အဆင့်

in #myanmar6 years ago

အဆင့်
image
လူတွင့်အဆင့်သတ်မှတ်ချက်အမျိုးမျိုးရှိသည်။ အချို့က အဆင့်ကို ဂုဏ်ဓနနှင့်တိုင်းတာသတ်မှတ်၏။ အချို့က ပညာအရည်အချင်းနှင့်သတ်မှတ်သည်။ အချို့က ကိုယ်ကျင့်တရား၊သီလ၊သမာဓိတို့ဖြင့်တိုင်းတာကြသည်။ ဂုဏ်ဓနနှင့်တိုင်းတာကြသောနယ်ပယ်၌ ပြဿနာမျိုးစုံတွေ့ရသည်။ အကြောင်းမှာ ဓနဥစ္စာတို့မည်သည်။ အတက်အကျသဘောရှိပြီး အခုချမ်းသာနေသူက အခုမွဲချင်မွဲသွားနိုင်သည်။ အခု ဆင်းရဲနေသူကလည်း အခုချမ်း သာချင်ချမ်းသာလာနိုင်သည်။ ထိုနည်းတူစွာ ကိုယ်ကျင့်တရား၊သီလ၊သမာဓိနယ်ပယ်တွင်လည်း အခုအကျင့်သီလ ကောင်းမွန်နေသူက အခုဖောက်ချင်ဖောက်သွားနိုင်သည်။ အခု လူဆိုးသူခိုးကလည်း နေသူကလည်း အခုကျွတ် တမ်းဝင်ပြီး ကောင်းမွန်လာနိုင်သေးသည်။
ပညာအရည်အချင်းလုပ်ငန်းကျွမ်းကျင်မှုစသည်ကိုမူ အလွယ်တကူမရရှိနိုင်ပါ။ အခုညံ့နေသူက အခုချက် ချင်းတော်မလာနိုင်သကဲ့သို့ အခု ကျွမ်းကျင်သူက အခုသုံးစားမရအောင် ညံ့ဖျင်သွားနိုင်ရန်ခက်ခဲပါမည်။ သို့အ တွက် တော်တဲ့သူများက တော်သောအဆင့်ရောက်၍ ညံ့သောအဆင့်သို့ရောက်သည်မှာ သဘာဝကျသည်။ ကိုယ့်အဆင့်အတိုင်သာကိုနေရမည်။ သို့သော်လူ့ဘဝတွင် ကိုယ့်အဆင့်ကိုမသိသောသူတွေအများကြီးရှိသည်။ ကိုယ်မကျွမ်းကျင်သည်ကို ကျွမ်းကျင်သယောင်နေချင်သည်။ ကိုယ်မတတ်သည့်အဆင့်တွင်တက်နေပြီးကိုယ့်ကို လူအများ၏ ကြည်ညိုလေးစားမှုကိုခံယူပြီး ခယဝပ်တွားခံနေစေချင်သေးသည်။
လုပ်ငန်းခွင်များတွင် ဥပမာအားဖြင့် မိဘချမ်းသာသဖြင့် ကုမ္ပဏီထောင်လိုက်သည်။ သားသမီးဆိုတော့ ကုမ္ပဏီတွင် မနိမ့်သောရာထူးတစ်ခုပေးထားမည်။ အလုပ်ကိုစိတ်မဝင်စား၊မိဘအရှိန်အဝါဖြင့် အာဏာပါဝါ တွေပြ နေမည်။တလွဲတစ်ချော်တွေလုပ်မည်။ အမှားတွေကြူးလွန်မိမည်။ ကြာလာလျှင် သူ့မိဘလုပ်ငန်းပြုတ်သွားလိမ့် မည်။ မိမိလုပ်ငန်းဆိုတော့ မိဘလုပ်သူကအပြုတ်မခံ သူ့သားသူ ပြန်ထိန်းသည်။ သို့သော်အစိုးရလုပ်ငန်းခွင်တွင် အာဏာအလွဲသုံး၍ ထိုပုဂ္ဂိုလ်နှင့် မထိုက်တန်သော ရာထူးမျိုးကိုပေးထားသောအခါ သူ့အထက်က ညွှန်ကြား ချက်တစ်မျိုးသူကတစ်မျိုးဖြင့် အထက်အမိန့်ကို ဘာသာပြန်လွဲ၍ ခိုင်းစေမှုများကြူးလွန်လာသောအခါ လက် အောက် လူတွေနှင့်အဆင်မပြေခြင်း၊ လုပ်ငန်းခွင်တွင်အလွဲအလွဲအမှားမှားများများစွာကြုံတွေ့လာရခြင်းစသော ပြဿနာများကြောင့် ထိုဌာနသည်တိုးတက်မလာတော့။ဌာနဆိုင်ရာအရှုံးများနှင့်ရင်ဆိုင်လာရမည်။ သမ္မတရုံးက ညွှန်ကြားချက်ကို ဝန်ကြီးဌာနကနားမလည်၊ ဝန်ကြီးဌာနက ညွှန်ကြားချက်ကို ညွှန်ကြားရေးမှူးတွေကနားမလည်၊ ညွှန်ကြာရေးမှူးတွေကပြောသောစကားကို အောက်ခြေကမသိ ဖြစ်လာပြီး ကိုထင်ရာတွေရေး၊ကိုယ်ထင်ရာတွေ လုပ်ကြသည်ကို ပထမဦးဆုံးညွှန်ကြားခဲ့သည့် သမ္မတရုံးကပါပြန်မစိစစ်သောအခါ လုပ်ငန်းတစ်ခုထမြောက် အကောင်အထည်ပေါ်မလာတော့ပါ။ (ဥပမာ E-Government)
image
ထိုကဲ့သို့ပင် လူနာကဆရာဝန်ကို နားလည်အောင်မပြောနိုင်၊ ဆရာဝန်က လူနာပြောသည်ကို အဆုံးအ ထိနားမထောင်ထင်သလိုကုချလိုက်သောအခါ နစ်နာသူက လူနာပါ။ ထို့အတူဆရာကသင်ပြသည်ကို တပည့်က နားမလည် တပည့်ကမေးသည်ကို ဆရာကတလွဲဖြေနေလျှင် အရာရာလွဲချော်မှုတွေဖြစ်ပေါ်၍ ဘာတစ်ခုမှ အဆင်ပြေလာမည်မဟုတ်ပါ။ ထို့ကြောင့် အရပ်ရပ်သောဌာနများ၊နိုင်ငံများ တိုးတက်မလာပါက ဤမည်သော စံနှင့်သာတိုင်း တာတွက်ချက်ပေးနိုင်ပါသည်။
image
နိဂုံးချုပ်အားဖြင့် မိမိမကျွမ်းကျင်သောနေရာ အဆင့်မျိုးသို့ အကြောင်းမျိုးမျိုးဖြင့် မိမိရောက်ရှိခဲ့ပြီး မိမိကတကယ်မတတ်ကျွမ်း၍ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိပဲ။ မိမိဌာနလည်းဆုတ်ယုတ်သည် ထက် ဆုတ်ယုတ်လာသည်ဆိုပါက အမြန်ဆုံးဖယ်ရှားပေး၍ သင့်တော်သူ အရည်အချင်းအဆင့်မီသူကသာ ဆောင်ရွက်စေခြင်းဖြင့် မိမိနိုင်ငံ၊မိမိဌာနများတိုးတက်လာစေရန် အကျိုးပြုကြပါစေကြောင်း အကြံပြုလိုက်ရပါ သည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Sort:  

မှန်ပါသည်။

လေ့လာချင်စိတ်ကြိုးစားချင်စိတ် သူဆိုရင်တော့ အဆင်ပြေမှာပါ ၊လေ့လည်း မလေ့လာ အာဏာပါဝါတွေ စွတ်ပြနေသူဆိုရင်တော့ အဆင်မပြေနိုင်ပါ

လေ့လာဖို့အားထုတ်ဖို့က လူကြီးအများစုကမလုပ်ကြတော့ဘူး

တစ်ဆင့်တွေများနေသလားလို့

တစ်ဆင့်ဆိုတော်ပြီ

ကျော်တို့က တလုံးချိုင့်လေးဘာ

တစ်လုံးချိုင့်ဖြစ်ဖြစ် နှစ်ဆင့်ချိုင့်ဖြစ်ဖြစ်ကိစ္စမရှိဘူး ၊ကိုယ်နေရမယ့်အဆင့်ကိုယ်ရှိဖေို့သာလိုတာ

သတိထားဆင်​ခြင်​စရာ​တွေပါပဲရှင်​။

ဟုတ်ပါတယ်

ဆရာ့စာတွေက သတိထားဆင်ခြင်စရာတွေနဲ့ ဗဟုသုတ တွေပဲဖြစ်လို့ ဖတ်ရတာ အကျိုးများတယ်ဗျာ

ကိုမြင့်လွင်စိုးလည်း ဒီနေ့စာလေးကောင်းတယ်

အဆင့်ရှိပါတယ်လို့ သတ်မှတ်ထားတဲ့သူတွေက ဆရာရေးထားတဲ့အဖြစ်မျိုးတွေကို ကိုယ်တိုင်လုပ်နေကြတာ မြင်ဘူးတယ်

တစ်နိုင်ငံလုံးဆိုတော့လည်းမြင်ပြီပေါ့

အဆင့်ကို အရည်အချင်းနဲ့တာ ခွဲသင့်တယ်ဗျာ.....
ခုတော့ .......

အများအားဖြင့်ပေါ့လေ

မှတ်သားစရာပါခင်ဗျာ

I get th message from your passage

I please that is you get message from my post

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95