သူဌေးမြို့

in #myanmar5 years ago (edited)

သူဌေးမြို့

ငယ်ငယ်တုန်းက ရန်ကုန်မြို့ရောက်သည့်အခါ မနက်စောစော ဘယ်ဆိုင်မှဖွင့်ထားသည့် ဆိုင် တွေမတွေ့ရ၊ ၉ နာရီထိုးလောက်မှသာ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်ဖွင့်လာသည်ကိုမြင်ဖူးခဲ့ သည်။
ယနေ့ကျွန်တော်ပြည်မြို့ကိုရောက်နေသည်။ နံက် ၆ နာရီအထိတော့ ဆိုင်တခါးတွေပိတ်ထားကြ ဆဲဖြစ်သည်။ ကျွန်တော်သည် နံက် ၄ နာရီက တည်းကနိုးနေသည်။
လွန်ခဲ့သော အနှစ် ၂၀ ကျော်က သူငယ်ချင်းများ နှင့်လ္ဘက်ရည်ဆိုင်ဖွင့်ခဲ့ဖူးသည်၊ မနက် ၂ နာရီဆို ထရသည်။ ဂျုံနပ်မည့်ကုလားလည်းအ စောကြီး ရောက်တတ်သည်။ ဘာပဲပြောပြော အိပ်ရေးပျက် သော်လည်း လုပ်ခဲ့ကြရသည်၊ ခုနောက်ပိုင်းလူတွေ အဆင်မပြေဘူးငြီးကြသည်။ အလုပ်အကိုင်မပေါ ဘူးဆိုကြသည်။ သို့သော် မနက်သောစောပင်အိပ် ယာထသောအကျင့်မရှိကြ။ နေဖင်ထိုးအောင်အိပ်ကြသည်။ သည်လိုမျိုးအ အိပ်ကြီးကြပုံမျိုးနှင့် ကြီးပွားချမ်းသာကြပါမည် လား။ အချိန်တွေသမြောစရာကောင်းလှသည်။
မနက်စောစောအိပ်ယာထလျှင် အကြံဉာဏ် ကောင်းတွေထွက်သည်၊ အာရုံစူးစိုက်နိုင်သည်။ အလုပ်တွေအများကြီးပြီးစီးနိုင်သည်။ သို့သော်မြန်မာတွေအိပ်ကြသည်၊ တို့မြန်မာတွေ သည် လိုမျိုးအေးအေးဆေးဆေးအိပ်ပျော်နေရ မည့်အချိန်အခါမျိုးဟုကျွန်တော်မထင်ပါ။ အများကြီးကြိုးစားကြရဦးမည်။အများကြီးရုန်း ကန်ကြရဦးမည်။
ကမ္ဘာကြီးတွင်မအိပ်မနေကြိုးပမ်းအားထုတ်မှုများ ရှိနေဆဲတွင် နှစ်ပေါင်းရာချီ၍ နောက်ကျကျန်ရစ် သည့် ကျွှန်တော်တို့တွေ အိပ်ပျော်နိုင်ကြသည်ကို ကျွန်တော်အံသြမိသည်။
ကျွန်တော်ကား မအိပ်နိုင် ကိုယ့်အတွက်လည်းပူ သည်၊ ဇနီးအတွက်လည်းပူသည်။ မိဘဆွေမျိုး တွေအတွက်လည်းပူသည်။ မြန်မာလူမျိုးတွေအတွက်လည်းပူသည်။ ပူရုံဖြင့်အကျိုးမရှိ။ တစ်ခုခုလုပ်ပေးဖို့လည်း ကြိုး စားရမည်ဖြစ်ကြောင်းနားလည်ပါသည်။ တတ်စွမ်းသ၍လည်းလုပ်နေသည်။ ငယ်ရွယ်သူ များနီးစပ်သူများကိုအမြဲတွန်းအားပေးသည်။ စာ အုပ်တွေပေးသည်။ video file တွေပြသည်။ မိမိပြသည့် Video ကိုအသံတိုးပြစ်သည်။ တစ်ဝက်တပျက်ပိတ်ပြစ်သည်။ တပါးသူအတွက် အနှောက်အယှက်ဖြစ်စေလို့လား။ တစ်ယောက်မှ တစ်ရာအထိကြားသွားစေချင်သည်။ ကောင်းသော စကား၊ကောင်းသောအတွေး၊ အမြင်ကောင်းသော အလုပ်တွေလုပ်ပေးနေသည် ခိုးကြောင်ခိုးဝှက်လုပ် နေရမည်လား။ လူတွေအတော်များများသည် တစ်လွဲမှာသာဆံပင်ကောင်းချင်ကြသည်။
မနေ့က အက် ၄၀ ဝန်းကျင်လူတစ်ယောက်နှင့်ဆုံ သည်၊ အလုပ်မရှိဟုသိရ၏။ ဘာနဲ့ထမင်းစားနေ လဲမေးတော့ မိဘလက်ထက်ကကျန်ရစ်ပစ္စည်းများ တစ်ခုပြီးတစ်ခုရောင်းစားနေသည်ဟုဆိုသည်။ ခက်လေပြီ။

Sort:  

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Hi, @minsoenaing!

You just got a 0.12% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61572.53
ETH 2995.53
USDT 1.00
SBD 3.73