ပေးဆပ်ခြင်းတရား

in #myanmar5 years ago (edited)

image
image source

ပေးဆပ်ခြင်းတရား

ပေးဆပ်သည်၊ အနစ်နာခံရသည် ဆိုသည်ကိုလူတို့ နာကျင်ခံစားတတ်ကြသည်၊၊ ဒါကြောင့်လူတို့်သည် ရယူ လိုမှုဖြင့်သာလုပ်ကိုင်ကြသည်။ ထို့ကြောင့်ပင် ပြဿနာများ၊အခက်အခဲများ၊ကျဆုံးမှုများ၊မအေင်မြင်ခြင်းများဖြစ်ကြရသည်။
ဒီနေ့ခေတ်အခါသည်ကား ပေးဆပ်ခြင်း၏အားကို လူတို့နားလည်လာကြသည်၊ ဒေါ်အောင်ဆန်းစု ကြည်ပြောလေ့ရှိသောကားတစ်ခွန်းရှိသည်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲများတွင်မိမိတို့ဘာရမလဲ ဆို သည်ထက်မိမိတို့ဘာတွေပေးနိုင်မလဲ စဉ်းစားကြ ပါဟူ၍ဖြစ်သည်၊၊ ခုနောက်ပိုင်း စီးပွားရေးစီမံချက် ရေးဆွဲသူများကလည်း ငါတို့ဘာတွေရောင်းချပြီး အမြတ်ရယူကြမလဲဆိုတာထက် ငါတို့ဘာလိုအပ် ချက်တွေဖြည့်စည်းပေးကြမလဲဟု ပြောင်း၍ စဉ်း စားလာကြသည်။
ဤသို့ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ဟူ သည့်သဘောတရား ရှေ့တန်းရောက်လာပြီးထွန်း ကားလာခြင်းသည် လောကအတွက်အလွန် ကောင်းသည်။ ဈေးကွက်ယှဉ်ပြိုင်ခေတ်ဖြစ်လာသဖြင့် customer right တွေဘာတွေဖြစ်လာရာ ရောင်း ချသူတို့သည်၊ မိမိတို့တစ်ဦးတည်းထင်သလိုရောင်း ချ၍မရတော့ ပစ္စည်းစစ်ပစ္စည်းမှန်ဖို့လိုလာသည်၊ အရည်အသွေးပြည့်မီဖို့လိုလာသည်။ဈေးနှုန်းမှန်ဖို့လိုလာသည်။
ဤပေးစပ်ခြင်း ဒဿနသည် အားလုံးကောင်းဖို့ လောကကောင်းဖို့ ထွန်းကားလာသည်ဟု ကျွန်တော်မြင်သည်။
အဆိုပါအယူအဆထွန်းကားလာမှုသည် မိမိအတ္တ ကိုရှေ့တန်းတင်လေ့ရှိသော အယူအဆဒဿန၏ ကျဆုံးခန်းလည်းဖြစ်သည်။ ကြာလတ်သော် ကောင်းသောပစ္စည်း၊ကောင်းသောအကြံ၊ကောင်း
သောအတွေး၊ကောင်းသောအမြင်စသည့် သမ္မာသင်္ကပ္ပအစရှိသောတရားတို့ထွန်းကားလာ ဖွယ်ရာလည်းဖြစ်သည်၊

မှန်ကန်သောအမြင်

လောကကြီးကိုရှုမြင်ရာမှာ အခွင့်အလန်းတွေ အလျံပယ် ပေါကြွယ်နေတဲ့ လောကကြီးအဖြစ် ရှုမြင်နိုင်ဖို့လိုပါတယ်။ လောကကြီးထဲက အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ ကွာဟမှုတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ မပြည့်ဝသေးတဲ့ လိုအင်ဆန္ဒတွေဟာ ရုပ်ဖျက်ထားတဲ့ အခွင့်အလန်း တွေဆိုတာသိမြင်ဖို့လ်ုအပ်ပါတယ်။

မှန်ကန်သော တွေးခေါ်ကြံစည်မှု

စိတ်ဟာ မှန်ကန်တဲ့အာရုံကိုပြုထားပေမယ့် တွေးခေါ်ကြံစည်ခြင်းကမှားနေရင်လည်း မအောင်မြင်တတ်ပါဘူး။ ကြံစည်တွေးခေါ်မှုကတော့ မှန်ကန်ပါရဲ့ ဆင်းရဲပူလောင်တဲ့ခံစားချက်နဲ့ယှဉ်ပြီး ကြံစည် တွေးခေါ်နေပြန်ရင်လည်း အောင်မြင်မှုရဲ့အနှစ်သာရနဲ့ကင်းကွာရတတ်ပါ တယ်။ ဘယ်လောက်ပဲ ချမ်းသာတဲ့ဝေဒနာတွေခံစားနေရပါစေ၊ မှားယွင်းတဲ့အမှတ်သညာတွေထင်ဟပ်နေပြန်ရင်လည်း အောင်မြင်မှုလမ်းစပျောက်သွားတတ်ပါ တယ်။

မှန်ကန်သောပြောဆိုခြင်း

မှန်ကန်သောအမြင်နဲ့မှန်ကန်သောကြံစည်မှု ကသာ မှန်ကန်သောပြောဆိုမှု ဖြစ်စေတာပါ။ မှားယွင်းသောပြောဆိုမှုက မှန်ကန်သောကြံ စည်မှုကိုဘယ်တော့မှဖြစ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့်ပထမမှန်ကန်စွာ ရှုမြင်လက်ခံပြီဆိုမှ မှန်ကန်တဲ့စကားကိုပြောဆိုပါ။

မှန်ကန်သောအမူအကျင့်

အဲဒီလိုအမူအကျင့်ကောင်တွေရရှိလာဖို့လေ့ကျင့် ပျိုးထောင်ရာမှာတော့ အချိန်ဇယားဆွဲပီးကျင့် သုံးတာအကောင်းဆုံးပါ၊ အမူအကျင့်ကောင်း တွေစွဲပြီးအစဉ်အလာဖြစ်သွားရင်တော့ အချိန်ဇယားပြန်ဖယ်လိုက်လိုလည်းရပါတယ်

မှန်ကန်သောအသက်မွေးခြင်း

အပင်စိုက်ပြီးမှ ကိုယ်ပိုင်အသီးကိုချိမြိန်စွာသုံး ဆောင်သူ၊ သူတပါးစိုက်ထားတဲ့အပင်က အသီး ကိုမတရားရယူသူ၊ သူတစ်ပါးအပင်ကအသီးကို တောင်းစားသူ၊ ဒီတော့ ကိုယ်ဟာဘယ်လိုနည်းနဲ့ အသက်မွေးဝမ်းကျောင်းမလဲဆိုတာ ပြတ်ပြတ် သားသား ဆုံးဖြတ်ထားဖို့လိုပါတယ်။

မှန်ကန်သောအားထုတ်ခြင်း

ဝီရိယဗိုလ်၊ အဆင့်ဆင့်တိုးတက်အားထုတ်မှု၊ လုံလစိုက်မှု၊ ဆင်းရဲကိုသည်းခံမှု၊ ပြင်းရိခြင်းမှ ထွက်မြောက်မှု၊ အပြင်းအထန်ကြိုးစားမှု၊ ခိုင်မြဲမှု၊ မလျော့သောအားထုတ်မှု၊ မလျေျာ့သာအလိုဆန္ဒရှိ မှု တာဝန်ကိုကောင်းစွာထမ်းဆောငိမှု။

မှန်ကန်သောသတိ

ဝင်လာသောအကြောင်းအရာတွေဟာ ကောင်း သည်ဖြစ်စေဆိုးသည်ဖြစိစေ၊ ကိုယ်နှစ်သက် သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ၊ ထိန်းချုပ်ဖို့ ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့ ၊လွင့်နေတဲ့စိတ် နဲ့အတူလည်း သတိလက်လွတ်လွင့်ပါးမနေပါနဲ့ သတိအားကောင်းလာရင် စိတ်ကပျံ့လွင့်ရာက တည်ငြိမ်လာပါလိမ်မည်။

မှန်ကန်သောသမာဓိ

ပကတိမျက်လုံးနဲ့ ဉာဏ်မျက်လုံးပေါင်းစပ်တတ်မှ လောကကြီးကိုထိုးဖောက်ရှုမြင်နိုင်မှာဖြစ်ပါတယ်၊ သူတပါးမမြင်နိုင်တာကိုမြင်အောင်ကြည့်တတ်မှ သာတစ်ပါးမဖြစ်နိုင်ဘူးလို့ထင်ထားတာတွေ ဖြစ် အောင်လုပ်နိုင်မှာပါ

Sort:  

Hi, @minsoenaing!

You just got a 0.13% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

မှန်ကန်သော အသိပညာစာလေးပါအကိုရေ

ဝင်ဖတ်ပေးလို့ကျေးဇူးပါ

Posted using Partiko Android

တရားအားထုတ်တော့မယ်ဆာမင်းစိုး

သမ္မာဝါစာပေါ့

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29