ဆင်းရဲကြောင်းထောက်ခံစာ

in #myanmar6 years ago

image
ဆင်းရဲကြောင်းထောက်ခံစာ

အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်အတွက် ဝင်ခွင့်ဖြေဆိုရသော စနစ်ရှိသည် ကျွန်တော်တို့နိုင်ငံလို ဆယ်တန်းအောင်သည့်အမှတ်နှင့် ခွဲခြားသည်မဟုတ် ၊ဆယ်တန်းအောင်သော်လည်း ဘယ်တက္ကသိုလ်မှ ဝင်ခွင့် မအောင်လျှင် နောက်တစ်နှစ်အထိဆက်စောင့်ရမည်။ နောက်တစ်နှစ်လည်းဝင်ခွင့်ရဖို့ဆက်ဖြေရဦးမည်။ ကျောင်း သားတစ်ယောက်အတွက် တစ်နှစ်နောက်ကျလျှင်အရာရာနောက်ကျသွားသည်မို့ တစ်နှစ်တည်းနှင့်ကျောင်း ဝင်ခွင့် ရရှိနိုင်မှသာ ဖြစ်မည်။ အိန္ဒိယရုပ်ရှင်ကားတစ်ခုတွင် ချမ်းသာသောမိသားစုမှ ကလေးတစ်ဦးသည် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲများကိုဖြေဆိုနေသည်။ ဝင်ခွင့်ဖြေဆိုတိုင်းမအောင်နိုင်ပဲ ဟိုကျောင်းကလည်းလက်မခံ၊ သည် ကျောင်းကလည်းလက်မခံဖြစ်သဖြင့် ဒီနှစ်တော့ ဒီကလေးကျောင်းဆက်တက်ရဖို့ မမြင်တော့ အခြေအနေ ဖြစ်နေသည်။ကျောင်းဝင်ခွင့် ဖြေဆိုခဲ့တာ (၄)ကျောင်းရှိသွားပါပြီ။ အခု(၅)ကျောင်းမြောက်နောက်ဆုံးကျောင်း။ ဒီကျောင်းမှ မရလျှင်သွားပြီ။ မိဘတွေကို ဒုက္ခပေးလွန်းတဲ့ကလေး။ ဝင်ခွင့်လေးတောင်ပါအောင်မဖြေနိုင်ဘူး ဆို တော့တော် တော်ဆိုးရွားလှသည်။ မိဘများခေါင်းစားလွန်းသဖြင့် ချွေးဒီဒီးကျသည်။ အကြံအိုက်လှသည်။ နောက် ဆုံး ကျောင်းကိုမှ ဝင်ခွင့်မပါလျှင် မဖြစ်တော့ သဖြင့် မဖြစ်ဖြစ် အောင်လုပ်ရတော့မည်။စုံစမ်းကြည့်လိုက်တော့ နောက်ဆုံးကျောင်းတွင် ဆင်းရဲသား ၂၅%မဖြစ်မနေလက်ခံရမည် ဆိုသော မူရှိနေသည်ဟုသိရသည်။ ရိုးရိုးဝင် ခွင့်ဖြေနေလို့ကတော့ ရစရာမရှိတော့သဖြင့် ကြံမိကြံရာကြံရပါတော့မည်။
image
ဆင်းရဲသားရပ်ကွက်အတွင်း ဆင်းရဲကြောင်းထောက်ခံစာရနိုင်မရနိုင် စုံစမ်းကြည့်တော့ အနည်းငယ် ပေးကမ်းလိုက်ရုံဖြင့် ရရှိနိုင်ကြောင်းသိရသည်။ သို့သော် ထောက်ခံစာရသော်လည်း ဆင်းရဲသားရပ်ကွက် အတွင်း အမှန်တကယ်နေထိုင်ခြင်းရှိမရှိ လာရောက်ကြည့်ရှုတတ်သည်ဟုဆိုသည်။နောက်ဆုံးတော့ ချမ်းသာသောမိသား စုမှကလေးတစ်ယောက် ကျောင်းဝင်ခွင့်ရရှိရေးအတွက် ဆင်းရဲသားရပ်ကွက်အတွင်းသို့မိသားစုလိုက် ပြောင်းရွေ့ ရတော့သည်။
image
သို့သော် သူတို့ဆီက စုံစမ်းစစ်ဆေးသူများသည် အတော်လေးတိကျသည်ဟုဆိုရမည်။ အိမ်အထိ လိုက်ကြည့်ကြသည်။ ဆိုတော့ အပြင်ဘက်မှအိမ်နှင့်ခြံမှာ စုတ်ပြတ်နေသော်လည်း အိမ်အတွင်းအသုံးအဆောင် ပစ္စည်းများမှာ အတော် အတန်အဆင့်အတန်းမြင်သူများသာသုံးစွဲနိုင်သော ပစ္စည်းများဖြစ်နေသောအခါ မသင်္ကာ ဖြစ်လာသည်။ပို၍ဆိုးရွားသည်မှာ အမှန်တကယ်ဆင်းရဲသည့် မိသားစု၏ သားသမီးနှင့် ဝင်ခွင့် အတွက် ယှဉ်ပြိုင် ရသောအခါ ၊အမှန်တကယ်ဆင်းရဲသူ တစ်ယောက် နစ်နာရမည့်ကိစ္စမျိုးကြုံတွေ့လာသောအခါ …..
ဤနေရာတွင်ဇာတ်လမ်းကိုပြောပြလိုခြင်းမဟုတ်ပါ။ ထောက်ခံစာအကြောင်းကိုသာတင်ပြလိုခြင်းဖြစ်ပါ သည်။ ကျွန်တော်တို့သည် လည်းထောက်ခံစာမျိုးစုံအောင်ပြုလုပ်ကြသည်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာကို အကျငိ့်စာရိတ္တကောင်းမကောင်းမသေချာသော ရဲနှင့်အုပ်ချုပ်ရေးမှူးတို့ထံတွင်ယူကြရသည်။ ကျန်းမာကြောင်းထောက်ခံစာကို လူကိုတိုင်မသွားခဲ့ပဲ ယူခဲ့ဖူးသည်။ နေထိုင်ကြောင်းထောက်ခံစာ၊ ဝန်ထမ်း ဖြစ် ကြောင်းထောက်ခံစာ၊ သေဆုံးကြောင်းထောက်ခံစာ၊ ခရီးသွားထောက်ခံစာစသည်ဖြင့်ယူကြရသည်။ အမှန်အကန် တွေရှိသလိုအကြံအဖန်တွေလည်းရှိကြပါသည်။ မည်သို့ဆိုစေကာမူ ထောက်ခံစာပေးသည်သူသည် အဓိပ္ပါယ် ရှိသော ထောက်ခံစာတစ်ခုဖြစ်စေရန် အတိအကျစုံစမ်းစမ်းစစ်ဆေးစေလိုခြင်းသာဖြစ်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Sort:  

တခုခုလုပ်မယ်ဆို ထောက်ခံစာက မပါမဖြစ်

ကိုယ်အကြောင်းမသိလည်းထောက်ခံတာပါပဲ

ဘ၀ရဲဒုက္ခ​တွေက ​ဆိုးပါတယ်

ကောင်းတဲ့အခါလည်းကောင်းပါတယ်

ယခုပိုစ့်ကို ဖတ်ရှုပြီး vote ပေးကြောင်း ထောက်ခံစာလာယူတာပါ

ထောက်ခံစာပေးလိုက်ပီ

မရန်မာ ပြည်ပါဗျားး ဘယ်ဟာလုပ်လုပ်ထောက်ခံစာတွေချည်းဘဲ့ တော်တော်ထောက်ခံစာတောင်းတဲ့တိုင်းပြည် 😓

ခုလိုပြောတာကိုထောက်ခံပါသည်

မြန်​မာပြည်​ကအလုပ်​မှန်​သမျှ​တောင်းလိုက်​တဲ့​ထောက်​ခံစာပါရှင်​။

ယူအုံးမလား msc ဖြစ်ကြောင်း

မှန်ပါတယ်။မှန်ကန်တိကျတဲ့ထောက်ခံစာများပေးဖို့ စုံစမ်းဖို့လိုပါတယ်။

ရမ်းသမ်းမပေးဖို့ဟုသယ်

ကျုပ်လဲထောက်ခံစာတစ်ခုတော့လိုနေတာအမှန်ပဲဗျာ။

၁၆ နှစ်ဖြစ်ကြောင်းထောက်ခံစာတော့ရဘူး

တက္ကသိုလ်​ မှာပဲ အချိန်​​တွေ အလကားကုန်​တာလဲ ရှိပါတယ်​ဗျ

ထောက်ခံစာကို လူကိုယ်တိုင်မသွားပဲယူကြတယ်
ထောက်ခံပေးတဲ့သူကလည်း ဘယ်သူလာမယ်မှန်းကြိုမသိဘဲ
လက်မှတ်တွေကြိုထိုးထားကြတယ်

Warr ဦးမင်း ခေါင်းစဉ်ကတော့ အဆန်းကြီး

တချို့ကဆန်းမှကြိုက်တာလေ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00