အကြွေး

in #myanmar5 years ago

image
ကျွန်တော့ဘဝမှာ အကြွေးတင်မှာကိုအလွန်ကြောက်ပါတယ်၊ အကြွေးရှိရင် လက်ရှိစားသောက်နေထိုင်ဖို့အပြင် အတိုးပေးဖို့ အရင်းပြန်ဆပ်ဖို့တွေပါ ဆတိုးပြီးရှာရတာမို့ မရှာနိုင်ပဲ အတိုးဝန်ပိပြီးဒုက္ခရောက်ရမှာကိုစိုးရိမ်တာပါပဲ။ သို့သော်လည်း စီးပွားရှာကြရတဲ့အခါ မလွဲမရှောင်သာ ငွေချေးရတဲ့အခါလည်းရှိတတ်ပါတယ်။ ဒါပေမယ့် ဒါမျိုးကတော့ စီးပွားရေးအတွက်ငွေချေးရတာမို့ သူ့အမြတ်ထဲကသူ့အတိုးရှာပေးရတာဆိုတော့ သိပ်တော့ပြဿနာမရှိလှပါဘူး။ အချို့လူတွေကတော့ စီးပွားရေးအတွက်မဟုတ်ပဲ စားဖို့ငွေချေးယူကြတဲ့သူတွေရှိကြပါတယ်။ စားကြွေးတင်တယ်ခေါ်တာပေါ့။ ဒါမျိုးကဆပ်ဖို့အလွန်ခက်ပါတယ်။ အစကတည်းကစားစရာတောင်မရှိလို့ ငွေချေးယူရ တာဆိုတော့ နောက်ထပ်စားဖို့နဲ့ အကြွေးဆပ်ဖို့အတိုးပေးဖို့ စတာတွေကြောင့် အကြွေးနွမ်နစ်ပြီးဒုက္ခရောက်ကြရတာပါ။ ဒါကြောင့်မို့ ဒီလိုမျိုးအကြွေးတွေမတင်မိအောင်၊ မယူမိအောင် အထူးသတိထားပြီးနေပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးမဟုတ်တဲ့အ လုပ်ကြွေးတွေတင် တာကိုတော့ ဘယ်လိုမှ ရှောင်လွှဲမရပါဘူး၊အဲတာတွေကတော့မြန်မာ့ ဆေးဖက်ဝင်အပင်တွေအကြောင်း ရေးနေရင်းက တစ်ပိုင်းတစ်စနဲ့ရပ်ထားရတာရယ်။ အလွယ်တကူ vote ရစေတဲ့နည်းလမ်း ၁၀၁ မျိုးကိုဆက်ပြီးမရေးနိုင်သေးတာပါပဲ၊ အကြောင်းကတော့ ကွန်ပျူတာက UPS မကောင်းလို့ အသုံးမပြုနိုင်တာပါ၊ ခုတောင်ဖုန်းပေါ် မှာရေးရတာအဆင်မပြေလှပါဘူး။ စာအတိုအရှည်အနေအထားကိုလည်း ခန့်မှန်းရခက်ပါတယ်။ ဘာပဲပြောပြော အကြွေးကတော့အကြွေးပါပဲ၊ အထူးသဖြင့် နည်းလမ်း ၁၀၁ မျိုးကအချို့အသုံးဝင်သေးလို့ ပိုပြီးရေးသင့်တာပါ၊၊ ဒီအကြွေးမျိုးက အတိုးမတက်ဘူးဆိုပေမယ့်လည်း အများအကျိုးနဲ့ပတ်သက်နေတာမို့ ဆက်ဆက်ရေးရဦးမှာပါ။ သိကြတဲ့အတိုင်း Steemit မှာကရပေါက်ရလမ်းတွေနည်းပါး လာတာမို့ လူတွေလည်းအတော်နည်းသွားပြီးမ ရှိတော့သလောက်ပါ၊၊ ပြောရရင်စိုးရိမ်ရေမှတ်ရောက် နေပါပြီ။ အမြန်ဆုံးနည်းလမ်းရှာကြရမှာပါ၊
ခုအချိန်အထိ Trending post တွေမှာ 300$ တွေမြင်နေရသေးတာကြောင့် သူတို့လိုလုပ်နိုင်မလားဆ်ုပြီးလက် မလျော့ချင်သေးပါဘူး။ ဒါပေမယ့် လူများစုက စိတ်ဝင်စားမှုနည်းလာတဲ့အတွက် ကြ်ုးစားအားထုတ်ရတာတော့ ချေကုန်လက်ပမ်း ချင်လာပါပြီ၊
မင်းစိုးနိုင်
MSC-010

Sort:  

ကြွေးတင်​ ရှင်​ဘုရင်​ဆပ်​တဲ့ အာစိ အဟီး

ရှင်ဘုရင်ရှာရတော့မလားမသိ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဟုတ်တယ် ကိုဟင်ပို့စ့် ဖတ်ပြီး ကံစမ်းမဲ နှိုက်နေရသလိုပ

စိတ်ပျက်ပါနဲ့ဂလိုပဲလုပ်ကြတာပေါ့

Posted using Partiko Android

စိတ်မပျက်ပါနဲ့ ဦးမင်း ၊တစ်ယောက် နဲ့ တစ်ယောက် အားပေးရင်း ရေးကြတာပေါ့။

Hf20 နောက်ပိုင်းပိုဆိုးသွားတာပဲ

Posted using Partiko Android

သူတို့က ဘုကြတာ ဦးမင်း ဒီအတိုင်း မတက်ဘူး

Posted using Partiko Android

Bot တွေတော့တွေ့တယ်၊လူတိုင်းတော့မဟုတ်ဘူးထင်တာပဲ

Posted using Partiko Android

ကိုယ့်​အလှည့်​လည်း ​ရောက်​လာ​တော့မှာပါ 😄😄

Posted using Partiko Android

တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည် သို့သော်...ဘယ်နေ့မှန်းအသိ

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.4% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75