နမိတ်ကြီးလေးပါး

in #myanmar6 years ago

284BA790-7A77-45D6-A1A7-718757B5E94E.jpeg

လူတွေက နမိတ်ကြီးလေးပါးကိုမေ့လျော့နေကြသည်။ နမိတ်ကြီးလေးပါးကို သူတို့နဲ့မသက်ဆိုင်သလို တွေးထင်နေကြသည်။ မြတ်စွာဘုရားရှင်တောင် သူအို(the old)၊သူနာ(pain)၊သူသေ(death)၊ရဟန်း(monk)ဆိုတဲ့ နမိတ်ကြီးလေးပါးကိုမြင်ပြီး လူ့ဘောင်ကို စွန့်၍တောထွက်တော်မှုခဲ့သည်မဟုတ်လား။ လူတွေက သူတို့ကသာ သန်တုံး၊မြန်တုံး လို့ထင်နေကြသည်။သူတို့ကသာ မအိုနိုင်သလိုလို ကျန်းမာရေးကောင်းနေသလိုထင်နေကြသည်။

ဘယ်နေ့မှ သေမည်မှန်းမသိလေသောအခါ သေမယ့်ရက်ဆိုသည်မှာ အိမ်မက်ထဲတွင်တောင် ထည့်မက်ကြမည်မဟုတ်ပါ။ လူတွေက ငယ်ရွယ်နေသေးတယ် ကျန်းမာရေးကောင်းနေသေးတဲ့အချိန်မှာ အသက်အရွယ်ကြီး အဘိုးရွယ်အဘွားရွယ်တွေ့ရင်တောင် သံဝေဂမယူနိုင်ဘဲ ကိုယ်နဲ့ပဲမဆိုင်သလိုလိုတွေးထင်မိကြသည်။ကိုယ်ကဘဲ မအိုဆေးစားထားသလို၊ အဘိုးအဘွားရီးတို့ရဲ့ အားအင်ချိနဲ့တာကို သတိထားမိကြရုံထက်ပိုမယ်မထင်ပါ။

ငါတစ်နေ့ ဒီလိုအိုရမှာပါလားဟု ပိုတွေးသင့်သည်။ အဘိုးအဘွားတို့သည် ဘဝ၏ နေ့ဝင်ချိန်နီးကပ်လာခြင်းကြောင့် သံသရာကိုသိမြင်၍ တရားဘာဝနာပွားများနေကြသလို လူငယ်လူလတ်များကို မိမိတို့မအိုသေး၍မဆိုင်သလိုတွေးထင်နေကြသည်။ ထို့အပြင်သူနာသည်လည်းထိုနည်းလည်းကောင်းပင် မိမိမှာ နာမကျန်းမဖြစ်သေး၊ကျန်းမာသေး၍ မိမိမှာ သံသရာနှင့်ဘာမှမဆိုင်၊တရားအလုပ်များနှင့် မဆိုင်ဟုတွေးထင်ကြသည်။

6B3F9810-8495-4AE6-BB9B-84EB84322FFF.jpeg

လူတို့သည် မိမိမှာသေအံ့ဆဲဆဲနာမကျန်းဖြစ်မှသာ သေဘေးကိုမြင်၍ သံသရာကိုမြင်၍ တရားဘာဝနာကိုအပြေးအလွှားအားထုတ်မိကြလိမ့်မည်။ တတိယနမိတ်ကြီးတပါးဖြစ်သည့် သူသေတွင်လည်း မိမိသည် သေဘေးနှင့်အဝေးကြီး၊ မိမိသည် ကွေးသောလန့်မဆန့်မှီ၊ဆန့်သောလက်မကွေးမှီပင်သေဘေးနှင့်ကြုံနိုင်သည်ကိုမေ့လျော့ကာ သေဘေးကို အဝေးကြီးထင်ကြသည်။ လူဆိုသည်ပုထုဇဉ်ဖြစ်သောကြောင့် နောက်ဆုံးနမိတ်ကြီးတစ်ပါးဖြစ်သည့် ရဟန်း(monk)ကိုလည်းဆင်ခြင်မိမည်မထင်ပါ။

တရားသဘောမျက်စိဖြင့်ကြည့်နိုင်မှသာ ဆင်ခြင်နိုင်ပြီး အကျွတ်တရားရနိုင်မည်ဖြစ်သည်။သို့သော် တရားသဘောကို မဆင်ခြင်နိုင်ဘဲ လူ့ဘောင်ကို အဘယ်သို့စွန့်နိုင်မည်နည်း။သို့သော် လူသည် ငယ်ရွယ်လဲ မအိုလိုက်နိုင်ဘဲ နာနိုင်သည်။သေနိုင်သည်။ အိုနာရမည့်အခွင့်အရေးမရဘဲ အချိန်မရွေးသေဆုံးနိုင်ပါသည်။ထို့ကြောင့် နမိတ်ကြီးလေးပါးကို မိမိနှင့်မသက်ဆိုင်သေးစေကာမှု နမိတ်ကြီးလေးပါးကို ဆင်ခြင်သိမြင်နိုင်ကြပါစေဟုတိုက်တွန်းလိုက်ရပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

အနိစ္စတရားကိုလူတိုင်းမလွန်​ဆန်​နိုင်​ပါဘူးရှင်​။

လူတိုင်း တနေ့ဒီလမ်းလျှောက်ရမှာပါ

အလေးထားဆင်ခြင်စရာပေါ့ဗျာ

မှန်ပါတယ်ဗျာ..

သံ​ဝေဂဥာဏ်​ ​တော့၇မှာ​ပေါ့ဗျာ

ဟုတ်ကဲ့ပါ...

ဘုရားအလောင်းသိဒ္ဓတ္တက ငယ်ငယ်ထဲကမမြင်ဘူးတာ ကိုယ်တွေကအမြဲမြင်တွေ့နေရလို့သဝေဂမရနိုင်ဘူးဖြစ်နေသလားပဲ

ဟုတ်ပါတယ်ဗျာ...

ကြည့်တတ်မှ မြင်တာနော်

ဟုတ်ပါတယ်ဗျာ...

နမိတ်မဟုတ်ဘူး နိမိတ်ပါ

ဟုတ်ကဲ့ပါဗျာ နောက်ဆိုဂရုစိုက်ပါ့မယ်...

တရား​ပေါက်​နိုင်​​အောင်​ ကြိုးစားရအူးမယှ်ာ

အလေးထားဆင်ခြင်ရမယ့်အကြောင်းတွေပါ

မှန်ပါတယ်။အလေးထားဆင်ခြင်ရမယ့် တရားသဘောတွေပါ။

ဟုတ်ပါတယ်ဗျာ...

အမှန်​ပါပဲ

ဟုတ်ကဲ့

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85