နဂိုပြဲကော်တည်းမရ

in #myanmar5 years ago

နဂိုပြဲကော်တည်းမရ
image
ငယ်ငယ်ကတော့ သည်အဓိပ္ပါယ်ကိုသိပ်မသိပါ။ ခုတော့ ငယ်ကျင့်ကိုဖျောက်ဖျက်၍မရစကောင်း ဆိုသောအဓိပ္ပါယ်မှန်းသိလာပါသည်။ ဇနီးသည်သည် ငယ်စဉ်ရည်းစားဘဝကပင် မိမိပေးသည့်ပစ္စည်းများကိုတယုတယသိမ်းဆည်း တတ်သည့်အလေ့အကျင့်မရှိပါ။
မိမိ၏ဓာတ်ပုံတစ်ပုံကိုအမှတ်တရပေးထားပြီး နောက်တစ်ပတ်လောက်တွင်တွေ့သောအခါ ဘေးအိမ်ကကလေးကိုချီရင်း မိမိဓာတ်ပုံအား ဝါးစားနေသည်ကိုတွေ့ရဖူးသည်။ တစ်ခါ ရွှေအတုလက်စွပ်တစ်ကွင်းအားသူ့အားခေတ္တယူထားပေးပါရန်ပြောပြီး အဲတာတကယ်တော့ရွှေက အစစ်ဟုဆိုသောအခါ ထိုရွှေကိုရှာမတွေတော့ နောက်တော့မှ တွေ့ရာအိမ်ခဘမ်းတွင်တင်ထားပြီ်း မေ့နေကြောင်းတွေ့ရသည်၊
ဘယ်လိုပဲဖြစ်ဖြစ်မိမိလက်ထဲရောက်လျှင်ပြုပြင်၍ရမည်ဟုထင်မိခဲ့သော်လည်း အိမ်ထောင်သက် ၂၅ နှစ်ကျော်လာသည့်တိုင် မေ့တတ်မြဲ ၊တွေ့က ရာတွင်ပစ္စည်းတင်ထားတတ်မြဲဖြစ်နေသည်။
ထိုကြောင့် ချစ်သူမဖြစ်ခင်ကအရက်သမားသည်။ အချစ်အတွက်အရက်ဖြတ်လိုက်သည်။မင်းကိုချစ်လွန်းလို့ဆိုလျှင်မယုံလိုက်ပါနှင့် တကယ်ရပြီးသွား လျှင် အကြောင်းရှာတွေသည်နှင့်ပြန်သောက်မည် သာ ဖြစ်သည်။ နဂိုကအလုပ်တစ်ခုကိုလက်ကြော တင်းအောင်မလုပ်ချင်သူသည် အိမ်ထောင်သည် ဘဝရောက်လာလည်း လက်ကြောတင်းမည်မ ဟုတ်ပါ။ ပိုမဆိုးသွားလျှင်တော်လှပြီဟုသာ မှတ် ယူသင့်သည်။တစ်ခုတော့ရှိသည် အဆုံးအမနာခံတတ်သူ ၊မိမိအမှားမိမိပြင်လိုသူက သတိဖြင့်ထိန်း လျှင်တော့ နဂိုပြဲကိုကော်တည်း၍ ရနိုင်တာလည်းရှိသည်။ ကျွန်တော်ငယ်စဉ်က ခဲတံ၊ဘောပင်၊ဖောင်တိန်တို့အလွန်ပျောက်တတ် သည်။ နောက်ဆုံးပျောက်ပါများလာတော့ နောက်ကိုမပျောက်အောင်သတိထားတော့မည်ဟု ကျွန်တော်နှလုံးသွင်းကာနေလိုက်သည်။ထိုက တည်းက ထိုပစ္စည်းများမပျောက်တော့ပါ။
တကယ်တော့မကောင်းတဲ့အကျင့်တစ်ခုကို ပြုပြင်ပစ်လိုသောစိတ်ရှိဖို့ပို၍ အဓိကကျပါသည်။ ငါ့အကျင့်ကမကောင်းဘူးဆိုလည်း ဘယ်သူ့ထိခိုက်တာမှတ်လို့ ငါနေချင်သလိုနေမည် ဘယ်သူမှဂရုစိုက်မနေနိုင်ဆိုလျှင်မူ ပြောင်းလဲပြုပြင်လိမ့်မည်မဟုတ်ပါ။ နဂိုပြဲကော်တည်းရဖို့စိတ်သာပဓာနကျလေသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အကျင့်က တဖြည်းဖြည်း ပြင်ရင် ရပါတယ်။ ဗီဇ ကတော့ ဖျောက်မရလောက်ဘူးဗျ။ ကျွန်တော့ အတွေးပေါ့။

Posted using Partiko Android

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00