အိပ်ရမှာ ကြောက်သူ

in #myanmar6 years ago

image

အိပ်ပျော်သွားတဲ့အခိုက်
ငါမင်းကို မေ့ပျောက်သွားမလား
စိုးရိမ်းစိတ်နဲ့
ဟို …… အဝေးက
မမြင်နိုင်တဲ့ အရပ်ဆီ
ငါ့ရဲ့စိတ်ကို လွှတ် ……
တိုးတိုးလေး ကြားနေရတယ်…
နှာသီးဖျားကို တိုးဝင်လာတဲ့ အသံ …
ထွက်ခွာလာတဲ့ လေတိုးသံ
ငါ့ဘေးနားမှာ ရှိနေသလို …
သူ့ ရဲ့… အသက်ရှုသံလား ………?
ငါ့ရဲ့အသက်ရှုသံလား ……?
မကွဲပြားဘူး…
လောကတစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်လို့ 
ဟိုအရင်က
အချိန်တွေ …………။
image
ခု……
အခုတော့
တိတ်ဆိတ်တဲ့ည
ဒီအချိန်မှာဆို …
အယ်ကိုလ်ဟော့နဲ့
စီးကရက်က ငါ့ရဲ့အဖော်
မီးခိုးငွေ့က ရှေ့ကလား ……
တမ်းတခြင်းက ရှေ့ကလား……
မသိတော့ဘူး ……
ဖန်ခွက်လေးထဲက
ရွေအိုရောင်နဲ့အတူ
အိပ်မပျော်တဲ့ ညစဉ်တိုင်းမှာ
အတိတ်ကို တူးဖော်နေကျ ။

ဇာတ်နာမှန်း သိပေမဲ့
ဆက်ဆက် ကပြနေရတဲ့ညတွေ …
ငါမုန်းနေတယ် ……
ဗလောင်ဗလဲနိုင်တဲ့ လောကနဲ့
အသားကျဖို့ 
ပုံစံခွက်တွေ ထားခဲ့ပေးနိုင်မလား
နေပါစေလေ…………
မတောင်းဆိုတော့ပါဘူး
ဖြစ်တည်ရာ ဘဝတစ်ခုအတွက်
ဝမ်းနည်းခြင်း
နာကျင်ခြင်း
လွမ်းဆွတ်ခြင်း
သတိရခြင်း
ဆုံးရှုံးခဲ့ခြင်းတွေအတွက်
ညစဉ်ညတိုင်းဟာ
ငါ့အတွက် ကျိန်စာ ……
ဒါကြောင့် ငါ
အိပ်ရမှာ ကြောက်တယ်ကွယ် ………။
image

Writing by MyintAungNaing
Photo by Google image
@myintaungnaing

Sort:  

အိပ်ပျော်ပါစေကွယ်

ကျေးဇူးပါ ကြိုးစားပါ့မယ် ဗျာ

ကာရန်စပ်ပီ ဖတ်ရတာကောင်းပါတယ်

Thank you ! ကြိုးစားပါမယ် ဗျာ

အိပျော်အောင်ပေးလိုက်ပြီ

ကျေးကျေး အထူးဝမ်းသာပါတယ်ဗျာ

အိပ်ဆေးသောက် လေ

ကြင်နာစွာ အိပ်ဆေးလေးများပေးပါ
ဘယ်မှာ အိပ်ဆေးရှိပါ့မလဲ
သန်းခေါင်ကျော် အိပ်မရ ချစ်ရယ် လွမ်းတယ်
ကြင်နာပါတော့ ချစ်ကလေးရယ်

Ok ပါဝါများအောင် စုထားနော်

အရမ်း​ကောင်းတယ်​အကို

ညီက မြှောက်နေပြန်ပါပြီ ဟားးး
အားပေးတဲ့အတွက် ကျေးဇူးပါနော် အချင်းချင်း အားပေးပြီး ရှေ့ဆက်ကြတာပေါ့နော

လက်​တွဲတူညီ ကြိုးစားမည်

အိပ်​​ပျော်​​စေ😂

အောင်မြင်ပါစေbro

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66