ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နည်းသစ်

in #myanmar5 years ago (edited)

image
ဒီကနေ့ကျင်းပမယ့်လွှတ်တော်က အရင့်အရင်လွှတ်တော်တွေနဲ့မတူတဲ့ ထူးခြားတဲ့လွှတ်တော်ဖြစ်ပါတယ်။ ဒီလွှတ်တော်က ဘာတွေထူးခြားသလဲဆိုရင် ကျွန်တော်တို့ သိကြတဲ့အတိုင်း လွှတ်တော်မှာတင်ကြတဲ့ အဆိုတွေကို ကန့်ကွက်သူရှိတဲ့အခါ မဲခွဲဆုံးဖြတ်ကြရပါတယ်။ မဲခွဲပြီးအဆုံးအဖြတ်ခံယူကြတဲ့အခါမှာ တော့မဲ များသူက အနိုင်ယူကြရတာပါ။ သို့သော်လည်း ဒီနေ့ လွှတ်တော်သစ်မှာတော့ မဲနည်းသူက အနိုင်စနစ် ကိုစတင်ကျင့်သုံးမှာဖြစ်ပါတယ်။ဒီကနေ့ ဒီစနစ်ကိုပြောင်းလဲကျင့်သုံးလိုက်တဲ့အတွက် ဒီမိုကရေစီအနိုင့်ကျင့် လို့မရတောပါ့ဘူး။ထောက်ခံမဲများရင်ရှုံးမှာဖြစ်ပြီး ကန့်ကွက်သူများရင်တော့ အနိုင်ပေးသွားမှာဖြစ်ပါတယ်။ ထူးဆန်းတယ်လိုတော့မထင်စေချင်ပါဘူး။ တစ်ချို့သော အဲ...လူထူးထူဆန်းတွေရဲ့အလိုဆန္ဒအရဒီစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ရတာပါ။

ဒီနေ့အစည်းအဝေးမှာ အခြေခံဥပဒေကြီးကို ပြင်မယ်ဆိုတဲ့ အဆိုကြီးကို ထောက်ခံသူတွေ၊ ကန့်ကွက်သူ တွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးပါပြီ။ ကန့်ကွက်သူတွေရှိနေတဲ့အတွက် မဲခွဲဆုံးဖြတ်ရတော့မှာဖြစ်ပါ တယ်။ ဒီနေ့မှာတော့ အမတ်ဦးရေများတဲ့ပါတီကနေ ဒီမိုကရေစီအနိုင်ကျင့်လို့မရအောင် ထောက်ခံမဲများသူ အနိုင်မရတဲ့ မဲနည်းသူအနိုင်ပေးစနစ်ကို ပြောင်းလဲကျင့်သုံးတော့မှာဖြစ်လို့ ဒီမိုကရေစီအနိုင်ကျင့်ဖို့ စိတ် တောင်မကူးနဲ့တော့လို့ ပြောကြားလိုက်ပါတယ်ဗျား။ငှဲငှဲငှဲငှဲ.......

မဲစတင်ပေးလို့ရပါပြီခင်ဗျား...

မဲပေးခွင့်ရှိသူစုစုပေါင်း...၆၂၄

ထောက်ခံမဲ ..............၁

ကန့်ကွက်မဲ ...............၆၂၃

ကြားနေမဲ....

မဲပေးသူစုစုပေါင်း........၆၂၄

ဟင်......ထောက်ခံသူကတစ်ယောက်တည်းပါလား၊ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ဦးစွာပြောကြားခဲ့သည့် အတိုင်း လွှတ်တော်စနစ်သစ်ကိုပြောင်းလဲကျင့်သုံးခဲ့ရာမှာ ကန့်ကွက်သူများတဲ့အတွက် အခြေခံဥပဒေ ကြီးကို ပြင်ဆင်ဖို့အတည်ပြုလိုက်ပါပြီခင်ဗျား.....

ဤသို့ဤပုံဖြင့်အခြေခံဥပဒေကြီးကိုပြင်ကြည့်ရင်ကောင်းမလားလို့ပါ။ ချိတ်ချိုးကြနဲ့နော်...

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကြားနေမဲက ၆ ခုဆိုလား ဦးမင်း
ဖေ့စ်ဘွတ်ကြီးမှာ ဖတ်လိုက်ရတယ်

ပုံစံသစ်လုပ်မှရတော့မှာ

Posted using Partiko Android

ပြင်ရရင် ပြီးတာပဲဗျ။ ဘယ်လို ဖြစ်ဖြစ်။ လုံးဝ ဖျက်ပြီး တရားမျှမျှတတ ဖြစ်အောင် အသစ်ပြန်ရေးရင် ပိုကောင်းသေး။

Posted using Partiko Android

အသစ်ရေးတာတော့အကောင်းဆုံးဟုတ်တယ်

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98