နှစ်နှစ်ပြည့်တော့မည့် အချစ်များ

in #myanmar6 years ago

8E55BADA-CE74-4782-AD5A-3235ED94178D.jpeg

ကျွန်တော်မောင်တိုးတက် တစ်ယောက် steemit ပေါ်တွင် နှလုံးသားရေးရာများ ရေးခဲလှသည်။တင်ခဲလှသည်။ မိမိလက်တွဲဖော်နှင့်ပက်သက်၍ ခံစား၍သော်လည်းကောင်း၊ ကဗျာဆန်၍သော်လည်းကောင်း လူမှုကွန်ရက်ပေါ်များသို့တင်လေ့မရှိတတ်ခဲ့ပါ။ သို့သော် ယခု သူမ ကျွန်တော့်ဘဝထဲဝင်ရောက်လာခဲ့သည် သို့မဟုတ် ကျွန်တော်မောင်တိုးတက် သူမ၏ဘဝထဲသို့ ဝင်ရောက်ခဲ့သည်မှာ ဘာလိုလိုနှင့် မကြာမှီ နှစ်နှစ်တင်းတင်းပြည့်တော့မည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က ကျွန်တော်က မကွေးတက္ကသိုလ်ကျောင်းသား တတိယနှစ်ကျောင်းသား၊သူက GTU ကျောင်းသူ ဖူးစာကဆုံတွေ့နိုင်ခဲလှသည်။ သူမနှင့် အထက်တန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းတစ်ယောက်နှင့်ဆက်စပ်၍သိရှိခဲ့ကြသော်လည်း ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ပါ။ ကျွန်တော်လည်း သူနှင့်မတွေ့ခင် တော်တော်နှင့်ရီးစားမထားဖြစ်ခဲ့၊ကျောင်းစာ၌သာ အာရုံစိုက်ခဲ့သည်။

9955B1B5-4614-49FB-AE22-A4C6D09CE4E5.jpeg

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ရီးစားမထားဖြစ်ခဲ့သည်မှာ မစွံသောကြောင့်ဖြစ်ဖို့များပါသည်။ဒီလိုနှင့် တစ်ယောက်တည်းဘဝဖြတ်သန်းလာခဲ့ရာ တတိယနှစ်အရောက်တွင် သူနှင့်စတင်ဆုံစည်းခဲ့သည်။ ကျွန်တော် ခင်မင်ရင်းနှီးသည့်သူငယ်ချင်းလည်းဖြစ်၊သူ့သူငယ်ချင်းလည်းဖြစ်သည့် သူငယ်ချင်းထံမှတဆင့်တွေ့ခွင့်ရရန်ကြိုးစားခဲ့သည်။ထို့နောက်တွင် သူ့အား သူ့မွေးနေ့အပြီးတွင် ချစ်ရေးဆိုခဲ့ပြီး တစ်လအကြာတွင် သူနဲ့relationship တစ်ခုထူထောင်နိုင်ခဲ့ကြသည်။

သို့သော် မတူညီသောကျောင်း၊ပတ်ဝန်းကျင်ကြောင့် အခက်အခဲများစွာရင်ဆိုင်ခဲ့ရသည်။ ခက်ခက်ခဲခဲအတူတူကျော်ဖြတ်ခဲ့ကြသည်။ ကျွန်တော် သူ့အပေါ်တွင် အလုံးစုံမကောင်းနိုင်ခဲ့။ပျက်ကွက်မှုများစွာရှိခဲ့သည်။ ကျွန်တော်ကိုယ် ကျွန်တော်လည်းသိပါသည်။ သူလည်း ကျွန်တော့်ထက် နှစ်နှစ်ငယ်သောကြောင့် ကျွန်တော့်အပေါ် နဲနဲလေးဆိုးတာကလွှဲ၍ အရာရာနားလည်ပေးခဲ့သည်။

F49FA67F-AC58-4FBB-8C16-9F950DA5701B.jpeg

သူလဲ ကျွန်တော်နှင့်လက်တွဲရန် ဆုံးဖြတ်ထားသလို ကျွန်တော်လည်းသူ့အပြင်နောက်ထပ်မရှိချင်တော့ပါ။ ကျွန်တော် မည်သို့ပင်ဖြစ်ဖြစ် သူနားလည်လက်ခံကာ ကျွန်တော့်အနားအမြဲရှိနေပေးခဲ့သည်။ မည်သည့်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူမသည် ကျွန်တော့်ကို အမြဲအားပေးလျက်၊ထောက်ခံလျက်ရှိခဲ့သည်။ ထို့ကြောင့် နှစ်နှစ်ကျော်ကြာ သူမ ကျွန်တော့်အပေါ်ထားသည့် ချစ်ခြင်းမေတ္တာကို မြတ်နိုးစွာ ဂုဏ်ပြုရေးသားလိုက်မိပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073

Sort:  

ကာလတာရှည် လက်တွဲမဖြုတ်ဘဲ ပေါင်းဖက်နိုင်ပါစေ။

ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

ချစ်​သူနဲ့​ပေါင်းဖက်​နိုင်​ပါ​စေရှင်​။

ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ ဟီး

ညီလေး pro မန့်မှာ MSC No ပြန်ထည့်လိုက်ပါအုံး မန့်မှာ MSC NO မပါဘူးဖြစ်နေတယ်

အော် ဟုတ်ကဲ့ပါအကို သတိပေးတဲ့အတွက်ကျေးဇူးပါဗျာ

နှစ်ပေါင်းများစွာ လက်တွဲနိုင်ပါစေ

ကျေးဇူးပါဗျာ

ဒါမျိုးတွေ မိမိလက်ခံသည် :-D
ထာဝရပေါင်းဖက်နိုင်ကြပါစေ

ဟီး ကျေးဇူးပါဗျာ...

ကောင်းသားပဲ

ဟုတ်ကဲ့ဗျ...

ပေါင်းဖက်နိုင်ပါစေ

ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ 😁

အယ်လယ် အလန်းပါ့ကော

ဒါမျိုးကျသွက်တယ်ပေါ့ ဟီး 😁

Con con from Fa

😑😑😑 ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86