ပျောက်ကွယ်လို့  မသွားခင်

in #myanmar6 years ago (edited)

_IMG_1493221029893.jpg
အားငယ်ထိတ်လန့် တတ်တဲ့
သိုးတစ်ကောင်ရဲ့
အမှတ်သင်္ကေတအဖြစ်
အရာအားလုံးမဟုတ်တောင်
သိမ်ငယ်တဲ့ မျက်လုံးက
ကျင့်သားရနေပြီ …။

နှစ်သစ်ကိုဆောင်းက ကြိုဆိုပေမဲ့
ငါကတော့ …………
အားငယ်မှု့ တွေနဲ့ ကြိုဆိုပါရစေ …
မျော်လင့်ချက်အရောင်တွေလွှင့်လို့ 
ငါရဲ့စိတ်ဓါတ်က မီးခိုးပြာလို …
ဦးတည်ချက်မဲ့
နှစ်သိမ့်စရာ လက်ကျန်ဆိုလို့ 
ဒဏ်ရာရနေတဲ့
မာနပေါက်စပဲရှိတော့တယ် ။

ငါ့ရဲ့ကြိုးပမ်းမှု့က
ပင်လယ်ထဲက သစ်ရွက်လို
ဘယ်အချိန်မှာများ ကမ်းကပ်နိုင်မလဲ
မဖြစ်နိုင်မှု့နဲ့ မသေချာမှု့ကို
ကျောမှာပိုးလို့ 
အဆုံးထိမဟုတ်တောင်
ရောက်နိုင်သလောက်တော့ သွားခွင့်ပြုပါ …။

မျော်လင့်ချက် (သံ)ရဲ့
ကြာရှည်စွဲအားကို ငါအသိဆုံးပါ
လောကကြီးရဲ့ အင်အားဖြစ်တဲ့
ဝန်ထုပ်ဝန်ပိုးကြီးကို
ဘယ်အချိန်ထိ ထမ်းထားရမလဲ ……?
သွားပါရစေ ငါတစ်ယောက်တည်း
ဟိုအဝေးရဲ့ အစွန်းဆုံးနေရာ………… ။
Amnesty-International-Freedom-Candles1-640x351.jpg
ရာသက်ပန်လူ့ ဘဝကို
ကျောခိုင်းပြီး
နာကြည်းမှု့နဲ့ မဟုတ်တောင်
မြတ်နိုးမှု့လည်း မရောစွတ်ပဲ
တည်ငြိမ်တဲ့ စမ်းရေတစ်ပေါက်အနေနဲ့
ဘယ်နေရာကဖြစ်ဖြစ်
စီးဆင်းပါရစေ
ဟိုအဝေးရဲ့ အစွန်းဆုံး နေရာ……
အစွန်းဆုံးနေရာ ……………………………။
@feeling
@heart

Writer by MyintAungNaing
Photo Credit Google
@myintaungnaing

Sort:  

ဟုတ် ကျေးဇူးပါနော် ခံစားပေးတဲ့အတွက်

ခံစားချက်​​တွေကို ​ရှော့ချပါဦး.....ဘဝ ဆိုတာ ဘာမှမဟုတ်​ပါ

Ok ခုလို ဖွင့်ထုတ်လိုက်တော့ နည်းနည်း သက်သာသွားတာပေါ့

စိတ်ခွန်းအားတွေ တိုးပါစေ. .

ကျေးဇူး ပဲ ခုလို အားပေးတဲ့အတွက်

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70427.25
ETH 3798.65
USDT 1.00
SBD 3.50