Facebook ၏ကျေးဇူးတရား

in #myanmar5 years ago

image

ကျန်းမာရေးမကောင်းလှသဖြင့် ကျန်းမာရေးဆိုင်ရာ page များ Group များရှာဖွေရင်း ဒေါက်တာခင်မောင်လွင်၏ Probiotic အကြောင်းလေ့လာဖတ်ရှုမိခဲ့သည်။ ထိုမှ Probiotic သည် ဆေးတောင်ထုတ်ထာတာရှိသလို ချဉ်ဖတ်၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ kefir ၊ ကင်ချီ အစရှိသော အစားအသောက်များတွက်ပါဝင်ကြောင်းသိရှိခဲ့ရသည်။ တဖန် Probiotic အုပ်စုဝင် kefir အကြောင်းသိရှိလေ့လာခွင့်ရခဲ့ပြီး kefir ၏ ကျန်းမာရေးအထောက်အကူပြုနိုင်ခြင်းအပြင် Water kefir Grain ကလေးများ အလှူဒါနပြုကြသူများဖြင့်ပြန့်ပွားရေးလုပ်ဆောင်မှုများကို kefir Group တစ်ခုက ပြုလုပ်နေကြောင်းသိခဲ့ရပြီး မိမိလည်းသုံးစွဲကြည့်လိုသဖြင့် အလှူခံလိုက်ရာ ချက်ချင်းလိုပင် ပေးလှူချင်သည့် လူများပေါ်လာခဲ့ပြီး နောက်တစ်နေ့တွင် မိမိထံ WKG များရရှိလာခဲ့ပါသည်။

ဤသည်မှာမြန်မာတို့၏ ပေးလှူတတ်သောစရိုက်နှင့် Facebook ၏ အရေးပါသော စွမ်း ဆောင်ချက်ကြောင့် အချိန်တိုအတွင်း wkg များရရှိလာခဲ့ခြင်းဖြစ်ပါသည်။

ဤနေရာတွင် WKG များအကြောင်းအနည်းငယ်ဖေါက်သည်ချပါမည်။ WKG ဆိုသည်မှာ water kefir grain ဖြစ်သည်။ kefir grain ဆိုသည်မှာ နို့ကိုအချဉ်ဖေါက်ရာမှရရှိလာသော ဘက်တီးရီးယားများနှင့် တဆေးများ၊ မှိုပိုးများ ပေါင်စပ်ဖွဲ့စည်းခြင်းဖြင့်ရရှိလာသော ဘက်တီးရီးယားအပေါင်းအစုဖြစ်သည်။ water kefir ဆိုသည်မှာ သကြားရေတွင် kefir grain ကလေးများအား ၄၈ နာရီ ကြာထား၍ အချဉ်ဖေါက်ရာမှရရှိလာသည့် အရည်ဖြစ် ပါသည်။ ၎င်းသည် Probiotic တစ်မျိုးဖြစ်ပါသည်။ Probiotic ကိုထပ်မံရှင်းလင်းပြောပြရ မည်ဆိုလျှင် လူ့ကိုယ်ခန္ဓာအတွင်းက အကျိုးပြုပိုးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုပိုးများသည် လူ့ကိုယ်ခန္ဓာအတွင်း ရှိနှင့်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးလာသည့်အခါ ကိုယ်ခန္ဓာခုခံကာကွယ်နိုင်စွမ်းလျော့ကျလာတတ်ပေရာ ပြင်ပမှာ Probiotic များကို ဖြည့်တင်းပေးရန်လိုအပ်သည့်အတွက် kefir ကဲ့သို့သော Probiotic များကို စားသုံးပေးစေခြင်းဖြစ်ပါသည်။

ကျွန်တော်တို့သည် facebook ကြီးကျေးဇူးကြောင့်ဗဟုသုတများတိုးပွားရရှိရသည့်အပြင် တစ်ဦးနှင့် တစ်ဦးမသိမမြင်ဖူးသူများကိုပင် သိမြင်ရင်းနှီးလာစေခဲ့သည်။ ငယ်စဉ်က အတူတွဲ၊ အတူသွား၊ အတူဆော့ကစားခဲ့သည့် သူငယ်ချင်းများကို အကြောင်းမျိုးမျိုးဖြင့်ခွဲခွာခဲ့ပြီး ပြန်လည်မဆုံတွေ့ နိုင်သည့်အဖြစ်ကနေ ပြန်လည်ဆုံတွေ့စေခဲ့သည်။ သူ၏အကျိုးတရား များကိုစာဖွဲ့ရေးသား၍မကုန်နိုင်ပါ။ နေရာဒေသအသီးသီးက ဒုက္ခရောက်နေသူများကိုလည်း ချက်ခြင်းသိရှိကြရပြီး အဆင့်ဆင့် ကူညီမှုများအရောက်ပေးပို့နိုင်သည်။ မမြင်မတွေ့ရသော် လည်း မိတ်ဆွေသစ်များရရှိပြီးခင်မင်ခွင့်ရရှိကြသည်။ ထူးဆန်းအံ့သြစရာအပြည့်ရှိပါပေ သည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သုံးတတ်ရင် ဆေး မသုံးတတ်ရင်ဘေး ဆိုတာပေါ့ ဦးမင်းရေ

ဟုတ်ပါ့ဗျာ

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.21% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63706.21
ETH 3073.80
USDT 1.00
SBD 3.76