တာဝန်ယူသူတာဝန်ပိ၊တာဝန်မယူတာဝန်ကင်း

in #myanmar5 years ago

image

တာဝန်ယူသူတာဝန်ပိ၊တာဝန်မယူတာဝန်ကင်း

ဘယ်နေရာမှာမဆိုလား၊ မြန်မာပြည်မှာပဲလားတော့မသိပါ။ တာဝန်မယူရင်တာဝန်ကင်းပြီးတာဝန်ယူတာနဲ့ တာဝန်ပိပါလေရော။မိသားစုထဲမှာကြည့်ကြည့် လုပ်ငန်းခွင်ထဲမှာကြည့်ကြည့် ဒီသဘောကိုတွေ့ရပါတယ်။ မိသားစုတစ်ခုမှာ အကြီးဆုံးကဖြစ်စေ၊ အငယ်ဆုံးကဖြစ်စေ၊ အလတ်ကဖြစ်စေ မိသားစုတာဝန် တွေယူ မိတယ်ဆိုပါစို့ ကျန်တဲ့သူတွေက ကျေးဇူးမတင်ပါ။ ကျေးဇူးတင်သယောင်သာပြုခြင်းခံရပြီး တကယ် တမ်းတစ်ယောက်တစ်လှည့် မိသားစုဝန်ထမ်းကြမလားဆိုရင် မဖြစ်နိုင်တာတွေ၊ အခက်အခဲတွေတန်းစီပြော ပြီး ရှောင်ထွက်တတ်ကြစမြဲပါ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မိသားစုတာဝန်ကောင်းကောင်းမယူတဲ့ အဖေကြောင့် သားကဝင်ပြီးမိသားစုတာဝန်ထမ်းရတဲ့ အကြောင်းလေးကြားဖူးခဲ့တယ်။ ထားပါတော့ဘာပဲ ပြောပြော မိသားစုတစ်ခုမှာ တာဝန်ယူတတ်တဲ့သူတစ်ယောက်ရှိနေတာကောင်းပါတယ်။ ဘယ်သူပဲတာဝန် ယူယူ မိသားစုဒုက္ခမရောက်တော့ဘူးပေါ့။ခက်တာက ဒီသားက သူ့ရှေ့ရေးအတွက် မိန်းမယူဖို့ရှိသေးတယ်။ သူ့ချစ်သူကောင်မလေးကို စောင့်ခိုင်းထားရတယ်။ ဒီအချိန်မှာ မိသားစုအတွက် လုပ်ကိုင်ကျွေးမွေးရုံမကပဲ ခုလိုအနစ်နာခံနေပေမယ့်။ ဘာတာဝန်မှဖြစ်ဖြစ်မြောက်မြောက် မယူချင်တဲ့ အဖေလုပ်သူကကြတော့ နောက်မိန်းမထပ်ယူလိုက်တယ်။ အဖေထပ်ယူတဲ့ နောက်မိန်းမက အိမ်ပေါ်တက်လာတော့ သားဖြစ်သူက ဆက်ပြီးလုပ်ကျွေးရပြန်တယ်။ ဒါကဇတ်လမ်းလေးပါ။ တကယ့်အဖြစ်ကိုပြန်ရေးထားတဲ့ဇတ်လမ်းထင်တာပဲ။

ဒီနေ့ အလုပ်ထဲမှာလည်း ရှိသေးတယ်။ အစိုးရအလုပ်ဆိုတော့ အလုပ်မလုပ်ဘူး။ တာဝန်ယူမှုအားနည်း တယ်ဆိုပေမယ့်အဆူခံရရုံအပြင်မရှိဘူး။ဒါပေမယ့် တာဝန်ယူသူကြတော့ ရာထူးတိုးပေးတာလည်းမဟုတ်ပဲ။ တာဝန်တွေပိနေရော အော်...သူကဖြင့်သူ့တာဝန်တွေအပြင် တစ်ခြားတာဝန်တွေပါယူပေးပါလား။ တာဝန် သိလှပါလားလို့ အသိအမှတ်ကလေးပြုရာထူးလေးတိုးပေးဖို့လုပ်ရင်တော့ တစ်မျိုးပေါ့။ ဘယ်သူမှတာဝန် ယူပြီးမပြောပေးချင်ကြပါဘူး။သူ့အတွက်ဆိုတော့ ကိုယ့်အတွက်မဟုတ်လို့ပဲလားတော့မသိပါဘူး။

နောက်တစ်ခုက ဘဏ္ဍာရေးကလုပ်ရမယ့်အလုပ်တွေကို စီမံရေးကိုလာခိုင်းတယ်။ ဘာတာဝန်ပေးပေး တာဝန်မရှောင်တတ်တဲ့သူက လုပ်ပေးရင်း သူများတာဝန်ကိုယ့်တာဝန်ဖြစ်လာတယ်။နောက်ကျတော့ ဒီကိစ္စ အမြဲစီမံရေးကိစ္စဖြစ်လာပြီး ဘဏ္ဍာရေးက ရှောင်ထွက်တယ်။ဒါကိုတစ်ခုခုမှားနေပြီလို့သိကြပေမယ့်။ ဘယ် သူကမှ တာဝန်ယူပြီးပြောင်းလဲမပေးတော့ စီမံရေးကလူကတာဝန်တွေပိနေတယ်။ စိတ်ညစ်လို့ မြန်မြန် အလုပ်ထွက်ဖို့ ပင်စင်ယူနိုင်ဖို့ကြိုးစားနေတယ်။ဘယ်သူကမှလည်း မသိဘူး။ ဒီအတိုင်းပဲကြည့်နေကြတယ်။ တရုတ်ပြည်မှာ ကားတက်နင်းသွားတဲ့ကလေးကို တစ်ယောက်မှ ဝင်ကယ်ရမှန်းမသိကြသလိုမျိုးပဲ။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မှန်လိုက်တာဗျ

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 63839.42
ETH 3215.37
USDT 1.00
SBD 3.83