ဟာတာတာ​နေ့ရက်​များ ...

in #myanmar6 years ago (edited)

image

ယခုတစ်​ပတ်​ ​နေမ​ကောင်း၍ ပရိုမတင်​နိုင်​လိုက်​​ပေ .. ​နေမ​ကောင်း၍ဆိုခြင်းထက်​ ကိုက်​ခဲကာ တစ်​ကိုယ်​လုံးမအီမသာ ဖြစ်​​နေခြင်းက စာ​ရေးချင်​စိတ်​ကို ကြီးစွာ​သော အ​နှောက်​အယှက်​ဖြစ်​​စေ၏။

image
Image credit - Original source

သေချာပြန်​လည်​​တွေးကြည့်​လျှင်​ ပရိုမတိုင်​ခင်​ အရင်​ရက်​များမှာ ​လူလည်းနေ​ကောင်း​နေပြီး စိတ်​လည်းလန်းဆန်း​နေပါလျှက်​ ပရိုရက်​ ​ဝေးပါ​သေးသည်​ဆိုပြီး ​ပေါ့​ပေါ့​နေကာ ကြိုတင်​​ရေးသားမထားခဲ့​ပေ။ ပရိုရက်​​ရောက်​​သောအခါတွင်​​တော့ လူက​နေမ​ကောင်း စိတ်​ကမကြည်​​သော အ​ခြေအ​နေမျိုးတွင်​ စာ​ရေးရန်​ မည်​သို့မျှ အာရုံစိုက်​လို့အရ​တော့​ပေ။ ​ရေးရန်​မဆိုထားနှင့်​ အရင်​​နေ့များတွင်​ သွား​လေရာပါတတ်​​သော ဖုန်းကိုပင်​ မကိုင်​ချင်​​လောက်​​အောင်​ နုံးချိ​နေ​ပေသည်​။

image
Image credit - Original source

မ​နေ့ည ရှစ်​ခွဲ ကိုးနာရီ​လောက်မှာ​တော့ နှစ်​ရက်​ခန့်​နုံး​ခွေ​နေရမှ အနည်းငယ်​ ပြန်​လည်​ လန်းဆန်းလာရ၏။ မိမိမှာ ​နေမ​ကောင်း၍ ပို့စ်​ မတင်​လိုက်​ရ​သော်​လည်း မိမိ၏​ဘော်​ဒါများကို​တော့ဖြင့်​ အား​ပေးရအုံးမည်ဟု ​တွေးကာ Vote & Ment ကို ကမန်းကတန်းလိုက်​ဖြည့်​ရ​လေ၏။

အားလုံးပြီးစီးသွားချိန်​တွင်​ မနက်​ တစ်​နာရီ ခွဲ​ခန့်​ရှိသွား​ပေပြီ။ ဖုန်းပိတ်​ အိပ်​ယာဝင်​ခဲ့ပြီး မနက်​ နိုး​သောအခါ ထုံးစံအတိုင်​ မိမိဘ​လော့​လေးထဲဝင်​ကြည့်​မိ၏ ။ လွန်​ခဲ့​သော ​လေးရက်​က ​နောက်​ဆုံးတင်​ထား​သော ပို့စ်​ အ​​ဟောင်း​လေးက မိမိကိုယ်​ ကျီစယ်​​နေသလိုပင်​။

ခါတိုင်း ပရိုရက်​များဆိုလျင်​ မိမိပိုစ့်​အား အား​ပေးကာ လာမန့်​​သောမိတ်​​ဆွေများကို reply ပြန်​စရာရှိတာ ကျန်​ မကျန်​ စစ်​ရတာအ​မော ..
တစ်​​ယောက်​တစ်​လေ မျက်​စိလျှမ်းကာ ကျန်​​နေခဲ့လျှင်​ လွန်​စွာ အားနာမိ​လေ၏။ ထိုသို့မဖြစ်​ရန်​ ​သေချာစိစစ်​ကာ reply ပြန်​ရသည်​။ ထို့​နောက်​ ပရို လာ​ပေးသွားပြီလား ..$ ​လေး​တွေတက်​လာပြီလား ဆိုပြီးဝင်​ကြည့်​ရပြန်​​လေသည်​။ ယခုပရိုတွင်​မ​တော့ မိမိ၏ ​ပေါ့​လျော့မှု၊ ​နေ့​ရွေ့ ည​ရွေ့ အချိန်​ဆွဲ​နေမှု​ကြောင့်​ မိမိ၏
ပရို​နေ့ရက်​​လေးသည်​ ဟာတာတာ
ဖြစ်​လို့​နေရပါ​တော့သည်​။

image
Image credit - Original source

image
Written by @myanmarpyithar
MSC 103

Sort:  

ကျန်းမာရေးသည်အရေးအကြီးဆုံး။ကျန်းမာမှကျန်တာလုပ်နိုင်မှာဗျာ။ကျန်းမာရေးကောင်းအောင်နေထိုင်ပါကိုမြန်မာရေ။

ဟုတ်​တယ်​ အစ်​ကို​ရေ .. ကျန်းမာ​ရေးမ​ကောင်းရင်​ အ​တော်​ဒုက္ခ​ရောက်​​တာဗျာ ..

ကျွန်​မ​တော့Proကိုအလွတ်​မခံဘူး။

ဟုတ်​ မအိ​ရေ .. ဘယ်​လိုမှကို မ​ရေးနိုင်​လိုက်​တာဗျာ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျန်းမ​ရေး​​တော့ ဂရုစိုက်​ပါဗျာ

ဟုတ်​ ကို​အောင်​ကြီး​ရေ .. ​ကျေးဇူးပါဗျာ ..

နောက်အပတ်တွေ ရှိပါသေးတယ် စာရေးတယ် ဆိုတာကလည်း ဘယ်လောက်ဖျစ်ညစ်ထုတ်ပေမဲ့ ထွက်တဲ့အခါမှ ထွက်တာ ဇာန်မဝင်တဲ့ အချိန်များ စာတစ်ကြောင်းတောင် မထွက်ပါဘူးအေ

ဟုတ်​ပါ့ မစု​ရေ .. ကိုယ့်​ကိုယ်​ကို မ​ရေးနိုင်​ မ​တွေးနိုင်​​လောက်​တဲ့အထိ ဖြစ်​သွားတာကို ​တော်​​တော်​ အားမလို အားမရ ဖြစ်​မိသလို ကျန်းမာ​ရေးတန်​ဖိုးလည်း သ​ဘော​ပေါက်​မိပါတယ်​ဗျာ ..

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60725.43
ETH 2900.91
USDT 1.00
SBD 3.59