ပြန်လွမ်းမိတဲ့ တက္ကသိုလ် Miss University

in #myanmar6 years ago

image
လူဆိုတာ အတိတ်ကို ထမ်းပိုးရင် လျောက်လှမ်းနေကြတဲ့
သတ္တဝါတစ်မျိုးပါပဲ ……… ။
တက္ကသိုလ်တစ်ခုခုကိုရောက်တိုင်း ဟိုအရင်က ဖြတ်သန်းလာခဲ့တဲ့ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်လွမ်းမိတယ် ။
ပျော်ရွှင်ခဲ့တဲ့ အတိတ်တွေ ရင်ခုန်ခဲ့တဲ့ နေ့ရက်တွေ နုပျိုခဲ့တဲ့ အချိန်တွေ ဖြူစင်မှု့တွေ ထွေးပိုက်ခဲ့ကြတဲ့ကျောင်းသွားဖော်လေးတွေ အို…………… အားလုံးဟာ အရင်အတိုင်း
လတ်ဆတ်ရှင်းသန် နေဆဲ ။ ဖြစ်နိုင်မယ်ဆို ပြန်ရချင်ခဲ့တဲ့
နေ့ရက်ကလေးတွေပါပဲ ။ ဆရာ ဆရာမတွေ မသိအောင် ရှေ့ခုံနဲ့နောက်ခုံ စာအပြန်အလှန်ရေးပြီး စကားပြောခဲ့ပုံတွေ
အတင်းတုတ်ခဲ့ကြတာတွေ Class ticket အတွက်
သူငယ်ချင်း လက်မှတ်တွေ အကုန်တန်းစီးပြီး
ထိုးပေးခဲ့ကြတာတွေ ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပါပဲ ။
လေ့လာခရီးမှာ အတူတူပျော်ခဲ့ကြတာတွေ တချို့သော
အတိတ်တွေက စာနဲ့ဖော်ပြလို့ မရအောင်
ကြည်နူး လတ်ဆတ်စေတဲ့ အဖြစ်အပျက်တွေပါပဲ ။ ပြန်မရတော့မှနိး သိပေမဲ့ မသိစိတ်က ပြန်ဖြစ်လာဦးမလားလို့ မျော်လင့်နေမိတဲ့ ပျော်စရာ ဘဝတွေပါပဲ ။
ထန်းရည်ဆိုင်မှာ တောအရက်ဆိုင်မှာ ဘီအီးဆိုင်မှာ
အရက်ပြင်းဆိုင်မှာ ဘီယာဆိုင်မှာ အယ်ကိုလ်ဟောလေး
ဝင်လိုက်ရင် ရင်ခုန်ခြင်းကို ဖလှယ်လို့ ကျောင်းသားဘဝရဲ့ နေ့ရက်ကလေးတွေပါပဲ အတိတ်ကိုပြန်ပြောပြရင် အလိုလို ရီဝေလာခဲ့တဲ့ တက္ကသိုလ်ရဲ့ အဆောင်သီချင်းသံကြားမှာ တီးတဲ့သူက တီး ဆိုတဲ့သူကဆို
မူးတဲ့သူကမူး ခွက်ချင်းတိုက်သူက တိုက် အလွတ်လပ်ဆုံးသော ဘဝတွေပေါ့ ။ ခုချိန် ကျောင်းသား ကျောင်းသူတွေကို မြင်လိုက်ရင် ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသလို ကိုယ့်သူငယ်ချင်း တွေများ ဖြစ်လေမလားလို့ မသိစိတ်က ရှာကြည့်နေခဲ့မိတယ် ။ သတိလေးပြန်ဝင်လာမှ သြော် ငါတို့က ပြီးဆုံးသွားပြီပဲလေလို့ သတိပြန်ပေးနေခဲ့ရတယ် ။ ဒါပေမဲ့ အတိတ်ကိုတွေးပြီး
ကြည်နူးရင်ခုန်ရတာကိုက အရသာ တမျိုးဆိုတာ ကြုံဖူးခဲ့ရင် သိလာမှာပါ ။
ရီဝေတဲ့အကြည့်တွေနဲ့ ငါလွမ်းသလို အဝေးရောက် ချစ်သူငယ်ချင်းတွေလည်း လွမ်းကြမယ်ဆိုတာ သိပါတယ်လေ ။
ခု ခေတ်လို ဖုန်းတွေ ခေတ်မစားခဲ့စဉ်က ခုခေတ်လို ဆိုင်ကယ်တွေ မပေါခဲ့စဉ်ကပေါ့ ။ သံယောဇဉ်တွေနဲ့ပဲ တည်ဆောက်ခဲ့ကြတဲ့ ဖြူစင်တဲ့ ကျောင်းသွားဖော်လေးလည်း ဘယ်ဆီရောက်နေပြီလဲ ။ ရင့်ကျက်တဲ့ အမျိုးသမီးပုံစံ ပေါက်နေမလား
အေးဆေးတည်ငြိမ်တဲ့ အမျိုးသမီးကြီး ဖြစ်နေမလား ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝမျိုးမှာလား သားတွေ သမီးတွေနဲ့
အလုပ်ရှုပ်နေမလား အတွေးများနဲ့ သတိရနေမိတော့တယ် ။ ဘယ်တော့မှ မဟောင်းတော့မဲ့ သတိရခြင်းတွေနဲ့ပေါ့ ။ လူ့ဘဝရဲ့ ပင်လယ်ပြင် မှာ မြုပ်ချည် ပေါ်ချည်နဲ့ စီးမြောနေကြတဲ့ တို့ဘဝတွေ မှာ တချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့
မျော်လင့်နေမိတယ် ။ တချို့ တွေလည်း လူ့ဘဝကို ကျောခိုင်းသွားကြပြီပေါ့ ။ ဘယ်နေရာ ဘယ်ဒေသ ဘယ်အချိန်ကြမှ ပြန်ဆုံတွေ့ကြမယ် မသိပေနိုင်ပေမဲ့ မျော်နေမိတယ် ။ စိတ်အတွေးမှာတော့ အမြဲတမ်း သတိရနေတဲ့ တို့ရဲ့ တက္ကသိုလ် ကျောင်းသားဘဝကို သူငယ်ချင်းတွေလည်း လွမ်းနေကြမှပါပဲလေ ။
သက်ပြင်းတွေကို အခါခါ ချရင်
ဒီနေရာလေးကို ငါ လွမ်းနေမိတယ် ။
image
image
Writing by MyintAungNaing
@myintaungnaing

Sort:  

အားပေးသွားပါသည်

ကျေးကျေးပါ friend

အားပေးနေမယ်အကို

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 62133.38
ETH 2905.43
USDT 1.00
SBD 3.59