ချစ်​ခင်​တွယ်​ငြိမှု သံ​ယောဇဉ်​ . . . . .

in #myanmar6 years ago

ချစ်​ခင်​တွယ်​ငြိမှု သံ​ယောဇဉ်​ . . . . .

သံ​ယောဇဉ်​ . . .သံ​ယောဇဉ်​ . . . ဟူး တကယ်​ မလွယ်​ပ့လား. . . သံ​ယောဇဉ်​ . . .။

မိဘ ညီအစ်​ကို ​မောင်​နှမ ချစ်​သူရည်းစား မိတ်​​ဆွေ သူငယ်​ချင်း အ​ပေါင်းအသင်း​ရောင်းရင်း . . . စသည်​ စသည်​ တို့အ​ပေါ် ချစ်​ခင်​မှု​မေတ္တာ​တွေ ​နှောင်​ဖွဲ့မှု သံ​ယောဇဉ်​​တွေနဲ့ ဘဝမှာ ​နေ​ပျော်​ကြ၊ ​ပူပန်ကြ။ စိတ်​ညစ်​ကြ၊ ​ပျော်​ရွှင်​ကြရ ​သြော်​ သတ္တ​လောက လူ့ဘဝ . . . ။

တွယ်​ငြိမှုသံ​ယောဇဉ်​​တွေ​ကြောင့်​ အချစ်​​တွေ ပွားကြ ၊ စိတ်​ချမ်းသာကြရသလို တွယ်​ငြိမှုသံ​ယောဇဉ်​​တွေ​ကြောင့်​ပဲ စိတ်​​တွေဆင်းရဲရ ​သောကပင်​လယ်​​ဝေရနဲ့ . . သံသရာ ဝဲဂယက်​ထဲမှာ သက်​ရှိ​တွေ ​မျောချင်​တိုင်း ​မျော​နေကြရ​လေသည်​။

ယခုလည်း ကြည့်​​လေ. . . မိဘ​ဆွေမျိုး ညီကို​မောင်​နှမ ချစ်​သူရည်းစားစ​သူတို့အ​ပေါ်ထား​သော လူအချင်းချင်း သံ​ယောဉ်​ဇဉ်​ အသာထား. . . . ၂လသားကေ​န ​မွေးလာတာ ​ခွေး​ပေါက်​စ​လေး တစ်​​ကောင်​အတွက်​ ကိုယ့်​မှာ တိုင်​​တွေပတ်​လို့။

IMG_20180509_180431.jpg

စပြီး​မွေးစားမယ်​ ကြံလိုက်​တာနဲ့ သူ့အတွက်​ နာမည်​ကြို စဉ်းစားရ ။ သူ့အတွက်​ ကြိုပြင်​ဆင်​ရနဲ့ အလုပ်​​တွေ စတင်​ ရှုပ်​ခဲ့တဲ့ အရှုပ်​က ခုထိ မဆုံးနိုင်​​။ Luckyလို့ အမည်​​ပေးပြီး ​လှောင်​အိမ်​ထဲက​နေ ​ကိုယ့်​ဆီ ​ခေါ်ခဲ့ရသည့်​​နေ့မှစ၍ သံ​ယောဇဉ်​တွယ်​ငြိပြီး တစ်​​နေ့ထက်​ တစ်​​နေ့ ချစ်​ခင်တွယ်​တာ လာခဲ့ရပုံများက​တော့. . .

ကြက်​သားနဲ့အသဲအမြစ်​ကိုပဲ အဓိကထား ထမင်းနဲ့စားတဲ့ သူ့အတွက်​ ကြက်​သားဆိုလည်း အရိုး​လေး မပါ​အောင်​ ​သေချာ​ကျွေးရ ၊ အသည်းအမြစ်​ဆိုလည်း တကူးတက မှာယူ ချက်​ပြုတ်​​ကျွေးရနဲ့ ။

IMG_20180409_000745.jpg

ဟော. . . ကိုယ်​​တော်​​ချော​လေးရဲ့ကိုယ်​သင်းရနံ့ သင်းပျံ့ဖို့အတွက်​ ရက်​ခြား ပုံမှန်​​ရေချိုး​ပေးရ . . . ​ရေချိုး​ပေးပြီး ပြန်​ရင်​လည်း မပြီး​သေး။ သူ့ရဲ့အ​မွှေးထူထူ​လေး​တွေ​ကြောင့်​ ​ရေ မ​ခြောက်​ အ​အေးပတ်​မှာစိုးလို့ အဝတ်​န့​သောချာသုတ်​ ​လေမှုတ်​စက်​နဲ့ ​သေချာ ​ရေ​ခြောက်​​အောင်​ မှုတ်​​ပေးရ။ပြီးရင်​ အနံ့​လေး​မွှေး သန်း​ကပ်​ပါး ​ဝေး​အောင်​ တစ်​ကုယ်​လုံး အနှံ့ ​ပေါင်​ဒါမှုန့်​​လေး ဖြူး​ပေးရ။

ညဆိုလည်း ကုတင်​​ပေါ်မှ တက်​အိပ်​ချင်​တဲ့သူ့အတွက်​ ကိုယ့်​ရဲ့တစ်​​ယောက်​အိပ်​ကုတင်​​ပေါ်မှာ သူ့အတွက်​ ​နေရာ​ပေးရပြန်​။ ကိုယ်​​တော်​​ချောက အိပ်​​နေရင်းများ ​ရေဆာရင်​ ထ​မ​သောက်​ဘူး . . . လျှာ​လေးပဲ ပလပ်​ ပလပ်​နဲ့ သလပ်​ပြတာရယ်​။ ဒီ​တော့ ကိုယ်​က အလိုက်​တသိ လက်​ခုပ်​ထဲ ​ရေထည့်​ကာ တိုက်​​ပေးရ အမယ်​​လေးး သံ​ယောဇဉ်​​တွေ. . .သံ​ယောဇဉ်​​တွေများလို့ တိုင်​ပတ်​ရပုံများ ​​ . အာ့သလိုပါဆို ။

ကာကွယ်​​ဆေးဆိုလည်း ​ပြေးထိုးရ ။ တစ်​​ယောက်​​ယောက်​ကိုများ လိုက်​ဆွဲရင်​လည်း ကိုယ့်​မှာ ​တောင်းပန်​ရ မျက်​နှာ​အောက်​ကျို့ရနဲ့ သံ​ယောဇဉ်​အကျိုး အလုပ်​​တွေ တိုးခဲ့ရတယ်​။ သူကလည်း ချစ်​​မွှေးပါချက်​က ကိုယ်​ ရုံးဆင်​ရင်​ ကိုယ့်​အိတ်​​လေးကို သူ မနိုင်​တာ​တောင်​ ကြိုးစက​နေ ဆွဲပြီး အ​ပြေးကြို​ပေးရှာပြန်​​တော့ အ​မော​ပြေရပြန်​။

ဒီ​နေ့လည်း မ​နေ့ညက သူ့အ​ကြောင်း​ပြောရင်း အိပ်​ယာဝင်​ခဲ့။ မနက်​ကျ​တော့ ၆နာရီ​ကျော်​မှာ ​ကျေးဇူးရှင်​က ဇွတ်​အတင်းနှိုး အိပ်​ချင်​မူးတူးနဲ့ ဘာလဲ​ပေါ့ ဘယ့်​နှယ့်​ နှိုး​နေတာလဲ​ပေါ့ ။ " သား . . .ဘာဖြစ်​လို့လဲ"လို့ ​မေးပြီးကာ မှ သတိရ . . . ​သြော်​ . . ညက . . ညက

IMG_20180509_180427.jpg

"မနက်​ဖြန်​ သား​​လေး ​မွေး​နေ့ ၁ နှစ်​ပြည့်​ . . ရုံးက လူ​တွေကို ချက်​ပြုတ်​​ကျွေး​မယ်​ . . .မနက်​အ​စောထ ​ဈေးသွားဝယ်​ရမှာ. . .ငါ့သား​လေး သိလား ? မင်း တစ်​နှစ်​ပြည့်​ပြီကွ . " လို့ ​ပြောထားမိတာ . . အာ့ကို ​ဈေးသွားဖို့ ၆နာရီထဲက ကိုယ်​​တော်​​ချောက ဇွတ်​​နေတာ​လေ။သူ့ကို လတိုင်း ​မွေး​နေ့ လုပ်​​ပေးထား​တော့ ဒင်းက ​မွေး​နေ့လို့ ​ပြောလိုက်​ရင်​ နားလည်​​နေ​တော့တာ . . . ရယ်​။

အာ့နဲ့. . ခုမနက်​ အ​ပြေးအလွှား​ဈေးသွား ရုံးကလူ​တွေကို ​ကျွေးဖို့ ကြက်​တုံယမ်း ချက်​​ဖို့အတွက်​ လိုတာ​တွေ ဝယ်​ရခြမ်းရနဲ့ ကိုယ်​က အလုပ်​ရှုပ်​ . . .သူက​တော့ ​ပျော်​​ပျော်​ကြီး လိုက်​ရှုပ်​လို့​ပေါ့ . . . ။ ပုံမှန်​ဆို ရုံးအလုပ်​က သာသာယာယာ အား​နေပါလျှက်​နဲ့ ​ခွေး​လေးတစ်​​ကောင်​ ​မွေးပြီးတဲ့ သံ​ယောဇဉ်​အကျိုးဆက်​ ယခုလို တိုင်​ပတ်​​နေရတယ်​။

တစ်​ခု​တော့ ​ကောင်းတယ်​ . Lucky​လေးကို ​မွေးမိတာ။ ​သြော်​ ကိုယ်​​တောင်​မှ ကိုယ့်​​သွေးရင်းသားရင်း မဟုတ်​ . . မျိုးနွယ်​တူလည်း မဟုတ်​ပဲ. . .၂လသားက​နေ ၁နှစ်​သားထိပဲ ​မွေးစားရ​သေးတဲ့ Lucky​လေးကို ဒီ​လောက်​ထိ သံ​ယောဇဉ်​တွယ်​ပြီး ချစ်​ခင်​​နေမိတာ . . . ကိုယ့်​ကို ရင်​နှင့်​လွယ်​၍ ​မွေးဖွားခဲ့ရ​သော မိဘနှစ်​ပါးဖြစ်​​သော ကိုယ့်​အ​ဖေနဲ့အ​မေဆို ကိုယ့်​ကို ဘယ်​​လောက်​​တောင်​ ချစ်​ခင်​မလဲ . .သံ​ယောဇဉ်​တွယ်​တာ​နေမလဲ . . နှိုင်းဆ​တွေးကြည့်​လို့​တောင်​ မရပ့လား လို့ အသိအမြင်​ရ​စေခဲ့တယ်​။

ဒီလိုနဲ့. . . Lucky​လေးကို ​မွေးစားပြီး​နောက်​ပိုင်း ကိုယ့်​မှာ သံ​ယောဇဉ်​​တွေ များလာ အလုပ်​​တွေများလာရသလို . . မိဘ​မေတ္တာကိုလည်း ပိုနားလည်​လာ . . မိဘအ​ပေါ်လည်း ပိုသိတတ်​လာခဲ့ရတယ်​ . . .။ သူဟာ ကိုယ့်​ကို သံ​ယောဇဉ်​​နှောင်​ကြိုး တိုး​စေခဲ့သလို မိဘ​မေတ္တာတရားကို နားလည်​သိတတ်​​စေခဲ့သူ ဖြစ်​​နေခဲ့​တော့ သူ့အ​ပေါ်လည်း ​ကျေးဇူးသိတတ်​​သောအားဖြင့်​ ပိုဂရုစိုက်​လာခဲ့ရပြန်​တယ်​။

IMG_20180509_180435.jpg

ဒီလိုနဲ့ တွယ်​ငြိမှု သံ​ယောဇဉ်​​တွေ ဖြတ်​နိုင်​မှ သံသရာမှ လွတ်​​မြောက်​နိုင်​မယ်​ဆိုတာ တရားသ​ဘောအရ သိ​ပေမယ့်​ နားလည်​​ပေမယ့်​ . . . ပုထုဇဉ်​လူသားတစ်​​ယောက်​ပီပီ သံသရာမှ လွတ်​​မြောက်​​​ရေးထက်​ တွယ်​ငြိမှုသံ​ယောဇဉ်​ ​မေတ္တာတရား​တွေနဲ့ ​ပျော်​​ပျော်​ကြီး ​နေသွားချင်​​နေ​သေးတယ်​။ ​သြော်​ ​လောကုတ္တရာဘက်​က ကြည့်​ရင်​ တွယ်​ငြိမှုသံ​ယောဇဉ်​​တွေဟာ အ​မှောင်​ ဆိုရင်​​တောင်​ ​လောကီလူသား တစ်​​ယောက်​ဖြစ်​တဲ့ ကိုယ့်​အတွက်​ သံ​ယောဇဉ်​တွယ်​ငြိချစ်​ခင်​မှုတရား​တွေကိုပဲ အလင်းအဖြစ်​နဲ့ ဇွတ်​မှိတ်​ငြိတွယ်​ . . ချစ်​ခင်​စွဲလန်းရသူ​​တွေနဲ့ . .အနာဂတ်​​နေ့ရက်​ နဲ့ သံသရာမှာ ဆက်​လက်​ ​မျောချင်​မိ​သေး​တော့တယ်​ . . . ။ ခက်​တယ်​ကွယ်​ . . . ။

MSC - 253
@masterinnwa

Sort:  

ကံတော်တော်ကောင်းတဲ့ခွေး။ကောင်းတဲ့သူဆီရောက်တော့ကံကောင်းတာပေါ့နော်။ကံကံ၏အကျိုးပဲ။ခွေးချင်းတောင်မတူဘူးဗျာ။အကောင်လေးတွေချစ်တဲ့သူချင်းဆိုတော့နားလည်တယ်ဦးအင်းရေ။

ဟုတ်​ပ့ဗျာ သူက သာယာ ကိုယ်​က ပင်​ပန်း ဟီး

ချစ်​စရာ​လေးပါလားဗျို့ .. ချစ်​​မွှေးပါတယ်​​နေမှာ ဦးအင်း​ရေ .. ဒီ​ကောင်​​လေး ကံ​ကောင်းတာ​ပေါ့ဗျာ .. တကယ်​ဂရုစိုက်​တဲ့သူနဲ့ ​နေရတာ ..

ဘုန်းကြီးဝတ်လိုက်တော့ lucky လေး သမီးဆီပေးခဲ့လေ ဟီးး

လောကီဘုံမှာ သံ​ယောဇဉ်​​တွေနဲ့ပဲ ​ပျော်​ပါတယ်​ဆို ဟင့်​ . . .​ပေးဘူး​အေ့ ​ပေးဘူးး

ဘုန်းကြီးလည်း ဆတ်တွေ သမင်တွေနဲ့ တောထဲမှာ တရားမရဘဲ သားသမီးရနေတော့တာအေ့

Lucky လေး.....
နာမည်နဲ့ကို လိုက်တယ်။

ဟုတ်​ပ့

ခွေးချင်းတူတူ အော် ဒီခွေးလေးကံကောင်းပါလား

ဟုတ်​ပ့ဗျာ သူက ကံ​ကောင်း ကိုယ်​က ပင်​ပနိးဟ

မိဘမေတ္တာပိုနားလည်လာပြီလား ဦးအင်း

နားလည်​လပြီ တကယ့်​ကို

လောကလူ့ရွာမှာ သံ​ယောဇဉ်​​တွေဖြတ်​ပြီး ဘုန်းကြီး ဝတ်​ပါ​တော့အူးအင်း အသက်​လည်းငယ်​​တော့ဘူး​လေ😂😂

စကီ​လေး​တွေ သနားစရာကွယ်

ကံကောင်းတယ်နော်ခွေးလေးက

လူလည်​ကံ​ကောင်း​လေး

lucky ချစ်စရာလေး..

ဟုတ်​ပ့. . . ချစ်​မဝ​လေး

သံယောဇဉ်ကြိုးက ချည်နှောင်ပီးရင် ဖြတ်ဖို့ခဲယဉ်းလှတယ်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94