Interesting Ghost Short Story

in #myanmar6 years ago (edited)

တစ္ဆေ့ရန်ငြိုး(ဒုတိယပိုင်း)

  "ဒီလိုပါဗျာ...ခင်ဗျားနဲ့ ကျုပ်နဲ့ဟာ တစ္ဆေ. သရဲတွေဖြစ်ပါလျက်နဲ့ ခင်ဗျားက အဝတ်အစား ပြည့်ပြည့်စုံစုံ မရှိ....ရုပ်ရည် ဆိုးဆိုးဝါးဝါးဖြစ်ပြီး ကျုပ်မှာတော့ လူ့ဘဝတုန်းကလိုပဲ အဝတ်အစား ပြည့်ပြည့်စုံစုံနဲ့ ရုပ်ရည်ကလည်း လူတုန်းကရုပ်ရည်အတိုင်းပဲ...ဒါက ဘာသဘောတုံးဗျ ကိုသရဲရဲ့"
  "တစ္ဆေ... ငါက အကုသိုလ်ကံတွေကြောင့် သရဲဘဝကိုရလာတာကွ...မင်းက ငါ့လို အကုသိုလ် မရှိဘူး...မင်းပိုင်တဲ့အိမ်တွေ ဝိုင်းတွေ ယာတွေ ရွှေတွေ ငွေတွေ...ပြီးတော့ မင်းအင်မတန်ချစ်တဲ့ မြခင်ရယ်...ဒါတွေကို စွဲလန်းတဲ့စိတ်ကြောင့် တစ္ဆေဘဝကို ရောက်လာတာလေ...ဒီတော့ ငါကရုပ်ဆိုးပန်းဆိုးနဲ့ အဝတ်အစား ပြည့်ပြည့်စုံစုံ မရှိဘဲ..မင်းက လူ့ဘဝတုန်းကလိုရုပ်ရည် အဝတ်အစားတွေ ရနေတာပေါ့ကွ...နောက်တော့ မင်းသိလာမှာပါကွာ...ပါးစပ် ပေါက်သေးသေးလေးရှိတဲ့ ပြိတ္တာ တွေ....ရိုက်ပုတ်ညှင်းဆဲတာကို မကြာခဏ ခံကြရတဲ့ ပြိတ္တာတွေ...သရဲ..တစ္ဆေတွေ...သဘက်ကြီးတွေအကြောင်းကို မင်း သိလာမှာပါကွာ"
   ကျုပ်စိတ်ထဲမှာ တော့ တော်တော့်ကို ဝမ်းနည်းသွားတာပေါ့ဗျာ....ဒါပေမဲ့ ကျုပ်စိတ်ကို ကျုပ်ထိန်းပြီး ကိုသရဲကို ကျုပ်မေးလိုက်တယ်...
    "ကိုသရဲ စောစောကခင်ဗျား ကျုပ်ကို ပြောသွားတယ် ကျုပ်ကသူများသေကြောင်းကြံလို့ သေရတာဆို...အဲ့ဒါ ဘယ်လိုဖြစ်ရတာတုံးဗျာ....ကျုပ်က လူတိုင်းနဲ့သင့်မြတ်တဲ့ကောင်ပါဗျာ...ဘန်ဘွေ့ကုန်းက မိုးညိုဆိုတာ လူတိုင်းခင်တဲ့ ကောင်ပါ....ကျုပ်ကိုမုန်းတဲ့လူ မရှိပါဖူး ကိုသရဲရယ်...ဘယ်သူကများ ကျုပ်ကိုသေကြောင်းကြံခဲ့တာတုံးဗျာ"
    "တစ္ဆေ.. မင်းက လွှတ်ရိုးသားတဲ့ကောင်ဆိုတာ ငါယုံတယ်ကွ...ဒါကြောင့်လည်း မင်းကို ငါ ခင်တာကွ...ဒါပေမဲ့ တစ္ဆေ ရေ. ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဘူးလို့ ပြောကြပေမယ့် ကိုယ်ကောင်းတိုင်း ခေါင်းမရွေ့တာတော့မဟုတ်ဘူးကွ တစ္ဆေ ရဲ့... မင်းကိုယ်မင်းဘဲ ကြည့်လေကွာ... မင်းနဲ့သာဝဟာ ငယ်ငယ်လေးကတည်းက ကစားဖက် ကြီးတော့လည်း ဘာစားစား အတူတူ ဘယ်သွားသွား အတူတူမို့လား...သာဝက ဆင်းရဲတယ်...မင်းကမျိုးရိုးအရ ချမ်းသာတယ်...ဒါပေမဲ့ မင်းကသာဝကို အဆင့်အတန်းမခွဲဘဲ တတွဲတွဲ နေခဲ့တယ်...နေရုံတင်မကဘဲ မင်းကမင်းစားရသမျှကို သာဝကို တစ်ဝက်ခွဲကျွေးခဲ့တယ်...မင်းအကျီင်္တစ်ထည်ရရင် သာဝကို တစ်ထည်ပေးတယ်..ပုဆိုးဆိုလည်းမင်း တစ်ထည်အသစ်ဝတ်တိုင်း သာဝကို တစ်ထည်ဆင်ခဲ့တာချည်းပဲမို့လား"
    "ဟုတ်တာပေါ့ ကိုသရဲရယ်...ဒါတွေကို ကိုသရဲ ဘယ်လိုသိတုံး"
    "တစ္ဆေ... ငါက ဒီမှာနေတာကြာပြီလေကွာ...ဒီအနီးအနားက ရွာသားတွေအကြောင်း ငါသိတာ ဘာဆန်းတုံးကွ....ဒါပေမဲ့ တစ္ဆေရေ...ငါ ဒီအကြောင်းတွေမင်းကိုပြောပြရမှာ သိပ်အားနာတယ်ကွာ"
    "ဗျာ...ဘာဖြစ်လို့တုံး..ကိုသရဲရဲ့"
    "ဘာဖြစ်လို့တုံးဆိုတော့ မင်းကို သေကြောင်းကြံခဲ့ကြတာ မင်းသိပ်ချစ်တဲ့မင်းမိန်းမ မြခင်နဲ့ မင်းသိပ်ခင်တဲ့ မင်းသူငယ်ချင်း သာဝ ဖြစ်နေလို့ကွ"
    "ဘာဗျ..ခင်ဗျား မဟုတ်တာတွေ မပြောနဲ့....ကျုပ်မိန်းမမြခင်က ကျုပ်အပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျုပ်အသိဆုံးပါ ကိုသရဲရယ်... ပြီးတော့ ကျုပ်သူငယ်ချင်း သာဝ ဆိုတာလည်း ကျုပ်ကိုသိပ်ချစ်တဲ့ကောင်ဗျ...ဘာမဆိုကျုပ်နဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေခဲ့ကြတဲ့ကောင်ဗျ....ခင်ဗျား တစ်ခုခုတော့ လွဲနေပြီထင်တယ် ကိုသရဲရေ"
    "တစ္ဆေ ငါ ဘယ်တော့မှ မလွဲဘူးကွ....ဒီကိစ္စတွေအားလုံးကို ငါက ခရေစေ့တွင်းကျကို သိတဲ့ကောင်ကွ...ကဲ မင်းကို ငါမေးပါဦးမယ်....မင်းနဲ့ သာဝ မြခင်ကို အတူတူ ပိုးခဲ့ကြတာ ဟုတ်လား တစ္ဆေ "
 "ဟုတ်တယ်လေဗျာ...တစ်ယောက်ရရင် တစ်ယောက်ကကျေနပ်ရမယ်လို့ သဘောတူပြီး ပိုးခဲ့ကြတာလေဗျာ...မြခင်က ကျုပ်ကို ချစ်ခဲ့တာလေ...ကျုပ်နဲ့ သမီးရည်းစား ဖြစ်ခဲ့ကြတာလေ ကိုသရဲရဲ့"
  "ဟား..ဟား..ဟား..ဟား အဲ့ဒီကစပြီး မင်းလွဲခဲ့တာပဲ တစ္ဆေ... မြခင်နဲ့ သာဝအပေါ်မှာ မင်း ယုံကြည်ခဲ့မိတာ မင်းအမှားပဲ တစ္ဆေရေ"
  "ဘာဗျ....ကျုပ်က ဘာဖြစ်လို့ မှားရမှာတုံး...ကျုပ်နဲ့ မြခင် သမီးရည်းစားတွေ ဖြစ်သွားတော့ သာဝက ကျေကျေနပ်နပ်ပဲလေ...သူ နောက်ဆုတ်ပေးသွားတာပဲလေဗျာ"
   "ဟား..ဟား..ဟား..ဟား အဲ့ဒါ မင်းထင်ခဲ့တာတစ္ဆေရဲ့...တဂယ်တော့ မြခင်က မင်းထင်ထားသလို မဟုတ်ဘူးတစ္ဆေ...ရုပ်ကလေး သနားကမား ရှိတဲ့ မိန်းမချော..မိန်းမယုတ်ကလေးကွ"
    "ဗျာ ကိုသရဲ ခင်ဗျား ဘာစကားတွေ ပြောနေတာတုံးဗျ"
    "ငါ အမှန်တွေကို ပြောပြနေတာကွ တစ္ဆေ ရဲ့...မြခင်ကမင်းကို အဖြေပေးပြီး တစ်ပတ်အကြာမှာ သာဝကို သနားသွားပြီးသာဝကိုပါ အဖြေပေးခဲ့တာ"
     "ဗျာ"
     "အေး....အခုမှတော့ ဗျာမနေနဲ့ တစ္ဆေရေ...အားလုံးကလွန်ကုန်ပြီပဲကွာ...မင်းကတော့ မြခင်လို မိန်းမချောလေးရဲ့ရည်းစားဖြစ်ရလို့ ပျော်နေတဲ့အချိန်မှာ မြခင်နဲ့ သာဝက လူမသိအောင်ကြိတ်ပြီး ရည်းစားတွေ ဖြစ်နေကြတာကွ"
    "ဟာ...ဖြစ်မှဖြစ်ရလေဗျာ"
    "မင်းအမေဆုံးသွားတဲ့အချိန်မှာ မင်းအဖေက မင်းကို အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့တယ်မို့လား...အဲဒီအချိန်မှာ မင်းက ချစ်လွန်းလို့ လက်ဖျားနဲ့တောင် မတို့ရက်ခဲ့တဲ့ မင်းရည်းစားမြခင်မှာ သာဝနဲ့ရတဲ့ ကိုယ်ဝက ရှိနေပြီကွ တစ္ဆေရ"
  "ဘာဗျ...ဒီလောက်အထိတောင် ဖြစ်ခဲ့ကြတာ ဟုတ်လားကိုသရဲ"(ရှေ့ရက်ဆက်ရန်)

FB_IMG_1528798852281.jpg

Written by MSU 020
Eposoid 2

Sort:  

Credit to your Photo

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62486.49
ETH 3015.74
USDT 1.00
SBD 3.93