ပိုးဖလန် လို လူ

in #myanmar6 years ago (edited)

image

သခင်ရယ် ……
ရင်ဝယ်စွဲငြိ
ချစ်မိတဲ့ကျွန် ……
အမိုက်နွံကို
ပူမယ်မှန်းသိ
ပူမှန်းသိလျက်
ရှေ့သို့ တိုးသာ ……
မရုန်းသာပြီ ………။

သြော် ………………

ချစ်စိတ်တွေတက်
အိပ်ရေးပျက်လို့  …………
ညစဉ်ရှည်လျား
သောကများကို
ရင်ဝယ်ထွေးပွေ့
မေ့ဖို့ ကိုလည်း
မကြိုးစားမိ ……။

အို နာသေ ဘေး
ဒုက္ခတေးကို …………
ဖွဖွညည်းဆို
ဖြစ်ပျက်ကိုမေ့ 
ရွေ့ရွေ့ဖြတ်သွား
အချိန်များစွာ ……………။

မကြာမြင့်မှီ
သေမင်းဆီသို့  …………
မလိုက်လိုလည်း
ရှိုက်ငိုစဲမှာ ……………
လိုက်ကို လိုက်ရ
မှာပါပဲ …………………။

ဒါကိုသိလျှက်
အပူသောက
ချစ်ဇောတွေကြွ
မေတ္တာပြည့်လျှံ
လျံလျံပေါက်ကွဲ…………………
အချစ်မီးခဲ
တရဲရဲ ………………။

သခင်ရယ် ………
ရင်ဝယ်စွဲငြိ
ချစ်မိတဲ့ကျွန်
အမိုက်နွံကို
ပူမယ်မှန်းသိ
ပူမှန်းသိလျှက်
ရှေ့သို့ တိုးသာ ………
မရုန်းသာပြီ ……… ။

                             အမှတ်တရ နေ့ စွဲများ
                                         18.2 2005 

@myintaungnaing

Writing by MyintAungNaing
Photo by Google image
@firelove

Sort:  

ခံစားချက်က လန်းတယ်

မိုက်​တယ်​​ဟေ့

တကယ်လားဗျာ ကျေးဇူး အပြန်အလှန်ပေါ့

ကျေးဇူး အားပေးတဲ့အတွက်

This post has received a 0.10 % upvote from @drotto thanks to: @myintaungnaing.

Good တယ်အကို

ကျေးဇူးပဲနော် Thank you!

Verry good bro
အဆင်​​ပြေလား

စမ်းသပ်နေတုန်းပဲ ခုတော့ အဆင်ပြေပါတယ်

လူရယ်လို့ ဖြစ်လာရင် ချစ်ခြင်းနှင့်ကင်းလွတ်သော သူမရှိ.. ..

ဒါပေါ့ သမုဒယနှောင်ကြိုးမှသည် ချစ်ခြင်းမေတ္တာဆီသို့ 

Congratulations @myintaungnaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received
Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71