အရေးကြီးသောလူ့တန်ဘိုး ၂ ခု

in #myanmar5 years ago (edited)

image

၁.အကျင့်စာရိတ္တ
ယခုခေတ်တွင်အကျင့်စာရိတ္တသည် အလွန်တန်ဘိုး ကြီးမားလှသည်၊ ဆရာအောင်သင်းက အကျင့် စာရိတ္တရောင်းရန်ရှိသည် ဆိုသောဆောင်းပါး တစ် ပုဒ်ရေးခဲ့ဖူးသည်။ တစ်လောကလုံးအကျင့်ပျက်နေသောခေတ်တွင် ကိုယ်ကျင့်သီလသည် ဓနဥစ္စာလိုတန်ဘိုးရှိသည်၊ လုပ်ငန်းရှင်အများစုသည် လူယုံကိုလိုက်ရှာနေ ကြသည်။ ကိုယ့်လုပ်ငန်းကိုလွဲအပ်လုပ်ကိုင် ပေး မည့် လူကိုလိုက်ရှာနေကြသည်။ ယုံကြည်စိတ်ချရမှုအတွက် ငွေတစ်သိန်းနှစ်သိန်း ပိုမိုသုံးစွဲရခြင်းသည် သိန်းပေါင်းများစွာသောငွေ များကိုအကာအကွယ်ပြုပေးပြီးဖြစ်နေသည်ကို သဘောပေါက်ထားကြပြီးဖြစ်သည်။

၂.အပျင်းမထူခြင်း
လူယုံတော့ဖြစ်ပါ၏ အကျင့်စာရိတ္တတော့ကောင်း ပါ၏ ။သို့သော် ဘာတစ်ခုမှမလုပ်ချင်မကိုင်ချင်ပဲ အပျင်းထူနေပါကလည်းမဖြစ်ပါ။လူတစ်ယောက်သည်အလွန်အမင်းကြိုးစားအားထုတ်နေရန်လို အပ်ချင်မှလိုအပ်မည်ဖြစ်သော်လည်း ဘာတစ်ခုမျှ မလုပ်လိုပဲ အပျင်းထူလွန်းသူကိုတော့ လစာပေး ထားရန်မလွယ်ပါ။အလုပ်လုပ်ချင်စိတ်တော့ရှိရ ပါမည်။တကယ်တော့ ထိုနှစ်ရပ်ပြည့်စုံပြီးအလုပ် အကိုင်မရှိသေးဘူးဆိုသူမှာအလွန်ရှားပါလိမ်မည်။
ကျွန်တော်တင်ပြနေသည့် လူတစ်ယောက်အတွက် ပညာရေးအကြောင်းမပါရှိသည်ကိုသတိပြုမိမည်ထင်ပါသည်။ ပညာရေး။ပညာရေးအရည်အချင်းကအရေးမကြီးလို့ပါလား။ မဟုတ်ပါ၊ပညာရေးလည်းကောင်း တက်ကြွသူလည်းဖြစ်လျှင်တော့ လုပ်ငန်းရှင်များ အကြိုက်ဆုံးဖြစ်ပါလိမ့်မည်။ သို့သော် အခြေခံ ကိုယ်ကျင့်ထားရမည့် ကိုယ်ကျင့်တရား ၂ ခုအဖြစ် အကျင့်စာရိတ္တကောင်းခြင်းနှင့်အပျင်းမထူခြင်းက ပို၍အရေးပါလိုအပ်ပါသည်။
သို့အတွက် ညီငယ်ညီမငယ်များကို အထူးပြောလို သည်မှာ အလွန့်အလွန်ရိုးသားပါ၊အပျင်းလည်းမ ထူပါနဲ့ ဒီနှစ်ချက်ပြည့်စုံလျှင် ဥစ္စာဓနများစီးဝင်လာပါလိမ့်မည်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကဲ လူငယ်တွေ ရိုးသားပါ အပျင်းမထူပါနဲ့လို့ တဆင့်ပြောပါရစေ

အမြဲဖတ်ရှုအားနေသောကိုထွေးကြီးအားအထူးကျေးဇူးတင်ပါသည်

Posted using Partiko Android

bro ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကလည်း လူငယ်တွေ ရိုးသားဖို့ မှာသွားပါတယ်။ကျွန်တော် အပါအဝင် မြန်မာ လူငယ် တော်တော် များများ အပျင်းထူကြပါ လိမ့်မယ်။ ရောင့်ရဲနိုင်လွန်းတဲ့ စိတ်ကြောင့် ဆိုရင်တော့ မပြောတတ် ပါဘူး။ ကိုယ် ဝါသနာပါရာ အလုပ်ကို လုပ်ကိုင်နိုင်ခွင့် ရှိပြီး လုပ်လိုက်တဲ့ အလုပ်တိုင်းဟာ မက်မောစရာ မဟုတ်တောင် ကျေနပ်စရာ အကျိုး ရလဒ် တစ်ခုခု ရရှိနေမယ် ဆိုရင်ကော မြန်မာလူငယ်တွေ အပျင်းထူ နေနိုင်ပါ့မလား သံသယ ရှိမိတယ်။

Posted using Partiko Android

အမြင်ကတော့အမျိုးမျိုးပေါ့ တစ်နေ့ကတောင် စာတစ်ခုဖတ်လိုက်ရတယ်။ သိပ္ပံပညာရှင်အ များစုက အပျင်းထူကြတယ်တဲ့။ အလုပ်လုပ်ရ မှာပျင်းလို့စက်ရုပ်တွေတီထွင်ကြတယ်ဆိုတာမျိုးပေါ့ ဒီလိုဆိုတော့လည်းဟုတ်သလိုလို

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97