ဝင်တော့ မယောင်ယောင် ဇွတ်တရွတ်ကို တောင်းနေတော့တာရယ် . . .။

IMG_20180627_005155_HHT.jpg

ဒါပေမယ့် နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ အစာရွေး လာတယ်။ မုန့်ဆိုလည်း ရွေးစားလာတယ် တွေ့ရာ မစားတော့ဘူး။ ထမင်းစားရင်လည်း ကြက်သားနဲ့ကြက်အသည်းအမြစ်ပဲ စားတော့တယ်။

ဟင်းက ချက်ထားတာဆိုရင် မစားတော့ဘူး။ သူ့အတွက် သီးသန့် ဝယ်ပြီး ကြက်သားပြုတ်ကြော် အသည်းအမြစ် ပြုတ်ကြော် တစ်အိုး လုပ်ပေးထားရတယ် သူက ဟင်းအနှစ်မကြိုက်တော့။

ငယ်ငယ်က ငါး စားပေမယ့် နည်းနည်းကြီးလာထဲက ငါးဆို လုံးလုံးမစားတော့။ ဝက်သားကိုတော့ (ဒုတ်)တုတ်ထိုး ဆိုရင်စားတယ် ချက်ထားတာဆိုရင် မစားတော့ပြန်. . . သူ့ရဲ့အကြိုက်ကို သူ သိလာ တဖြည်းဖြည်း ရွေးချယ်လာတဲ့သဘော ထင်ပါရဲ့ . . . ။

အစုံမစားတော့တာ တစ်ခုတော့ ကောင်းတယ် . . .ငယ်ငယ်ကဆို အစုံစားတော့ ကိုယ်တွေ ထမင်းစားနေရင် ကုတင်ဘေးကနေ ခုန်ခုန်ပြီး တောင်းတာ ကျွေးခိုင်းတာ . . . အခုကျတော့ သူ့ထမင်းပန်းကန်နဲ့ သူပဲ စားတော့တယ် . . . အနှောက်အယှက် မပေးတော့။

ပြီးတော့ Luckyမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တစ်ခု ရှိတယ် . .။ သူတို့ ခွေးမျိုးနွယ်ခွေးနွယ်လေးတွေဟာ ကိုယ့်အစာ လာလုတာမျိုးကိုယ့်အစာကို လာစားတာမျိုးဆို မကြိုက်ကြတာက သဘာဝလေ။ ကိုယ့်အစာလာလုရင် မာန်ဖီ ရန်လုပ် ကိုက်ကြခဲကြနဲ့ ဝုန်းဒိုင်းကျဲ သိမ်းမနိုင် ထိန်းမရ ဖြစ်လေ့ရှိကြတယ်။

IMG_20180630_223345_HHT.jpg

ဒါပေမယ့် Luckyတစ်ကောင်ကတော့ တော်တော်လေးကို ခြားနားတယ် . . . သူ့အမျိုးတွေဆို သူသိပ်ချစ်တာရယ် . . . ငယ်စဉ်အခါ ၄/၅လလောက် အရွယ်ထဲက လှေကားအဆင်းအတက် တောက်တောက်ပြေးတက် တတ်ပြီဆိုထဲက သူနဲ့မျိုးနွယ်တူတွေကို လိုက်မိတ်ဖွဲ့လေ့ရှိတယ်။ သို့ပေမယ့် သူက လုံးလုံးနဲ့ပြေးလိုက် ဟိုအကြီးတွေက မာန်ဖီလိုက် ထွက်ပြေးလိုက်နဲ့ သူ့မှာ အပေါင်းအသင်း မရရှာခဲ့ . . .။

ဒါပေမယ့် တစ်နေ့မှာတော့ . . . . . .

(Baby Luckyအကြောင်း ပျော်သလောက် ဆက်ရေးပ့မည် ဆက်လက်သည်းခံဖတ်ရှုကြပါလို့စ် . . ဟီး)

@masterinnwa
MSC-253

Sort:  

ဟာ အသီးတွေလည်း စားတာပဲလား

ရေး​ပါ ​ရေးပါ ​ပျော်​သ​လောက်​😂

ဟား အားပေးမှတော့ ရေးရအုံးမည်

lucky ရယ် မင်းဘယ်လိုလားကွာ မင်းပုံစံက ခ်ခ်

ဒီကောင်ဒါသက်သက်ကြွားဒါ စောင်ပြောပါတယ်

ဦးအင်းရဲ့ lucky နဲ့ ဦးဇင်းရဲ့ သမီးလေး joly တို့  အကြောင်းပါပေးလိုက်ရင် မကောင်းဘူးလား

အကောင်းဆုံးပေါ့ ဘုရား

Lucky လေး အကြောင်း စိတ်ဝင်စားတယ်ဗျာ ။

ဟုတ်ကဲ့ဗျာ

သမီးရဲ့မောင်လေး mike mike နဲ့ ပေါင်းထားလိုက်လို့ ကတော့လား !

မန်းလေးလာမှ ခနပေါင်းထားကြည့် ဂျွမ်းပြန်ကုန်အောင်

အမ်! နာ့သမီးတွေ ဘယ်အိမ်သွားဖွက်ရပါ့ ဒိုးခဘဲအေ

မသိဘူး lucky နဲ့မိုက်မိုက်ကို ပေါင်းထားမယ်

အော် သံယောဇဉ်တွေပါလား

ခက်ပီ

နာမည်နဲ့လိုက်တဲ့lucky လေးပဲနော်။

မှန်ပါ့

အဲ့ကောင်တွေက အစားလည်း ရွေးတယ်

အလည်လေးပါ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62795.05
ETH 2941.10
USDT 1.00
SBD 3.55