မတည်မြဲသော

in #myanmar6 years ago

လောကမှာ ဘယ်အရာမှ မမြဲ။ မမြဲခြင်းတရားသည်သာ မြဲ၏တဲ့။ သြော် အရာရာဟာ အနိစ္စသဘော သင်္ခါရသဘောချည့်ပဲ။

ဟာ ဦးအင်း တရားပေါက်သွားတာလားလို့ မထင်လင့် ! မထင်သင့်ပေ! အမှားကြီး မှားပေလိမ့်မည်။
မမြဲခြင်းတရားတွေ ပြောမိ ဆင်ခြင်မိနေတာက ဒီလို. . . .

ယနေ့ညနေ တောင်ထိပ်ထက်ကနေ ရှု့ခင်းတွေကြည့်နေရင်း သဘာဝတရားကြီးက လှလိုက်တာ ခမ်းနားလိုက်တာနဲ့ ခံစားနေရင်း နေဝင်ချိန်ဆည်းဆာအလှ ဓါတ်ပုံရိုက်မယ်ပေါ့ ထိုင်စောင့်နေလိုက်တာ။

အချိန်တွေလည်း တော်တော်ကြာပေါ့။ ထိုစဉ်အခါမှာပဲ တဖျစ်ဖျစ် တဖေါက်ဖေါက်အသံတွေ ကြားရလို့ သေချာကြည့်လိုက်တော့ မီးခိုးတွေအူထွက်လာနေတဲ့ တောင်ကြောကို မြင်လိုက်တော့ အံ့သြသွားမိတယ်။

image

ဒါ . . ဒါ. . တောမီးလောင်နေတာပဲ။ဟာ ခုဏကပဲ ရှုခင်းတွေ စိမ်းလန်းပြီး သဘာဝတရားကြီးက လှလိုက်တာလို့ တွေးရင်းစိတ်မှာ သာယာနေမိသေးတာ။ အခုကျတော့ မီးခိုးတအူအူ မီးတောက်တွေ အလျှံညီးညီးပါ့လားနော်ဆိုပြီး တွေးမိပြီး ခုလို မမြဲခြင်းတရားကို ဆင်ခြင်နေမိတာရယ်ပါ။

သြော် မတည်မြဲသောအရာတွေချည့်ပါပဲလား လောကရယ်။ မတည်မြဲသော သဘာဝ။ မတည်မြဲသော အလှ အရာရာ အနိစ္စ သင်္ခါရ မမြဲသောတရားတွေပါ့လား။

@masterinnwa
MSC-253

Sort:  

ဘယ်အရာမှမတည်မြဲတာပါလားဗျာ
အလှအပဆိုတာလည်း ခဏတာပဲပေါ့
ဖြစ်ပြီးရင်ပျက်တယ်။
အယ်လည် ကျနော်တောင် တရားပေါက်လာပြီဦးရေ ဟီး😁😁

အနိစ္စ ဒုက္ခ အနတ္တ
မမြဲပါလားနော် မမြဲဘူး မမြဲဘူး
သင်္ခါရတရားတွေ

မမြဲဘူး မမြဲဘူးဆိုပေမယ့် ခါးဝတ်ပုဆိုးတော့ မြဲပါနော် ကိုကို

မမြဲတာကို အမြဲသိမ​နေနိုင်​​ပေမယ့်​ အသိမြဲဖို့ လိုတယ်​မဟုတ်​ပါလား ဦးအင်း​ရေ ..

ဟုတ်ဗျာ။ အသိနဲ့သတိ မြဲမှ ဘဝတန်ဖိုး ရှိမှာ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 63041.44
ETH 2985.81
USDT 1.00
SBD 3.61