အကျိုးစီးပွားပဋိပက္ခ ၂၀၀၈

in #myanmar4 years ago (edited)

အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်နေသော ၂၀၀၈ ခြေဥ

အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်မှုကို Conflict ဟူသော အင်္ဂလိပ်အသုံးအနှုန်းကို ကျွန်တော်ရေးသားခဲ့ဖူးပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ကိစ္စတွင်လည်း Conflict တစ်ခုဖြစ်ပေါ်နေပါသည် ။ ယင်း Conflict မှာ စစ်အာဏာရှင်အကျိုးစီးပွားနှင့် ပြည်သူ့အကျိုးစီးပွားဟုခေါ်ရမည်ထင်ပါသည်။ ပြည်သူ့အကျိုးစီး ပွားအတွက် တိုက်ပွဲဝင်သူများဘက်ကကြည့်လျှင် စစ်အာဏာရှင်တို့သည် များစွာချမ်းသာခဲ့ကြပြီးဖြစ်သည်။ ပြည်သူတို့ ကိုအလှည့်ပေးပါတော့ ၊ စစ်တန်းလျားပြန်ပါတော့ တိုင်းပြည်လည်းနာလှပါပြီဟူသောအမြင်ရှိကြသည် ။စစ်အာဏာရှင်များနှင့် အာဏာရှင်တို့ကြောင့်အကျိုးဖြစ်ထွန်းသူများသည် ဒီမိုကရေစီအစိုးရခေတ်တွင် ဥပဒေ များစိုးမိုးလာပြီးအာဏာရှင်ခေတ်က ပြစ်မှုများကိုပြန်လည်ဖေါ်ထုတ်မှာစိုးရိမ်သည်။ သူတို့အနေဖြင့် ဒီမိုကရေ စီစနစ်ဖြင့်သာ တိုင်းပြည်ထူထောင်နိုင်တော့မည်ကိုနားလည်သည်။ တိုင်းပြည်သည် ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး ဖြစ်နေပြီကိုလည်းသူတို့သိသည်။ သို့သော် ဒီမိုကရေစီစနစ်ကြောင့် အာဏာစွန့်ရသည်နှင့် မိမိတို့ကျူးလွန်ထား သည့် ရာဇဝတ်မှုများ အတွက်ပြန်ခံရတော့မည်ကိုလည်းကောင်း၊ မိမိတို့ရယူထားသည့်စည်းစိမ်ဥစ္စာများကို ပြန်လည်ဆုံးရှုံးရမည်ကို သိကြသည်။ သို့အတွက်ကြောင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အရွေးချယ်ခံ ပြည်သူ့ ကိုယ်စားလှယ်များကို အာဏာမလွဲပေးရဲတော့သဖြင့် အကြောင်းအမျိုးမျိုးပြကာ ၂၀၀၈ အခြေခံဥပဒေကြီးကို အာဏာလက်ကိုင်ထားစဉ် ဥပဒေညီသည်ဖြစ်စေမညီသည်ဖြစ်စေ၊ ရွေးချယ်ခံကိုယ်စား လှယ်များပါသည် ဖြစ်စေမပါသည်ဖြစ်စေ အတင်းဇွတ်ရေးစွဲအတည်ပြုပြစ်လိုက်ရလေသည်။အကြောင်းပြချက်ကို ယခင်ပါလီမန် ခေတ်က တိုင်းပြည်မတည်ငြိမ်၊ ကသောင်းကနင်းဖြစ်သည်။ ယခုလည်း အလွယ်တကူလွဲပြောင်းပေးလိုက်လျှင် မတည်မငြိမ်ဖြစ်လိမ့်မည် ဒါကြောင့် သူ့တို့ကဝင်ပြီးကာလတစ်ခုအထိ ထိန်းကြောင်းပေးမှရလိမ့်မည်ဟု ဆိုကြ သည်။ အထိုက်အလျောက်မှန်သောစကားဖြစ်ပါသည်။ သူတို့ကာကွယ်ပေးရမည့် အာဏာရှင်တို့ကြောင့် အကျိုး ဖြစ်ထွန်းသူများက တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်ဝင်ပြီးနှောက်ယှက်နိုင်သည်။ တကယ်လည်းဖြစ်ပေါ်သည်။ မျိုးချစ်ဘာညာခေါ်တွင်ပြီး ဘုံးခဲ့သောငွေမဲများကို ချသုံးကာ ပြဿနာတစ်မျိုးပြီးတစ်မျိုးဖန်တီးကြသည်။
ဤ ပဋိပက္ခဖြစ်ပေါ်မှုကို Conflict ကိုဖြေရှင်းသည့်အခါ ပြည်သူ့အတွက် တိုက်ပွဲဝင်သူများဘက်က တစ်ခု သိထားဖို့လိုပါသည်။ ယင်းအချက်မှာ ဤ အာဏာသည် အခြားတစ်ပါးသော အာဏာရှင်များကဲ့သို့ အာဏာရှင်ကို သုတ်သင်ပြီးမှရလာသောအာဏာမဟုတ်ဘဲ၊ သူတို့ကိုယ်တိုင်လိုလိုလားလား လွဲပေးသောအာဏာဖြစ်သည် ဆိုသောအချက်ဖြစ်သည်။ ယင်းသို့ လိုလိုလားလားပေးအပ်သော အာဏာအတွက် အာဏာရှင်များဘက်ကလည်း တောင်းဆိုမှုများရှိပါသည်။ ယင်းမှာ ၂၀၀၈ ခြေဥကို မပြင်ဆင်ပဲ ကာလတစ်ခုအထိစောင့်ဆိုင်းပေးရန်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ၂၀၀၈ အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပပေးခဲ့ခြင်းဖြစ်သည်။ သို့အတွက်ကြောင့် စစ်အုပ်စု ၂၀၀၈ အခြေခံဥပဒေပြင်ဆင်မှုကို အသေအလဲခုခံကာကွယ်မည်သာဖြစ်ပါသည်။
သို့သော် ပုဒ်မ၄၃၆(က)တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ၅၉၊၆၀၊ အခန်း၄) ပုဒ်မ ၇၄၊၁၀၉၊၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊၂၀၁၊၂၄၈၊၂၇၆၊၊အခန်း(၆)၊ ပုဒ်မ၂၉၃၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀၊ ၄၃၂၊ထိ၊အခန်း(၁၂) ပုဒ်မ၄၃၆ တို့ရှိပြဒါန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်၊၊ဟု ဖေါ်ပြထားပြီး
ပုဒ်မ၄၃၆(ခ)တွင်လည်း ပုဒ်မခွဲ(က)တွင်ဖေါ်ပြထားများမှအပ ကျန်ပုဒ်မများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရမည်တဲ့။ ဆိုတော့ ဘယ်ပုဒ်မမှ ငါတို့သဘောမတူပဲ မပြင်ရဘူးဆိုတဲ့သဘောပါပဲ၊၊
ဒီတော့ပြင်ဖို့ပိုခက်တဲ့ ၄၃၆(က)ကို မထိပဲ၊ ပြင်နည်းနည်းလွယ်တယ်ထင်ရတဲ့ ၄၃၆(ခ)ကနေဝင်ဆွဲရင်တောင် အခန်း(၁၄)ပုဒ်မ ၄၄၅ ကိုပြင်နိုင်ပါ့မလား။
အခန်း(၁၄)ပုဒ်မ ၄၄၅ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ နှင့်နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့နှင့် ဖွင့်ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ ၊ဥပဒေများ၊ နည်းဥပဒေများ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေးအဖွဲ့ နှင့်နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့တို့၏ ဆောင်ရွက်ချက်များ၊တာဝန်များနှင့် ရပိုင် ခွင့်များကိုလည်းကောင်း၊ဆက်ခံသည်။ယင်းအဖွဲ့၊သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်းမရှိစေရ၊၊
တဲ့၊၊
မလွယ်ရေးချမလွယ်သေးပါ၊၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကဘယ်လိုသဘော တူပါ့မလဲ၊၊ အကောင်းဆုံးကတော့ ဒီဘက်ခေတ်မှာ ကျူးလွန်သမျှကိုသာ အကတိနဲ့ဆွဲ၊ ဟိုဘက်ခေတ်ကတော့ ကျူးလွန်ခဲ့သူတွေသေကုန်ပြီးမရှိကြတော့ဘူးဆိုမှ ပြင်လို့ရမည်ထင်ပါကြောင်း သုံးသပ်တ်ဆက်လိုက်ပါတယ်၊၊အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်နေသော ၂၀၀၈ ခြေဥ

မလွယ်ရေးချမလွယ်သေးပါ၊၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကဘယ်လိုသဘော တူပါ့မလဲ၊၊ အကောင်းဆုံးကတော့ ဒီဘက်ခေတ်မှာ ကျူးလွန်သမျှကိုသာ အကတိနဲ့ဆွဲ၊ ဟိုဘက်ခေတ်ကတော့ ကျူးလွန်ခဲ့သူတွေသေကုန်ပြီးမရှိကြတော့ဘူးဆိုမှ ပြင်လို့ရမည်ထင်ပါကြောင်း သုံးသပ်တ်ဆက်လိုက်ပါတယ်၊၊

Sort:  

ခြေဥပြင်နိုင်မှ တကာ်တိုးတတ်မှာလား

တိုးတက်တာနဲ့ခြေဥပြင်တာ မဆိုင်ဘူးလို့တော့ထင်ရတယ်။ ဒါပေမယ့် ခုအချိန်အထိတရားဥပဒေစိုးမိုးအောင်လုပ်လို့မရတော့ အကျင့်ပျက်ချစားမှုကို အတိုင်းအတာတစ်ခုအထိထိန်းချုပ်ခံထားရတယ်လေ။ Victoria အမှုလိုမျိုးပေါ့။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63898.89
ETH 3129.16
USDT 1.00
SBD 3.90