Value Add နှင့် semi skill, skill, expert, profectional အကြောင်း

in #myanmar5 years ago

image

Value Added ဆိုတဲ့စကားလုံးကို ကြားဖူးတာကြာခဲ့ပါပြီ။ အကြမ်းဖျင်းတော့နားလည်ခဲ့ပါ၏။မူတန်ဘိုးထက် နောက်ထပ်တန်ဘိုးတစ်ခုထပ်ပေါင်းခြင်းဟု ထင်ပါသည်။ ဥပမာ ကျောက်စိမ်းအရိုင်းတုံး တစ်ခုကိုရောင်းချ၍ ရနိုင်သည့်တန်ဘိုးထက် ထိုကျောက်စိမ်းကို သွေး၍ ပန်းပုရုပ်၊ လက်စွပ်၊ လက်ကောက်၊ လည်ဆွဲအဆင် တန်ဆာအဖြစ်ပြုလုပ်လိုက်သောအခါ တန်ဘိုးတစ်ခုထပ်တက်လာခြင်းမျိုးဖြစ်ပါသည်။ နောက်ဥပမာတစ်ခုပြ ရလျှင် ဆယ်တန်းအောင်သည့် လူတစ်ယောက်၏တန်ဘိုးထက်၊ ဘွဲ့ရသည့်လူ၏ တန်ဘိုးကမြင့်လာသည်။ ဘွဲ့ရသူချင်းအတူတူ အင်ဂျင်နီယာ၊ ဆရာဝန်ဘွဲ့များကို တန်းဘိုးပိုပြန်သည်။ ထိုအပြင် ဘွဲ့တစ်ခု ထက်ပိုပြီး ဘွဲ့နှစ်ခု၊ ဘွဲ့နှစ်ခုထက်ပိုပြီးဘွဲ့သုံးခု၊ ဘွဲ့သုံးခုထက်ပိုပြီး ဘာသင်တန်း၊ညာသင်တန်းတွေတက်ထားပြီးသား ဆိုလျှင်ပို၍ တန်ဘိုးကြီးလာသည်။ ဤသည်ကိုပင် Value Added ပြုလုပ်သည်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

သို့ရာတွင် ဝန်ထမ်းဖြစ်စေ၊ သာမန်ပြင်ပအလုပ်သမားဖြစ်စေ မိမိကိုယ်ကို Value Add ပြုလုပ်ခြင်းထက် ရာထူးလစာတို့ကိုသာ တိုး၍လိုချင်တတ်ကြပါသည်။ လစာမတိုး၍ ပွစိပွစိလုပ်နေသူကို ခေါ်၍ မေးမြန်း ကြည့်ပါက မူလလုပ်နေကျထက်ပိုမိုမလုပ်လိုတတ်၊ ပိုမိုလေ့လာကြခြင်းလည်းမတွေ့ရတတ်ပါ။ လူတိုင်းကို တော့မဆိုလိုသော်လည်း အများစုမှာထိုနည်းနှင်နှင်သာဖြစ်ပါသည်။ ရာထူးတိုးလိုကြသော်လည်း တိုးလာ မည့်ရာထူးနှင့်ထိုက်တန်အောင်လေ့လာဖို့ ကျွမ်းကျင်အောင်လေ့ကျင့်ကြဖို့ထက် ရာထူးတိုးစာမေးပွဲ အတွက် သာ စာကြည့်ရုံကြည့်လိုကြသူများသာ ရှိတတ်ကြပါသည်။

ဝန်ထမ်းအများစုသည် Skill worker, expert, profectional စသည်တို့ထက် semi skill worker တွေသာ အများစုဖြစ်နေကြရာ ဆက်လက်လေ့လာမှုပြုရန် အားထုတ်လိုသူနည်းပါးလှပါသည်။ ထို့အတွက် ဝန်ထမ်း အများစုအား Skill worker များဖြစ်လာစေရန်ပထမဦးဆုံးလေ့ကျင့်ပညာသင်ပေးမှုများပြုလုပ်သင့်ပါသည်။ expert နှင့် profectional အဆင့်အထိလေ့လာလေ့ကျင့် သင်ယူမှုကိုမူ၎င်းတို့၏ သဘောအတိုင်းသာဖြစ်စေ နိုင်ပါသည်။ ဤနေရာတွင် Skill worker, expert, profectional တို့အားအနည်းငယ်ရှင်းပြပါမည်။ Skill worker အဆင့်ဆိုလျှင် မိမိအားပေးအပ်သောတာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်သူကျွမ်းကျင် အဆင့်ဝန်ထမ်းဖြစ်ပါသည်။ သို့သော် expert ထက်တော့ လိုအပ်သေးသည့်သဘောဖြစ်ပါသည်။ expert သည် ကျွမ်းကျင်မှုအတွက် ပြည့်စုံသည်မှန်သော်လည်း expert တွင်ကျင့်ဝတ်မရှိပါ။ သူ၏ ကျွမ်းကျင်မှုအား ဝယ်ယူလျှင် (ငွေရလျှင်) လုပ်ပေးနိုင်သည့်အဆင့်သဘောဖြစ်ပါသည်။ ဝန်ထမ်းဖြစ်လျှင် လူကြီးအားကိုးရ မည့်သူဖြစ်ပါသည်။ သို့သော်လုပ်ခလစာ ပိုပေးသူ၊ ရာထူးတိုးပေးမည့်သူရှိပါက ထိုသူတို့ထံတွင် ဝင်ရောက် လုပ်ကိုင်သွားတတ်ပါသည်။ profectional အဆင့်မှာမူ ကျွမ်းကျင်ရုံမျှမက ကျင့်ဝတ်ပါရှိပြီး အလုပ်အပ် လိုသူက သူ့ကိုလိုက်ရှာဖွေနေရသည့်အဆင့်မျိုးဖြစ်ပါသည်။ ဝန်ထမ်းဖြစ်ပါကလည်း ရာထူးတောင်းစရာမလို လုပ်ငန်းရှိတိုင်းရှာဖွေရမည့်လူမျိုးဖြစ်ပါသည်။ လုပ်သက်အတွေ့အကြုံများအရေးမကြီးတော့ပဲ။ သူတောင်းဆို သည့်ရာထူးမျိုးကို ရနိုင်သည့် သဘောအထိကျွမ်းကျင်သူများဖြစ်ပါသည်။

ကျွန်တော်တင်ပြလိုသည်မှာ မိမိကိုယ်ကိုယ် expert သို့မဟုတ် profectional အဆင့်ကျိုးစား အားထုတ် ထားသူများအတွက် ရာထူးနဲ့ငွေမှာ အရေးတကြီးပြောနေရမည့်မရှိတော့ပဲ။ ကိုယ်နောက်ကတစ်ကောင် ကောင်ပြန်လိုက်နေမည့်အရာများသာဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00