အင်္ဂလိပ်စာထူးချွန်ကြပါစေ။

in #myanmar6 years ago

image

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ခဏခဏရေးနေလို့ လူကိုလည်းမုန်နေရင်မုန်းနေကြမှာပါ။ သူကရောဘယ်လောက်တတ်လို့လဲ ပြန်မေးချင်ပြောချင်ကြသူလည်းရှိကောင်းရှိမှာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်က အင်္ဂလိပ်စာအရမ်းညံ့တဲ့သူ တစ် ယောက်ပါ။ ဒါပေမယ့် တစ်ခုတော့ ကိုယ့်ဘာသာချီးကြူးရရင် အင်္ဂလိပ်စာတတ်ချင်စိတ်ကတော့ ထိပ်တက်ကပ်နေပြီလို့ တောင်ပြောလို့ရပါတယ်။ အရမ်းတတ်ချင်နေတာပါ။ ဒါပေမယ့် ပြဿနာက မျက်လုံးပါ။ မျက်လုံးက စာတွေကြာကြာကြည့်လို့ မရတော့ပါဘူး။ အရမ်းစပ်နေတာပါ။ ဖုန်းကြည့်တဲ့အကျိုးတွေပေါ့။ သိပါသော်လည်း ဖုန်းကလည်းမကြည့်ပဲမနေနိုင်တော့ပါ ဘူး။အသက်ငယ်သူတွေကတော့ ကိုယ့်လောက်မဆိုးကြသေးဘူးထင်ပါတယ်။ ဒါကြောင့် အချိန်ရှိတုန်းငယ်တုန်းကြိုးစားထား စေချင်တာပါ။

Scholarship လျှောက်ခါနီးမှ အင်္ဂလိပ်စာ Grammer ကို အခြေခံက ပြန်တက်မယ်ဆိုတာတို့၊ အလုပ် Interview ဖြေခါနီးမှ Specking တစ်လပြေးတက်လိုက်မယ်ဆိုတာတို့ ၊အင်္ဂလိပ်စာကို သူငယ်တန်းကနေဘွဲ့ရတဲ့အထိသင်ခဲ့ရပေမယ့် အစကနေ အခြေခံကနေ ပြန်သင်တန်းတက်ချင်တာပါဆိုပြီး တက်လိုက်ရတဲ့သင်တန်းတွေ။ Eight parts of speech ကိုပဲ ဘယ်နှစ်ခါ ဘယ်နှစ်နှစ် ဘယ်နှစ်မိုး ပြန်လေ့လာနေကြမှာလဲ။ ခဏခဏအခြေခံကနေလည်းစမနေစေချင်တော့ပါဘူး ။တော်ရုံအခြေခံ ရှိပြီးသားသူတွေဟာ မိမိဘာသာ အချိန်ဇယားလေးဆွဲပြီး နေ့စဉ်မပျက်မကွက် လေ့လာသွားရင်။တတ်လာကြမယ်လို့ယုံ ကြည်ပါတယ်။ပုံမှန်လုပ်ဖို့ဇွဲကလေးပဲလိုပါတယ်။

“You cannot master a languge overnight” ဆိုတာကို တော့သတိချပ်ပါ။ဘာစကားတစ်ခုကျွမ်းကျင်လာအောင်လုပ်တာ ညတွင်းချင်းထလုပ်လို့လို့ပြီးသွားနိုင်တာမျိုးတော့မဟုတ်ပါဘူး။ “organic nature of a language” ဆိုတဲ့ Idea လေးကို သဘောပေါက်ဖို့လိုပါတယ်။ language ဘာသာစကားတစ်ခုဟာ အစိတ်အပိုင်းလေးတွေအများကြီးနဲ့ ဖွဲစည်းထားတာပါ။ Vocabulary, sentence structures, idioms, phrasal verbs, grammer အရေး အဖတ် နားထောင်ခြင်း အပြောစွမ်းရည်၊ အသံထွက်....စသည့် အုတ်မြစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘာသာစကားတစ်ခုပါ။ အဲဒီအိမ်ကိုဆောက်ဖို့ရာ အဲဒီ ပစ္စည်းတွေလိုအပ်တာပေါ့။ Child language acquisition ကို ပြန်စေ့ငုကြည့်ပါ။ ကလေးတစ်ယောက်ဟာ မွေးဖွားလာတာနဲ့ သူ့ပတ်ဝန်းကျင်မှာ ကြားရတဲ့ ဘာသာစကားမှာ language တစ်ခုမှာ ပါဝင်ဖွဲ့စည်းထားတာတွေ အားလုံး ပါပါတယ်။ဒီနေ့ စနေနေ့မှာတော့ ဒီကလေးကို မိဘတွေက Addjectives တွေပဲရွေးပြီးပြောမယ်။ အနက်ဖြန်ခါမှာ Past perfect tence နဲ့ ဝါကျတွေပဲပြောမယ်....အဲဒီလိုမျိုး လက်တွေ့ဘဝမှာ Child language acquisition မှာမရှိဘူး။ ကိုယ်မြန်မာစကားကို ဘယ်လိုတတ်ခဲ့လဲ တွေးကြည့်ပါ။

ဒါကြောင့် စတင်လေ့လာတဲ့လူငယ်တွေကို Gramer ပဲလေ့လာမယ်ဆိုပြီး Parts of Speech တွေ Tenses တွေချည်းပဲ ခြောက်လတစ်နှစ်လုပ်တမျိုးတွေ....Phrasal verb တွေအရေးကြီးလို့ဆိုပြီး Phrasal verb ရာပေါင်းများစွာကိုပဲ နေ့စဉ် အလွတ်ကျက်တာမျိုးမလုပ်စေချင်ပါ။

Languageတစ်ခုကို Skills တွေအားလုံးတကယ်ကျွမ်းချင်ရင် ....ဒီဘာသာစကား Communicative purposes အတွက် အသုံးချချင်ရင် စတင်လော့ကတည်းက မျှတအောင် လေ့လာတတ်ဖို့လိုပါတယ်။

ဥပမာပေးရရင် အင်္ဂလိပ်လိုပုံပြင်အတိုလေးဖတ်မယ်။ အဲဒီထဲက ဝေါဟာရအသစ်တွေကို Dictionary ထဲမှာရှာမယ်။မှတ်စုစာ အုပ်ထဲမှာ ကူးမယ်။ဖတ်တဲ့အကြေင်းအရာကို ကျိုးကြောင်းဆင်ချင်တွေးကြည့်မယ်။စာရေးသူပေးချင်တဲ့ Message နဲ့ moral lesson ဟာ ဘာလဲဆိုတာကို စဉ်းစားမယ်။စာကိုအသံထွက်ပြီး ထပ်ခါထပ်ခါ ဖတ်မယ်။ ကိုယ်ကြိုက်တဲ့စကားလုံးကို လဲလှယ်အစားထိုးပြီးပြန်သုံးလို့ရမယ့် Recycle လုပ်လို့ရမယ့် ဝါကျတွေ usages တွေကို မှတ်စုစာအုပ်ထဲ ကူးရေးမယ်။ ...အဲဒီနည်းစနစ်ဟာ အိမ်မှာ ဆရာလွတ်အင်္ဂလိပ်စာလေ့လာချင်သူတွေ ကျင့်သုံးသင့်တဲ့နည်းပါ။ဒါဟာ reading... vocabulary ....thinking....specking...writing ...အဲဒီလိုအစီအစဉ်နဲ့ all Skillsတွေအကုန်ပါအောင် တစ်ထိုင်တည်းနဲ့ လေ့လာလေ့ကျင့်ပုံပါ။

ဒီနည်းလမ်းတွေဟာကျွန်တော်လည်းအခုလုပ်နေတဲ့နည်းတွေပါ။ ကိုယ်ဘာသာပြန်တာကို မှန်မမှန် Google translator နဲ့လည်းစမ်းကြည့်ပါတယ်။ တစ်ချို့ကိုယ်သိထားတဲ့ အသုံးအနှုန်းထက်သူကကောင်းနေတာလေးတွေရှိသလို Google translator ကတက်တက်စင်လွဲအောင်ဘာသာပြန်တာတွေလည်းရှိပါတယ်။ ကိုယ်က ဆင်ချင်စဉ်းစားပြီး ဖြည့်စွက်ပြုပြင်ပေး ကြည့်ပါ။ English Skill ကောင်းလာရင် Steemit မှာဘယ်လောက်အကျိုးရှိမယ် ဆိုတာကိုတော့အထူးတလည်ပြောမနေ တော့ပါဘူး။ အားလုံးသိကြမယ်ထင်ပါတယ်။ သို့သော်လည်း English စာဟာ Steemit အတွက်သာမဟုတ်ပဲ။ ကိုယ့်ဘဝ တက်လမ်းတွေနဲ့လည်းအများကြီးသက်ဆိုင်တာပါ။ဒီနေ့ခေတ်မှာ English တတ်တာဟာ အလုံးစုံတတ်သွားတာနဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သိလိုသမျှဟာ Internet web page တွေမှာ ရှာဖွေဖတ်ရှုနိုင်တဲ့ခေတ်ဖြစ်လို့ပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက တကယ်အမြန်တတ်ချင်ရင် ကိုယ်ဘက်ကလည်းလိုချင်လောဘနဲ့ ရူးသွပ်ဖို့တော့လိုပါတယ်။ နေ့စဉ်အိမ်မှာ အင်္ဂလိပ်စာပတ်ဝန်းကျင်လေး မိမိအတွက်ဖန်တီးယူပါ။ အင်္ဂလိပ်စာအုပ်တွေ့သမျှကြိုးစားပြီးလိုက်ဖတ်ပါ။ အင်္ဂလိပ် အသံထွက်ရုပ်ရှင်၊နဲ့သီချင်းတွေများများနားထောင်ပေးကြပါလို့ ပြောကြားရင်း ကိုယ့်စာကို အဆုံးသတ်လိုက်ပါ တယ်။Steemit friend များ အင်္ဂလိပ်စာလေ့လာတိုးတက်လာနိုင်ကပါစေ။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  


Congratulations @minsoenaing!
You raised your level and are now a Minnow!

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

Support SteemitBoard's project! Vote for its witness and get one more award!

Thank you very much steemitboard.

Posted using Partiko Android

ဟုပ်​တယ်​ဆရာလူငယ်​​တွေ အင်္ဂလိပ်​စာတအားလိုလာခဲ့ပြီ

Posted using Partiko Android

သဘောတူရင်စလိုက်ကြစို့

Posted using Partiko Android

English 4 skill လေ့လာမယ် လေ့ကျင်မယ်နဲ့ လက်တွေ့ကို လုပ်အားပါဘူးဗျာ

Posted using Partiko Android

မအားတာတော့မဖြစ်နိုင်ဘူး။မလုပ်ဖြစ်တာနေမှာပါ၊ကိုယ်လည်းဒီလိုပါပဲ Motivation အတင်းလုပ်နေရတာ

Posted using Partiko Android

သူငယ်တန်း ကလေးဒေလို စာအော်ကျက်ရအောင်လည်း မgood
တိုးတိုးတိတ်တိတ် လေ့လာတော့လည်း စိတ်က ဟိုရောက်ဒီရောက်
အာရုံစူးစိုက် ပီး လေ့လာတော့မယ်လို့ တွေးလိုက်တာနဲ့တင် ခေါင်းတွေ ကိုက်လာ ဒီတစ်သက် တော့ E လို တတ်ပါအုံးမလား တွေးမိပြန်

ဗလာစာအုပ်လေးနဲ့ချချရေးပြီးမှတ်စုထုတ်လိုက် မြန်မာလိုကနေအင်္ဂလိပ်လိုလေးပြန်ရေးလိုက် ဖျက်လိုက်ပြင်လိုက် ဒီလိုတေည့သွားရမယ်ထင်တယ်

Posted using Partiko Android

‌လေ့လာလိုက်‌ ရပ်‌လိုက်‌ဆို‌တော့ မထူး ခြားဖြစ်‌‌နေတယ်‌ဦးမင်း‌ရေ။

အတူတူပါပဲ ဒီလိုဖြစ်နေကြတာ စိတ်အားထက်သန်မှု လိုနေတာ တစ်ခါတစ်လေ အမေကကြိမ်လုံးနဲ့တောင် လာဆော်စေချင်တယ်

Posted using Partiko Android

သေချာပါတယ်ဦးမင်း။အင်္ဂလိပ်စာ တစ်လုံးပိုမှတ်မိရင် တစ်ဆင့်တိုးလာတဲ့ ခေတ်လည်းဖြစ်နေပါပြီ။ကျွန်တော်တို့တွေရဲ့ စိတ်အားထက်သန်မှုပဲ လိုအပ်နေတာပါ။ဒီလိုလေ့လာနည်းလေးတွေကို ပိုမိုသိရှိအောင် ပြောပြပေးတာ အရမ်းကောင်းပါတယ်ဦးမင်း။မှတ်သားလိုက်နာပါ့မယ်ခင်ဗျာ။

အင်း...မလုပ်လို့မဖြစ်တော့ လုပ်ကြည့်ကြရအောင်ပါဗျာ

အင်္ဂလိပ်စာတော့ ထိုက်သင့်သလို ရွှီးနိုင်အောင်တော့ လေ့လာထားမှပါ ဆာမင်းစိုးရယ်

သူများသာ အတင်းတိုက်တွန်းနေတာ ကိုယ်လည်းခရီးမရောက်လှပါဘူး

အင်္ဂလိပ်သီချင်းတွေတော့ကြိုးစားနားထောင်ကြည့်ပါ
တယ် ဦးမင်း

အဲတာကောင်းတယ် လိုက်လိုက်ဆို

Posted using Partiko Android

ဟုပ်​တယ်​ ဆရာ အင်္ဂလိပ်​စာတအားလိုလာပြီ​နော်
ဒါ​ပေမဲ့ အသက်​အရွယ်​ကလိုက်​မမှီလို့

ပညာလိုအိုသည်မရှိတဲ့လေ

Posted using Partiko Android

ဟုတ်နည်းလမ်းလေးတွေညွန်ပြပေးလို့ ကျေဇူးပါ ဦးမင်း

တတ်သ၍ မှတ်သ၍ ဆရာလုပ်ကြည့်တာပါ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99