အိမ်ကလေးတစ်လုံး

in #myanmar6 years ago

အိမ်ကလေးတစ်လုံး
image
ယနေ့ခေတ်တွင်လူတိုင်နီးပါး မျှော်လင့်ချက်ကုန်ဆုံးနေသော ကိစ္စတစ်ရပ်ရှိပါသည်။ ယင်းမှာ ကိုယ်ပိုင် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရေးဖြစ်ပါသည်။မိဘစဉ်ဆက်ချမ်းသာသူများအတွက် ပြဿနာမရှိသော်လည်း၊ မိဘက လည်းမချမ်းသာကိုယ်က အောက်ခြေကစတင်ရုန်းကန်ကြိုးစားရသူများ၊ ဝန်ထမ်းများအတွက်မူ ကိုယ်ပိုင်အိမ်က လေး၊ ခြံကလေးနဲ့နေရဖို့ ပိုင်ဆိုင်ရဖို့ဆိုသည်မှာ မလွယ်ကူလှ လစာ ၃ သိန်းလောက်ရရှိသည့် အရာရှိ တစ်ဦး ပင်လျှင် ၁၀ နှစ်လောက် မစားမသောက်၊အဝတ်မဆင်ပဲနေပါမှ သိန်း ၃၆၀ ရမည်။ သို့သော် ဘယ်သူကမစား မသောက် မဝတ်ဆင်ပဲ နေနိုင်ပါမည်နည်း။ ဘယ်သူက အလုပ်ဝင်ဝင်ခြင်း လစာ ၃ သိန်းရရှိနိုင်ပါမည်နည်း။ သို့ပါ၍ ကိုယ်ပိုင် အိမ်ဆိုသည်မှာ မဖြစ်နိုင်တော့သောအရာ။
ကျွန်တော်တို့မိဘများလက်ထက်ဆိုလျှင် လစာကျပ် ၁၁၀ လောက်မျှရရှိသော်လည်း ၃၅၀ လောက်ပဲ ပေးရသော အိမ်ခြံကလေးများကို တစ်နှစ်လောက်အတွင်း ဝယ်ယူနိုင်ခဲ့သည်။မိမိလောက်ပင်ပညာမသင်ကြားခဲ့ရ သော မိဘများသည် အိမ်တစ်လုံးနှင့်နေထိုင်နိုင်ဖို့ အာရုံစားစရာမလိုအပ်ခဲ့ပါ။ သားသမီး (၈)ယောက် (၉)ယောက် လောက်ကိုလည်း ထမင်းမငတ်အောင်ကျွေးမွေးပြုစုနိုင်သေးသည်။ အားလုံးကိုယ်စီ ကျောင်တက်နိုင်အောင် ကျောင်းထားပေးခဲ့သေးသည်။
လွန်ခဲ့သော ၂၅နှစ် လောက်ကနှင့်ယခု သိသိသာသာဘာကြောင့်ကွာခြားသွားရပါသနည်း။ အဖြေရှိပါ သည်။၁၉၉၃ ခု ဇွန် ၂၂ ရက်နေ့တွင်မက်သနော်လ်စက်ရုံ၊ဆိပ်သာရွာ၊ကြံခင်းမြို့နယ်တွင် အလုပ်စဝင်သည်။ လစာ က ၁၂၅၀ ကျပ်။စက်ရုံအနီးဆိပ်သာရွာတွင် ဈေးတန်းလေးရှိသည်။ဝန်ထမ်းများက အဲဒီဈေးတန်းကလေးမှာဈေး ဝယ်ကြသည်။ ထိုအချိန်ကမှတ်မှတ်ရရ ထိုဈေးတန်းကလေးမှာ ရေချိုပုဇွန်ထုတ်များက အလွန်ဈေးချိုသည်။ တစ်ပိဿာလုံးဝယ်မှ ၁၂၅ ကျပ်ပဲရှိသည်။ တစ်ဆယ်သား ကိုတော့ ဆယ့်သုံးကျပ်လောက်ပေးရသည်။ ကျွန်တော့ မိဘနေရပ်ပြည်မြို့တွင်ပင် ၁၅၀ ကျပ်လောက်ပေါက်ဈေးရှိသည်။ဆိုတော့ လစာနည်းပေမယ့် လောက်ငအောင် တော့စားနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဆိပ်သာရွာဆိပ်ကမ်းသို့ရေနံသင်္ဘောများလာကပ်ကြသည်။ ဈေတန်းကို ဆင်း၍ ဈေးဝယ်ကြသည်။ မြို့တိုင်း၊ရွာတိုင်းစိုက်ကပ်လာသော သင်္ဘောသားများက ဆိပ်သာရွာဈေးတန်းတွင် ပုဇွန်ထုပ်များဈေးပေါကြောင်းသိသည်။ ပြီးတော့ သင်္ဘောသားများက ဝန်ထမ်းဆိုသော်လည်း သူများဝန်ထမ်း တွေနဲ့မတူ။ရေနံတွေ ခိုးရောင်းနေကြသဖြင့် သင်္ဘောသားတိုင်းချမ်းသာကြသည်။ သူတို့အဖို့ တစ်ပိဿာ ၁၂၅ ကျပ်သည် အလကားရသကဲ့သို့ဈေးချိုလွန်းသည်။ ထို့ကြောင့် ဈေးတန်းတွင်ရှိသမျှ ပုဇွန်ထုပ်များကို အကုန်သိမ်း ကြုံးဝယ်ကြသည်။ စက်ရုံဝန်ထမ်းတွေဝယ်စားစရာပင်မကျန်အောင်ဝယ်ကြသည်။ ကြာတော့ ပုဇွန်ရှားပါးလာပြီး ဈေးတက်လာတော့သည်။ဘယ်လောက်အထိဈေးတက်သွားသလဲ ဆိုလျှင် ပြည်မြို့ကဈေးနှုန်းထက်ပင် များလာ သည်။
အထက်ပါ အဖြစ်အပျက်ကလေးကိုသုံးသပ်ကြည့်ပါက ကုန်ဈေးနှုန်းတက်ရခြင်းအကြောင်းတရားကို ထင် ရှားစွာ သိမြင်နိုင်မည်ထင်ပါသည်။ ငွေကိုရေလိုသုံးနိုင်သူများ၊ ငွေကိုအလကားလိုလိုရရှိသူများက ထင်သလို ဈေးပေး၍ ဝယ်ယူတတ်ကြသဖြင့် ဈေးကွက်ဝယ်လိုအားများကာ ဈေးတက်ရခြင်းဖြစ်သည်။မြန်မာပြည်၏ အိမ်ခြံ မြေဈေးများမှာ အမေရိကန်ထက်ဈေးများနေသဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများပင်ဝင်မလာ နိုင်အောင်ဖြစ်နေ ရသည်။ အခုတော့ ရေချိုပုဇွန်ထုပ်၊နှင့်အိမ်ခြံမြေသာမဟုတ် အစစအရာရာ ပစ္စည်းအမျိုးအမည်မခွဲခြားပဲ ဈေနှုန်း များမြင့်တက်ခဲ့ရပါပြီ။ မြန်မာပြည်တွင်ငွေကို အလကားရနေသူများမည်မျှများပြားနေသနည်း ။ သူတို့တွေ ဘယ်လိုမဆင်မခြင်သုံးစွဲနေကြပါသလဲ။ဆင်ခြင်တွေးဆကြည့်လျှင်မြင်နိုင်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – google

Sort:  

မြန်မာတွေချမ်းသာချက်ဗျာ...ကားဆိုလဲ သုံးဆနဲ့ဝယ်စီး 😄 အိမ်ခြံမြေဆိုလျှင် ဈေးအကြီးဆုံး😂 အခွန်တွေလဲ နိုင်ငံတကာနဲ့အညီထမ်းနေကြီဘီလေ 🤣ဆျာ

ဟုတ်ပါ့ဗျာ

ရန်​ကုန်​မှာပိုဆိုးတယ်​။အိမ်​ငှား​နေရတဲ့လူ​တွေမလွယ်​ဘူး။

ခုခေတ်အိမ်ပိုင်ရှိဖို့ကအတော်မလွယ်တာ

ပိုက်ဆံကိုရေလိုသုံးနိုင်သူတွေက ဈေးကွက်ကို လိုက်ဖျက်နေသူတွေပေါ့

ဆိုလိုချင်တာအဲတာ

အမှန်ပဲဗျိုးးး ဒီခေတ်ကြီးထဲ အိမ်တလုံးပိုင်ဖို့က မလွယ်တော့ဘူး

ကိုယ့်လစာနဲ့ကတော့ မစားပဲစုတောင်မရဘူး

အင်းတကော်မှာအဆောင်တွေများလာတာမြင်ရတာနဲ့ အိမ်ပိုင်မရှိတဲ့သူတွေများလာတာ သိသာလာတယ်

အစိုးရကတော့ လုပ်နေပါပြီ

ချမ်းသာတဲ့ ခရိုနီတွေက ဈေးကွက်ကိုကစားနေကြတာ

ခရိုနီရော သူခိုးရောကြောင့်ဈေးပျက်ရတာ

အမှန်​ပဲ

အရင်ခေတ်ဝန်ထမ်းတွေ အိမ်ဝယ်နိင်ကြတယ်
ခု တော့ဖြင့် လစာက စားဝတ်အတွက်တိုင်ပတ်နေကြတယ်နော်

ဟုတ်တယ်ခေတ်ကပြောင်းသွားတာ

မှန်တယ်ကိုမင်းရေ ကျွန်တော့သားတောင်မှ လစာငါးသိန်း အိမ်ရဖို့မလွယ်ဘူး။

ဆရာတင်တို့ကဝယ်ထားတဲ့အိမ်တွေအများကြီးဆိုတော့ သားသမီးတွေသွားနေခိုင်လို့ရပါသေးတယ်၊ မိဘတွေကသူတို့အတွက်လောက်ပဲဝယ်ထားတဲ့အိမ်တွေကြတော့ သားသမီးတွေ ဒုက္ခရောက်ရော

ကျွန်တော်ဝယ်ထားတဲ့အိမ်တွေက သားသမီးတွေအတွက်မဟုတ်ပါဘူးဗျာ၊ အိပ်ယာထဲလဲချိန်သုံးဖို့ထားတာပါ၊ သူတို့ကို ကိုယ့်ထက် စွမ်းအောင်သင်ပေးပြီးပြီ၊ သူတို့ကိုယ်တိုင်ဖန်တီးကြပါလိမ့်မယ်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28