သင်္ကြန်အကြိုနေ့ ဖြတ်သန်းပုံ အမှတ်တရ

in #myanmar6 years ago

သင်္ကြန်အကြိုနေ့ ဖြတ်သန်းပုံ အမှတ်တရ

သြော် ဘာလိုလိုနဲ့ သင်္ကြန် သင်္ကြန်နဲ့ မရောက်ခင် လအတန်ကြာထဲက မျှော်တဲ့သူက မျှော်ကြ ၊ ပျော်တဲ့သူက ပျော်ကြနဲ့ . . . သာသနာ့ဘောင်မှာ တရားရှာ ရိပ်သာဝင်ကြမယ့်သူများကလည်း ပြင်ကြ ဆင်ကြနဲ့ စောင့်စားခဲ့ကြတာမှာ ဒီနေ့တော့ အကြိုနေ့တစ်ရက်တောင် ပြီးပါပေါ့လား ?

လူတိုင်း လူတိုင်းက သူတို့ အစီအစဉ်Planတွေနဲ့ ဒီနေ့မှာ ပျော်ကြသလို ကျနော်ဦးအင်း လည်း ကိုယ့်Planအစီအစဉ် အတိုင်း ဖြတ်သန်းခဲ့ ဖြစ်တယ် ဒီအကြိုနေ့လေးကို။

ဒီသင်္ကြန်အတွက် လွန်ခဲ့တဲ့ရက်ပိုင်းထဲက သေချာ Planချအစီဆွဲ ပြင်ဆင်ပြီးသားဆိုတော့ အားလုံး Okမှာစိုပြေတယ် ။ မျှော်လင့်ထားတဲ့အတိုင်း အခက်အခဲ အမှားအယွင်း လုံးဝ မရှိ ။ ပျော်ရွှင်ချမ်းမြေ့ ဖွယ် အတိနဲ့ပဲ သင်္ကြန်အကြိုနေ့ကို ဖြတ်သန်းနိုင်ခဲ့တယ်။

ဟုတ်တယ်လေ. . . ဘာတွေကိုများ ခက်ခဲစေမှာလည်း
ဒီသင်္ကြန်အတွက် အကြော်အလှော်တွေ စားစရာ အခြောက်အခြမ်းတွေ လွန်ခဲ့တဲ့ တစ်ပတ်ထဲက ကြိုတင်ပြင်ဆင် လုပ်ခဲ့တာပဲလေ။ အာ့အတွက် ဒီအကြိုနေ့မှာ သာသာယာယာပဲ။

image

မနက် ၉နာရီကျော်လောက် အိပ်ယာ ထ။ မျက်နှာသစ်ဘာညာ နေ့စဉ်ကိစ္စ ပြု ။ ပြီးတော့ ညက ကျန်တဲ့ထမင်းနဲ့ သင်္ကြန်ရက်အတွင်း စားဖို့ ကြိုတင် လုပ်ထားတဲ့ အကြော်အလှော်တွေနဲ့ အဝဆွဲပ့လိုက်တယ်။

အာ့လို အဝဆွဲပြီးမှ ဘာလုပ်လည်းဆိုတော့ ကြိုတင်စဉ်းစားထားတဲ့အတိုင်းပဲ လုပ်လိုက်တာပေါ့။
ဘာလုပ်တယ် မှတ်လဲ . . . သာသာယာယာပဲ ကုတင်ပေါ်ပြန်လှဲ အိပ်ပ့လိုက်တာလေ ဟင်းးဟင်းးး။

တစ်ရေးပြန်နိုးတော့ နာရီကြည့် ။ မနေ့က ဝယ်ထားတဲ့ အသီးအရွက်လေးတွေနဲ့ ဟင်းရည်သောက်လေး လုပ်။
ဒါမှ အူစိုမှာလေ မဟုတ်ရင် အကြော်အလှော်တွေနဲ့ချည့်ဆို ဘယ်နိပ်ပ့မလဲနော့။

ဟင်းရည်အိုး တည်ထားတုန်း ရေပြေး ချိုးလိုက်သေးတယ်။ အချိန်ရှိခိုက် လုံ့လစိုက် ရမယ်လေ။ အချိန်ရဲ့တန်ဖိုး နားလည်စွာနဲ့ နှစ်လုပ် တစ်ပြိုင်ထဲ လုပ်ပ့လိုက်တယ်။

ဟော. . ဟင်းအိုး.ကျက်ပြီဆိုတော့ ဟင်းရည်ပူပူလေးနဲ့ အကြော်အလှော်လေးနဲ့ ထမင်းလွေးပြီလေ။ အားပါးတရ အသားကုန် လွေးထားမှ ဒါမှ နောက်planကို doနေတုန်း ဝမ်းထဲ ဟာတာတာ ဖြစ်မနေမှာလေ။

ကဲ . . .စားပြီးသောက်ပြီးတော့ နောက်အစီအစဉ်အရ
ထမင်းလုံးစီ မှိန်းပြီလေ ။ ခုလို ဗိုက်တင်းနေတုန်း ထမင်းလုံးစီ မှိန်းနေရတာ တကယ့်ဖီးလ် အကြီးစားကြီး။
အာ့ကြောင့် ထမင်းကို အဝတီးထားတာ။ ထမင်းမဝဘဲ ခုလိုမှိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်ဟုတ်။

မှိန်းရင်း မှိန်းရင်း ဘယ်လိုကနေ ဘယ်လိုအိပ်ပျော်သွားလဲ မသိဘူး ခုဏကပဲ ပြန်နိုးတယ်။ နည်းနည်းတောင် နောက်ကျနေပြီ သင်္ကြန်အကြိုနေ့ည မအိပ်ခင်မှာ ပြုလုပ်ရအုံးမယ့် ညနေစာ ချက်ပြုတ် စားသောက်မယ့် plan လေ။ မအိပ်ခင် runအုံးမှဆိုပြီး ချက်ပြုတ်နေရင်း steemitမှာ ယခုလို သင်္ကြန်အကြိုနေ့ ဖြတ်သန်းပုံ အတွေ့အကြုံလေး လာမျှဝေတာပါဗျို့။

MSC-253
@masterinnwa

Sort:  

Fun and colorful photo.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61367.99
ETH 2929.04
USDT 1.00
SBD 3.67