အာဟာရဓာတ်

in #myanmar5 years ago (edited)

image

အာဟာရဓာတ်

Juntion Center Super market မှာ အာဟာရဓာတ် ဆိုသော စာအုပ်တစ်အုပ်ဝယ်ခဲ့ပါသည်။ စာရေးသူက မင်းကျော်ဝင်း၊ ကျန်းမာရေးနှင့်ပတ် သက်သည့်စာအုပ်များစွာရေးသားနေသူဖြစ်ပါ သည်။ ယခုစာအုပ် အာဟာရဓာတ်မှာ လူတို့စားသောက်လိုက်သည့် အစားအစာများမှာ ရရှိနိုင်သည့် အာဟာရဓာတ်များအကြောင်း အကျယ်တဝင့်ပါဝင်သဖြင့် အိမ်ရှင်လက်စွဲပြုလုပ် ၍ စနစ်တကျ ချက်ပြုတ်စားသောကိကြမည်ဆို လျှင် လူတိုင်းသက်တမ်းစေ့ ကျန်းမာစွာအသက် ရှင်နေထိုင်နိုင်မည် ဆိုသည်ကို သံသယဖြစ်စရာမ လိုအောင်ကောင်းမွန်ပြည့်စုံသောဤစာအုပ်က သက်သေခံနိုင်ပါသည်။ အစားကောင်းစားရလျှင် မိတ်ဆွေများကိုသတိယဟူသကဲ့သို့ စာအုပ် ကောင်း လေးတွေတော့လည်းမနေနိုင်ပြန်ပါ။ ချစ်မိတ်ဆွေများကိုဖတ်စေချင်ပြန်ပါသည်။
ကျွန်တော်တို့စားသမျှအစားအစာတို့တွင် ဗိုက်တာမင်တွေ။ ပရိုတိန်းတွေ၊ကာဗိုဟိုက်ဒြိတ် တွေပါသည်ဟုတော့လူတိုင်းကြားဖူးမည်ထင်ပါ သည်။ သို့သော် ဘယ်အစားအစာတွေမှာ ဘာတွေ ပါသည် ဘယ်လောက်ပမာဏပါသည်။ ဘယ်အစားအစာကိုများများစာသင့်ပြီး ဘယ်အစားအစာကိုဘယ်လောက်ပမာဏစား သင့်သည်ဟု မည်သူမှမသိကြပါ၊ စားကောင်းလျှင်ကြိုက်လျှင် တွယ်ပစ်လိုက် သည် မကြိုက်လျှင်တော့ ဘယ်လောက်ကျန်းမာရေး နှင့်ညီညွတ်ပါသည်ပြောစေကာမူစားချင်မှစား သည် ။ ထို့ကြောင့် မလိုအပ်သော အာဟာရများပို လျှံနေပြီး လိုအပ်သောအာဟာရများချို့တဲ့ကြ၍ ရောဂါဘယများဝင်ရောက်လာတတ်ကြသည်။ စာရေးသူ၏အဆိုအရ မိမိကိုယ်ခန္ဓာကိုယ်တွင် လိုအပ်သောအာဟာရတွေသာ လုံလုံ လောက် လောက်မျှမျှတတ ရရှိနေပါက အမြဲကျန်းမာနေ မည်ဟုဆိုပါသည်။ အသည်းကလပ်စည်း၊ ကျောက်ကပ်ကလပ်စည်း၊ အဆုတ်ကလပ်စည်း၊ နှလုံးကလပ်စည်းစသည်ဖြင့် ခန္ဓာကိုယ်တွင်း ကလပ်စည်းဟူသမျှသည်။ ထိခိုက်မှုရှိသည်နှင့်တပြိုင်နက်သူ့အလိုအလျောက် ပြုပြင်သည့် စနစ်သဘောရှိသည်။ သို့သော် ယင်းသို့ ပျက်စီးချွတ်ယွင်းသွားသောကလပ်စည်း များကိုပြုပြင်နိုင်ရန် အာဟာရဓာတ်များလုံလုံ လောက်လောက်ရရှိရန်လိုအပ်သည်ဟုဆိုပါသည်၊
ဇင့်ဓာတ်၊မဂ္ဂနီစီယမ်ဓာတ်၊ ကယ်လစီယမ်ဓာတ်၊ ဗိုက်တာမင် A,B,C,D,K,B12, အစရှိသည်ဖြင့် ခန္ဓာကိုယ်မှာ လိုအပ်သော ဓာတ်သဘာဝများကို အကျယ်တဝင့်ရေးသားဖေါ်ပြထား သဖြင့်အလွန်ပင် အားကိုးအားထားပြုလောက် သောစာအုပ်တစ်အုပ်ဖြစ်ပါသည်။ မိမိကစာအုပ်ကြော်ငြာပြီးစာအုပ်ရောင်းနေခြင်းမ ဟုတ်ပါ၊၊ ဖတ်စေချင်လွန်းလို့သာ ညွှန်းဆိုလိုက်ရပါသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဝယ် ချင်တာကြာပြီ။ ဘယ်လို ကောင်းလဲ မသိလို့

Posted using Partiko Android

ဝယ်လိုက်တော့

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.14% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28