Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၄)

in #myanmar6 years ago (edited)

LUCKYလေးက တစ်ကောင်ထဲနေရပေမယ့် သူ့အမျိုးအနွယ်ဆို သိပ်ချစ်တာရယ် . . . အဆောင်ခြံဝန်းထဲကိုဝင်လာတဲ့ ခွေးကြီးခွေးငယ် အသွယ်သွယ်ကို ပြေးလိုက်ပြီး ခင်မင်ရင်နှီးကြောင်းပြ . . .အပေါင်းအဖေါ်ရှာ အတင်းဝင်ရောလေ့ရှိတယ် . . . .

ဒါပေမယ့် ပုံမှန်ခွေးတို့ရဲ့သဘာဝက သူ့အထာ ကိုယ့်အထာ သူ့ပိုင်နက် ကိုယ့်ပိုင်နက်နဲ့ နေကြတာများသမို့ သူတို့ရဲ့သဘောသဘာဝနဲ့ သိပ်မတူပဲ အတင်းဝင်ရော ပြေးလိုက်နေတဲ့ luckyလေးကို သူတို့စိတ်ထဲမှာ ရန်လိုက်လုပ်တယ်လို့ပဲ မြင်သလားမသိ . . .ထွေးပြေးတဲ့ကောင်တွေကပြေး . . .ဂီးဂဲနဲ့ ပြန်လုပ်တဲ့ကောင်က လုပ်နဲ့ Luckyလေးခမျာ လအတော်ကြာထိ မိတ်ဆွေအပေါင်းအဖေါ် မရရှာပေ !

IMG_20180703_003727_HHT.jpg

ဒါပေမယ့် တစ်နေ့မှာတော့ . . . . .

အိပ်နေတဲ့ ကျနော့်ကို ကုတင်ခြေရင်းကနေ တအင့်အင်တအုအုနဲ့ အတင်းနှိုးနေလို့ . . ."အာကွာ ဘာလဲ သားရယ် . . . နေ့လည်နေ့ခင်း ခဏလောက် အိပ်နေတာကိုကွာ "ဆိုလည်း မရ. . .ဇွတ်အတင်းခေါ်နေလို့ . . .ကုတင်ပေါ်တက်ချင်တာလားဆိုပြီး တင်ပေးတော့လည်း မဟုတ်ပြန် ။ လူပေါ်တက် အတင်းနမ်းပြီး ကုတင်အောက် ခုန်ဆင်း တအင့်အင့် တအုအုနဲ့ ခေါ်နေပြန် . . .ပြီးတော့ အခန်းရှေ့ပြေးထွက် လှည့်ကြည့်ခေါ် . .

ဒါနဲ့ ဘေဘီLucky ထူးခြားနေပ့လား . . .ဘာပါလိမ့်ဆိုပြီး ထကြည့်တော့ သူက ဟောခန်းကို ဖြတ်ပြီး ဘေးလှေကားထိပ်သွားလိုက် . . .ပြန်ပြေးလာလိုက်နဲ့ ဆက်ခေါ်နေလို့ နောက်ကနေ လိုက်သွားတော့ . . . တအံ့တသြ ဖြစ်သွားရတယ် . . . လှေကားထစ်တွေရဲ့ အလယ်မှာ ဗမာခွေးကြီးတစ်ကောင် အကောင်တော်တော်ကြီးတယ် . . . !

ဒါနဲ့ " သားကို ရန်လိုက်လုပ်နေလို့လား . . . အာ့ကောင်က . . .ဟျောင့် သွားသွား " ဆိုပြီး မောင်းထုတ်တော့ . . . လှေကားရင်း ဆင်းသွားရော . . .။ အာ့လိုလည်း မောင်းထုတ်ကော luckyက လူကို အတင်းကုပ်တယ် ပြီးတော့ . . . လှေကားအောက် ပြေးဆင်းသွားပြီး ခုဏက ဗမာခွေးကြီးကို အတင်းပြေး ပွတ်သပ်ပြလိုက် . . . အပေါ်မော့ပြီး ကျနော့်ကို တအုအုနဲ့ ပြောလိုက် လုပ်ပြနေကော . . . ။

အာ့နဲ့ တအံ့တသြဖြစ်သွားပြီးမှ "aww ငါ့သား သူငယ်ချင်း ရလာတာလား . . . အင်းးအင်းး အပေါ်ခေါ်ခဲ့လေ . . ."ဆိုတော့ တအင့်အင့် တအုအုနဲ့ ဘာတွေပြန်ပြောနေမှန်းမသိ . . . ဒါနဲ့ ကိုယ်လည်း နားမလည်မို့ နေပ့စေဆိုပြီး ထားခဲ့လိုက်တယ် . . . ကိုက်မနေကြနဲ့အုံး . . . ဗမာခွေးကြီးကိုလည်း "ဟိုကောင်နော် မင်းက အကြီး . . ညီလေးကို အနိုင်မကျင့်နဲ့ ဘာနဲ့" ဆိုပြီး သူ နားလည်လား မလည်လား မသိ ခပ်တည်တည် မှာကြာပြီး ကုတင်ပေါ်ပြန်သွား အိပ်နေလိုက်တယ် . . .

ဒါပေမယ့် ခဏကြာတော့ ကျေးဇူးရှင်ဘေဘီLuckyလေးက ကုတင်ခြေရင်းကနေ အတင်းခေါ် နှိုးနေပြန်ကော . . . "ဘာလဲကွာ သားရာ. . အဖေ မအိပ်ရတော့ဘူး . , ဘယ်လိုဖြစ်နေတာလဲ"လို့ ဆူလိုက်တော့ အခန်းပေါက်ကို ပြေးသွားပြန်တယ် . . . ကြည့်လိုက်တောါ အခန်းပေါက်ဝမှာ ဗမာခွေးကြီးက တောင့်တောင့်ကြီး ရပ် လို့ . . !

ဒါနဲ့ " သြော် သူငယ်ချင်း အပေါ်ပါလာတာ ပြတာလား . . . အေးး ဆော့ကြ လျှောက်မဖွကြနဲ့ " ဆိုပြီး ထိုင်ကြည့်နေတော့ Luckyက တအုအု တအင့်အင့်နဲ့ ဘာတွေ ပြန်ပြောမှန်းမသိ . . . ကိုယ့်မှာက သူ့စကား နားမလည်တော့ တိုင်ပတ်. . . ။ ဒါနဲ့ "ကဲ ငါ့သားရယ် ဘာဖြစ်ချင်နေတာလဲ. . . ? မင်းပြောတာ ငါ နားမလည်ဘူးဟ . . ."ဆိုပြီး ဆူဆူဆောင့်ဆောင့် ပြောလိုက်ရတယ် . . . ။

ဒါလည်း ကျေးဇူးရှင်လေးက အင့်အု လုပ်နေတုန်းပဲ . . . တော်တော်ခက်တဲ့ကောင် လို့ တွေးရင်း သူတို့နှစ်ကောင်နား ထသွားလိုက်တော့ . . . Luckyက ဝမ်းသာအားရ အမြီးလေးနှံ့ပြတယ် . . . ပြီးတော့ သူ့ရဲ့ထမင်းပန်းကန်လေးကို ပါးစပ်အတင်းထိုးထိုး ရွှေ့ပြတယ် . . အာ့တော့မှ .သြော် သူ ဗိုက်ဆာလို့ ထမင်းကျွေးခိုင်းနေတာကိုး လို့ သိလိုက်တယ် . . .

ထမင်းတွေ ဘာတွေ ခူးပြီး ကျွေးရင်း အစာလုမှာစိုးလို့ ဘေးမှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ ဗမာခွေးကြီးကို "မင်းက နေအုံး ညီလေး စားပ့စေအုံး . . မင်းကို ငါက ဘယ်ထဲထည့်ကျွေးရမှန်း မသိသေးဘူး " ဆိုပြီး ပြောထားလိုက်တယ် သူ နားလည်တာ မလည်တာ သူ့ကိစ္စလေ . . .ပြောရမှာ ကိုယ့်တာဝန်ပဲလေနော့ . . .ဟီးး

ဒါပေမယ့် အရမ်းအံ့သြစရာကောင်းတာက ဘေဘီLuckyတစ်ယောက် သူ့ထမင်းပန်းကန်ကို မစားဘဲ ပါးစပ်နဲ့တွန်းတွန်းပြီး ဗမာခွေးကြီးရှေ့ကို ရွှေ့ပေးနေတာပဲ . . . ကြည့်နေရင် တအံ့တသြဖြစ်သွားရပြန်တယ် . . . ဘာလဲဟ . . . ဘေဘီLucky ဘာလုပ်တာလဲပဲ. . ဆိုပြီး ထိုင်ကြည့်နေလိုက်မိတယ် . . . ထမင်းပန်းကန် ဗမာခွေးကြီးရှေ့ ရောက်သွားတော့မှ ကျေးဇူးရှင်လေးက ကိုယ့်အပေါ်ပြေးတက်ပြီး အတင်းဖက်နမ်း အားရဝမ်းသာ ဖြစ်နေတဲ့ဟန် ပြတယ် . . .

ဗမာခွေးကြီးက LUCKYရဲ့ ထမင်းပန်းကန်ထဲက ထမင်းတွေကို စားလိုက်တာမှ အားရပါးရ. . . ဒါကို luckyလေးက ကိုယ့်အပေါ်ကနေ အားရဝမ်းသာ ကြည့် အမြီးတလှုပ်လှုပ် ပါးစပ် တဖြဲဖြဲနဲ့ . . . ဖြစ်နေလေရဲ့ . . . !ဒီတော့မှ. . သြော် သူ့သူငယ်ချင်း သူ့အမျိုးကို သိပ်ချစ်ပ့လား . . . အစာလုဖို့နေနေသာသာ သူစားမယ့်ထမင်းတောင် ခေါ်ကျွေးရှာပ့လားး စိတ်ထားကောင်းလိုက်တဲ့ ငါ့သားလေး ဆိုပြီး ပီတိဖြာဝမ်းသာမိလေရဲ့ . . . ။

@masterinnwa
MSC-253

Sort:  

ဘာသာပြန်နဲ့ဆိုတော့ ဖတ်ရတာကောင်းပ 😁

Lucky ​လေးက စိတ်​ထား​ကောင်းလှချည်​လား

လိမ်မာလို့ ပိုချစ်နေရတာ

ဈေးဦးဖောက်ကောင်းတဲ့ မောင်လပ်ကီး

ဟုတ်ပါ့အန်တီ

အမွှေစိန်ပြောလဲ ပြောစရာ ချိတက်ရယ်

သူဟာနဲ့သူတော့ ဟုတ်နေတာ

ဒန် တန့် တန် ချိတက်မိပီ မောင်လပ်ကီး ဟုပေါင် မာမီအင်း

တိန်!

လာပီလာပီ ဒေါ်သက်ရီ

ခလုတ်တိုက်မယ် ဖြေးဖြေးဟ

aww Lucky Lucky လပ်ကီးဆိုတဲ့အတိုင်း လပ်ကီးပါလားနော်

ဟား ဟား

lucky ကောင်းတော့ ချီးတတ်နင်းမိပြီ

ချီးပျော်သော Gဖြစ်နေပါပေါ့လားအေ copyလည်း ဟုတ်ဘဲနဲ့

ခေးလေးက စိတ်ထားကောင်းတယ်နော်😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94