ရောက်တတ်ရာရာ လ္ဘက်ရည်ဆိုင်စကားဝိုင်း

in #myanmar6 years ago

Burmese-Tea-Shop-Trend.jpg
မနက်က လ္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းနှင့်စကားပြောဖြစ်သည်။ ထိုင်းနိုင်ငံက မယ်ဆိုင်ဂူအတွင်း တော ဝက်ဘောလုံးအသင်းသား ၁၂ယောက်နှင့် နည်းပြ စုစုပေါင်း ၁၃ ဦး ကို ၄ ဦးကယ်ထုတ်နိုင်ပြီဆိုသောအကြောင်း ဖြစ်ပါသည်။ထိုအကြောင်းအရာနှင့်ဆက်စပ်၍ သူတို့နိုင်ငံသူတို့အစိုးရက သူ့နိုင်ငံသားများအတွက် နိုင်ငံတော် အဆင့်သတ်မှတ်၍ကယ်တင်ပုံ မိမိနိုင်ငံမိမိအစိုးရများဆိုလျှင် သူတို့လိုကယ်တင်ပါ့မလား ဘာညာပြောမိကြသည်။ Facebook ကာတွန်းတွင် လူနှစ်ယောက် ဂူတစ်ခုအနီးတွင်ထင်းရှာနေစဉ် ပေါက်ပြားထမ်းထားသူက “အစိုးရ ကောင်းမကောင်းသိရအောင် ဂူထဲဝင်ကြည့်ပါလား”ဟု ပြောလိုက်စဉ် အမျိုးသမီးကလန့်သွားသည့်ပုံ သရုပ်ဖော် ထားသည်။ အဓိပ္ပါယ်က မဝင်ရဲသည့်သဘော။ ထို့ထက်မူ မိမိအစိုးရကို သူတို့လောက်မယုံကြည့်သည့်သဘောပါ။
အမှန်တော့ ခုအချိန်သည် စစ်အာဏာရှင်ခေတ်ကလို သဘာဝဘေးဒဏ်များကျရောက်မှုကို လျစ်ရှုပစ် ပယ်ထားတတ်သည့် ခေတ်မျိုးတော့မဟုတ်ပါ။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးပြည် ထောင်စုဝန်ကြီးကလည်း တတ်အားသ၍ လုပ်ဆောင်ပေးနေချိန်ဖြစ်ပါသည်။သို့သော် အပြည့်အဝယုံကြည့်စိတ်ချ သော အခြေအနေမျိုးလည်းမဟုတ်သေးပါ။ဘတ်ဂျက်အင်အား၊ အများကြီးလိုနေသေးသည့် အချိန်ဖြစ်နေပါသည်။ ရေမဆေးကျောက်သမားများ အစုလိုက်အပြုံလိုက် မြေစာပုံများပိ၍ သေနေကြသည့်ပြဿနာများ လည်းမဖြေ ရှင်းနိုင်ကြသေးပါ။
လွန်ခဲ့သောနှစ်က စာရေးဆရာမ သန်းမြင့်အောင်ဟောပြောသွားသည့် စာပေဟောပြောပွဲတွင် မိုးကုတ် ပတ္တမြားမြေအကြောင်းထည့်ပြောသွားခဲ့ပါသည်။ မိုးကုတ်မြို့သည် သူဌေးများရှိသော မြို့တစ်မြို့အဖြစ်တစ်နိုင်ငံလုံး ကသိမှတ်ထားခဲ့ကြသည်။ ပတ္တမြားမြေဟုတင်စားခေါ်ဝေါရခြင်းမှာလည်း မိုးကုတ်မြို့တွင် မြေတစ်ပေပတ်လည်ပိုင် လျှင်ပင် ထမင်းရှာစားလို့ရနိုင်ခဲ့ကြောင်း ဗြုန်းခေါ် ကျောက်ရိုင်းခဲများမှာ ပေါချင်တိုင်းပေါခဲ့ပြီး တန်းဖိုးကြီး ကျောက် များမရရှိသည့်တိုင် ထမင်းရှာစားဖို့ပူပင်စရာမလိုခဲ့ကြောင်း၊ ယခုအခါတွင်မူ မိုးကုတ်ပတ္တမြားမြေသည် မိုးကုတ် သားများမပိုင်ဆိုင်တော့ ရုံမျှမက တရုတ်ကုမ္ပဏီများပိုင်သော မိုးကုတ်ပတ္တမြားမြေတွင် မိုးကုတ်သားများကို အလုပ်အကိုင်ပင်ခန့်ထားခြင်းမခံရပါကြောင်း၊ တရုတ်ကုမ္ပဏီများကလည်း မိမိတို့လုပ်ကွက်ရသော ဧရိယာ အကျယ်အဝန်းသာမက မြေအောက်မှလှိုင်ဂူဖေါက်၍ပင် အခြားမြေဧရိယာ၏ အောက်ဖက်များအထိ ထိုးဖေါက် တူးဖော်ထုတ်ယူနေကြကြောင်း၊ ဒါမျိုးတွေ ဖြစ်ပျက်နေကြောင်း မြန်မာဘက်ကသိရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူအား လာဘ်ထိုး၍ ဆက်လက်လုပ်ကိုင်နေကြကြောင်း၊ မိုးကုတ်တွင် ဆင်းရဲသားများ ၊ အလုပ် အကိုင်မဲ့များ ပေါများလာပါကြောင်း ဟောပြောသွားရာ မိမိတို့စိတ်အတွင်း မခံစား နိုင်အောင်ဖြစ်ရပါသည်။
လ္ဘက်ရည်ဆိုင်စကားဝိုင်းတွင် ဆက်လက်ပြောဖြစ်ကြသည်မှာ လက်ပန်းတောင်ကိစ္စဖြစ်ပါသည်။ ဒီအကြောင်းကို မုံရွာသားများကတော့ပိုသိပါမည်။ဒေသခံများက မကျေနပ်ကြခြင်းမှာ အရင်က ဒေသခံများ၏ လယ်ကွက်ယာကွက်များထဲတွင် ဝမ်ပေါင်ကုမ္ပဏီမှစွန့်ပစ်မြေစာများအက်စစ်များလာရောက်စွန့်ပစ်ကြသဖြင့် လယ်ယာ မြေများပျက်စီးသည့်အတွက်ဆန္ဒပြကြခြင်းဖြစ်ပြီး ယခုနောက်ပိုင်းဆန္ဒပြကြခြင်းမှာ စွန့်ပစ်စာများမှ ကြေး နီအစအနများကို ဒေသခံများက ပြန်ကျင်ယူပြီးအစဉ်ပြေနေကြရာမှာဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်လိုက်သဖြင့် ပြဿနာဖြစ်ကြခြင်းဖြစ်ကြောင်း တစ်ယောက်ပြောပါသည်။ သူ့သတင်းကိုတော့အတည်မပြုပါ။ကြားတာပြော တာနော် အတိအကျတော့မသိသေးပါဘူးဟုဆိုပါသည်။
ရုံးချိန်နီးလာသဖြင့်စကားဝိုင်းကိုအမြန်ဖြတ်ခါ ပြန်လာခဲ့ပါတော့သည်။
မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

လက္ဘက်ရည်ဆိုင်ထိုင်ရင်းရောက်တတ်ရာရာပြောဖြစ်တော့လည်း နည်းနည်းတော့ စိတ်ဖိစီးမှုလျော့သွားသား

ဒီလိုပဲ တစ်ခါတစ်လေ လ္ဘက်ရည်တောင်မသောက်ဘူး။ သူငယ်ချင်းမိတ်ဆွေတွေ ဆုံချင်လို့ ထိုင်ကြတာ

ဆက်ရေးပါဖတ်လို့ကောင်းပါသည်

ဆက်ရေးပါ့မယ်

သတင်း​တွေကအမျိုးမျိုးပါပဲ​နော်​။ဖတ်​လို့​ကောင်းပါတယ်​ရှင်​။

သတင်းဝေဖန်ရေးပေါ့ဗျာ

ကော်ဖီဆိုင်မှာ လူတစ်ချို့ဟာ....
ကိုင်ဇာသီချင်းဆိုခဲ့တဲ့အချိန်တွေ သတိရပ

လေသေနတ်နဲ့စစ်တိုက်နေတာပြောတာလား

ပျောက်ဆုံးသွားတဲ့ တောင်တက်သမားတွေကိုသတိရမိ

ဟုတ်တယ်နော် ရှာတော့ရှာကြသေးတယ်ထင်တယ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြောရတဲ့အရသာကလဲ တစ်မျိုးပါဘဲ

မြန်မာဓလေ့ဖြစ်နေပါပြီ။ ရောက်တတ်ရာရာဆိုပေမယ့် အချိန်ဖြုန်းသလိုအကြာကြီးထိုင်ရင်တော့မကောင်းပါဘူး

ပြောသာပြောရ သူ့ မကယ်နိုင် ကိုယ့် မကယ်နိုင်ပါပဲ ရောက်တတ်ရာရာတို့မှာ...

တစ်ယောက်ပြောတယ်။ငယ်ငယ်တုန်းက ကမ္ဘာကြီးကို ကယ်တင်မယ်လို့ ကြုံးဝါးခဲ့တယ်တဲ့။ခုတော့ ကိုယ်ကိုယ်ကိုယ် မနည်းကယ်တင်နေရတယ်တဲ့။ ဟီး။

post တစ်ခု ဖတ်ပြီးတိုင်း တစ်ခု ပိုသိလာရတာပါပဲ bro

ဖတ်နေလို့ကျေးဇူးပါ

ဂူထဲရောက်လို့ ပျောက်မှန်းသိရင်တောင် ကံကောင်းလှပြီ မြန်မာပြည်မှာ

လူမသိသူမသိပျောက်နေရင်ဒုက္ခ

ဖတ်လို့ကောင်း.. ဆက်ရေးပါအုးံ. ဆျာ😃

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 64266.51
ETH 3121.56
USDT 1.00
SBD 4.08