Myanmar Interesting Ghost Short Story

in #myanmar6 years ago

တစ္ဆေ့ရန်ငြိုး(စတုတ္ထပိုင်း)
"ကျုပ် ဘယ်တော့မှ သာဓုခေါ်မှာ မဟုတ်ဘူး ကိုသရဲ..ဒီကောင်နဲ့ ဒီကောင်မကို ကျုပ် သတ်ကို သတ်မယ်"
"အေး ကောင်းပြီ တစ္ဆေ မင်းကို ငါ တစ်ခုပြောဦးမယ် မင်းအခုလို လူပုံသဏ္ဌာန်အတိုင်း အဝတ်အစားကောင်းကောင်းနဲ့တစ္ဆေဖြစ်နေတာ အကုသိုလ်နည်းခဲ့လို့ကွ သိလား မင်းကနောက်ထပ် အကုသိုလ်တွေထပ်ပြီးကျူးလွန်ရင်တော့ ငါ့လို ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်ပြီး တစ္ဆေဘဝကနေ ငါ့လို သရဲဘဝကို ကူးသွားလိမ့်မယ် တစ္ဆေရေ"
"ဒီမှာ ကိုသရဲ ဘယ်လိုဘဝပဲရောက်ရောက်ဗျာ ကျုပ်ခံမယ် ဒီအကောင် လင်မယားကို ကျုပ် ပြန်သတ်ရရင် ပြီးရောဗျာ ကိုသရဲရာ"
"အေးလေ..ဒါဆိုရင်လည်း ငါမတားတော့ပါဘူးကွာ မင်းက ငါ့သူငယ်ချင်းပဲ တစ္ဆေရာ မင်းကိုငါ အားလုံးကူညီမှာပေါ့ကွာ"
"ကျုပ်ကို ကူညီရင် ခင်ဗျားလည်း အကုသိုလ်တွေပိုများသွားမှာနော် ကိုသရဲ"
"ဟား ဟား ဟား ဟား တစ္ဆေရာ ငါ့အဖို့ကမထူးပါဘူးကွာ ပြီးတော့ ငါက ရောက်ရာဘဝမှာ ပျော်တက်တဲ့ အကောင်ကွ ငါ့အတွက်တော့ မင်းဘာမှမပူနဲ့ တစ္ဆေ "
"ဒါဆိုရင် ဒီလင်မယားကို ကျုပ် သတ်မယ်ဗျာ ပြီးတော့ ငွေသုံးထောင်ယူပြီး ထန်းရည်ထဲကို ဟုန်းမြစ်သွေးပြီး ထည့်ပေးတဲ့ ထန်းသမား ရင်းထောင်ကိုလည်း ကျုပ်သတ်မယ် အိုဗျာ...ရှုပ်ပါတယ် ကိုသရဲရာ ဒီအကောင်နဲ့ ကောင်မရဲ့ သွေးသားတွေကိုပါ ကျုပ် သတ်ပစ်မယ်ဗျာ"
"ဒီမှာ တစ္ဆေ မင်းသိဖို့က တစ္ဆေ သရဲက လူကိုသတ်တယ်ဆိုတာ ဓားနဲ့ခုတ်လို့ရတာမဟုတ်ဘူးကွ လူရဲ့စိတ်ကိုကိုယ့်စိတ်နဲ့ တစ်ထပ်ထည်းကျအောင် ထပ်နိုင်ရတယ် ပြီးရင်အဲဒီလူရဲ့ သိစိတ်ကို ပျောက်သွားအောင် လုပ်လိုက်ပြီး ကိုယ်ပြောချင်တာ ပြောခိုင်း ကိုယ်လုပ်ချင်တာ လုပ်ခိုင်းလို့ရတာကွ မင်းရဲ့စိတ်အစွမ်းတွေ မြန်မြန်တက်လာပြီး လူ့ရဲ့သိစိတ်ကို သိပ်နိုင်အောင် ငါသင်ပေးပါမယ် ဒါမှလည်း မင်း မြန်မြန်လက်စားချေလို့ ရမှာပေါ့ကွာ ခုတော့ သည်းခံလိုက်ပါဦးကွာ တစ္ဆေရာ"
အဲဒီနေ့ကစပြီး ကိုသရဲက ကျုပ်ကို တစ္ဆေ သရဲတွေ သိရမယ့်ကိစ္စတွေကို သင်ပေးတယ်ဗျ...ကျုပ်ရဲ့ စိတ်အစွမ်းတွေ မြန်မြန်တက်လာအောင် လေ့ကျင့်ပေးတယ် ကျုပ်ကလည်း ဟိုအကောင်နဲ့ ကောင်မကို သတ်ချင်စိတ်နဲ့ အပြင်းအထန် လေ့ကျင့်တာ သိသိတာတာကို တိုးတက်လာတော့တာပေါ့ဗျာ
ဒီကြားထဲမှာ ကျုပ်က ဘန့်ဘွေးကုန်းကိုသွားသွားပြီး ဟို လင်မယားအခြေအနေကို ကြည့်တယ် တစ်ယောက်နဲ့တစ်ယောက် ပလူးနေလိုက်ကြတာမှဗျာ ကျုပ်အဘိုးလက်ထက်ကတည်းက ဆောက်ထားခဲ့တဲ့ ကျွန်းအိမ်မဲမဲကြီးမှာ သူတို့လင်မယားက သွေးမတော်သားမစပ်နဲ့ အပိုင်သိမ်းပြီး တက်နေကြလို့ပေါ့ဗျာ သာဝကလည်း ကျုပ်အမွေရတဲ့ ရွှေတွေကိုရောင်းပြီးကားတစ်စီးတောင် ထောင်လို့ဗျ ကျုပ်ပိုင်တဲ့ ယာတွေအားလုံးလည်း သူ့ယာတွေ ဖြစ်ကုန်တာပေါ့ဗျာ"
ရွာသားတွေကလည်း ပေးနိုင် ကျွေးနိုင်တဲ့သူတွေဆိုတော့မြှောက်ပင့်စားနေကြတာပေါ့လေ သူဋ္ဌေး ကိုသာဝတို့ မမမြတို့နဲ့ပင့်မြှောက်ပေးနေတာဗျို့ ဟိုလင်မယားကလည်း ခြေထောက်နဲ့မြေကြီးတောင် မထိတော့ဘူးပေါ့ဗျာ
ကျုပ်နဲ့ မြခင် ပေါင်းတုန်းကရတဲ့ ကလေးမလေးကို ကျုပ်က ကျုပ်ကလေးပဲ ထင်ခဲ့တာဗျ...ခုတော့ သူတို့မှာ သမီးနှစ်ယောက်တောင် ဖြစ်နေပြီပေါ့ဗျာ နောက်မွေးတာလည်း သမီးလေးပဲဗျ ကျုပ်ရဲ့ စိတ်စွမ်းအားတွေကလည်း တက်လာလိုက်တာ ကိုသရဲတောင် အံသြယူရတယ်ဗျို့ တဂယ်တော့ ကျုပ်က တစ္ဆဘဝမှာ ခဏပဲနေရမယ့်ကောင်ဗျ လူတွေ အလျူဒါနပြုတိုင်းအမျှဝေရင် ကျူပ်အမြဲကြားနေရတာပဲလေ ဒါပေမဲ့ ဒီလင်မယားကို သတ်ချင်တဲ့စိတ်နဲ့ ကျုပ် တစ်ခါမှ သာဓုလိုက်မခေါ်ဘူး ဆရာတော်တွေ တရားဟောတဲ့အခါမှာ ကျုပ် ဘယ်တော့မှ အနားမသွားဘူး ဒီဘဝက ကျွတ်သွားရင် ဒီကောင်တွေလင်မယားကိုမသတ်ရမှာစိုးလို့ဗျ
"တစ္ဆေ မင်းရဲ့အစွမ်းတွေကတော့ သိသိသာသာကိုတက်လာတာပဲကွာ မင်းလုပ်ချင်တဲ့အလုပ်ကို လုပ်ရင်ရပြီကွတစ္ဆေရ"
"ဟာ တဂယ်ပြောတာလား ကိုသရဲရဲ့"
"ဟ တဂယ်ပြောတာပေါ့ကွ တစ္ဆေရ မင်းနဲ့ ငါကဟောဒီသစ်ကိုင်းကြီးမှာ နှစ်ယောက်အတူနေခဲ့ကြတဲ့ နှစ်တွေနည်းတော့တာမှ မဟုတ်တာကွာ ငါက မင်းကို မဟုတ်တာကိုပြောမှာတဲ့လား တစ္ဆေရာ"
"ကျုပ်က သေချာချင်လို့ ပြောလိုက်တာပေါ့ဗျာ ကဲကိုသရဲ ကျုပ်ဘယ်တော့အလုပ်စလုပ်ရမှာတုံးဗျ"
"အခုပဲ စကြတာပေါ့ကွာ မင်းနဲ့ငါ ရွာထဲကို ဝင်ကြမယ် မင်းရဲ့ အိမ်ဝိုင်းထဲက သရက်ပင်ကြီးပေါ်မှာ နေပြီးတော့အရင်ဆုံး ကလေးတစ်ယောက်ကို ဖမ်းစားမယ် သရဲဖမ်းစားတဲ့ကလေးဆိုတာ တဖြည်းဖြည်းနဲ့ ပိန်ချုံးချည့်နဲ့လာတာကွ နောက်အားပြတ်ပြီး သေတာပေါ့ကွာ မြန်မြန်သေစေချင်ရင်တော့ အားအရမ်းနည်းတဲ့အချိန်မှာ ငါ့ကို မြင်အောင်ပြလိုက်ရင် အူတွေအသည်းတွေ ဗြောင်းဆန်သွားအောင် လန့်ပြီးသေသွားမှာပေါ့ကွာ"
ကျုပ်နဲ့ ကိုသရဲ ကျုပ်အိမ်ဝိုင်းထဲက သရက်ပင်ကြီးပေါ်ကို ပြောင်းနေကြတယ် ကိုသရဲက အကြီးမလေးကို ဖမ်းစားနည်းကျုပ်ကို သင်ပေးတယ်
ကလေးမလေးက တစ်နေ့တခြား ပိန်ချုံးလာတော့တာပေါ့ဗျာ နေရင်းထိုင်ရင်းကကိုပဲ မစားချင် မသောက်ချင် ဖြစ်လာပြီး နောက်ဆုံးတော့ အိပ်ရာထဲမှာကို လဲတဲ့အထိ ဖြစ်တော့တာပေါ့ဗျာ
သာဝနဲ့ မြခင်တို့ လင်မယားကတော့ ဆေးဆရာပေါင်းစုံပင့်ပြီးကုကြတာဗျ မြို့က ဆရာဝန်နဲ့လည်း တက်ပြတယ် ဒါပေမဲ့ ကလေးက သက်သာမလာဘဲ ပိုပိုသာ ဆိုးလာရောဗျို့
"ကဲ တစ္ဆေရေ ဒီကလေးမလေးကို ငါ့ပုံစံ ပြလိုက်တော့မယ်ဟေ့" လို့ပြောပြီး ကလေးမလေးကို ငါ့ပုံစံ ပြလိုက်တော့မယ်ဟေ့" လို့ပြောပြီး ကလေးမလေးကို အင်မတန်ကြောက်စရာကောင်းတဲ့ သူပုံစံကို ပြလိုက်ရောဗျာ
"အား...အမယ်လေး"(ရှေ့ရက်ဆက်ရန်)
FB_IMG_1528379725886.jpg

Written by msu 020 @myatminkhant
Eposoid 4

Sort:  

"အား...အမယ်လေး"(ရှေ့ရက်ဆက်ရန်)
သဘောကျလို့စာသား

💯✔✔✔✔

ဖတ်ရင်းမျောပါသွားတယ် :)

Good story👍

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 62233.47
ETH 2998.30
USDT 1.00
SBD 3.50