ရုပ်ဆိုးသူ အပိုင်း( ၂ ) ဇာတ်သိမ်း

in #myanmar6 years ago (edited)

ရုပ်ဆိုးသူ မဖတ်ရသေးတဲ့ မိတ်ဆွေများအတွက် ပထမအစ link ပါ အားပေးကြပါဦး

https://steemit.com/myanmar/@myintaungnaing/yaupsaothu-69aadc2c875bc

ရုပ်ဆိုးသူ အပိုင်း ( ၂ ) ဇာတ်သိမ်း

ကြောက်လန့်စိတ်နဲ့ အားကုန်ပြေးလာခဲ့ရသည် ။နောက်က လိုက်လာမှာကို တွေးပူနေရသေးသည်။ မြက်ရိုင်းတောမှ တိုးထွက်ပြေးရင်း ပွန်းတာ ရှတာ သွေးထွက်တာထက် ကျောပြင်က သွေးစို့ ခဲ့ဖူးသော ဒဏ်ရာတို့ လောက် မနာကျင်တာမို့  နာရမှန်းပင် မသိနိုင်တော့ ။ ရေစို အဝတ်တွင် ကပ်ငြိနေသော ဖုန်မှုန့်သဲမှုန့်များကြောင့် ပို၍အကျည်းတန် မှာပဲဟု သူမကိုယ် သူမ တွေးမိပြန်သည်။ တကိုယ်လုံး ရွံ့အလူးလူးဖြင့်သာ ဒီညတော့ ဒီအတိုင်း အိပ်ရတော့မည် ။ဒီနေ့ အတွက် နောက်တခါ မြစ်ကမ်းစပ်ကို မသွားရဲတော့ ကြောက်ရွံ့စိတ် အတွေးများဖြင့် မြင်းစီးလာသော လူကို မျက်စိထဲက ပြန်မြင်ကြည့်နေမိသည် ။

ရွာလေးကတော့ နည်းနည်းပြောင်းလဲနေသည် ဟု ထင်ရသည် ။ သန့်ရှင်းသပ်ရပ်ခြင်းတော့ မဟုတ် စည်းကားလာသည်လား ဒါလည်း မဟုတ်ပြန် အိမ်ခြေ နည်းနည်း စိပ်လာသည့်  အနေအထားမျိုးသာ ။ ရွာလူကြီးအိမ်လည်း မမှတ်မိတော့ သူ့ ကို မြင်ကတည်းက အထူးအဆန်း သတ္တဝါလို ဝိုင်းကြည့်တာ ခံနေရသည် ။ ဟိုမှသည် ထွက်လာကြသည်မှာ ရွာလုံးပြည့်ဖြစ်ဖို့ များသည် ။ ကလေးတစ်သိုက်က မြင်းကို ထူးဆန်းအံသြစွာ ကြည့်နေသလို အပျိုပေါက်တို့က ပြေးပုန်းတော့ မလိုလို အရွယ်ခပ်ကြီးကြီး မိန်းမပျိုများကတော့ တစ်ယောက်တစ်ပေါက် လှမ်းအော်ကြသေးသည် ။
လူငယ်တစ်သိုက်က သူ့ ရဲ့ အဝတ်အစားများကို အားကျနေတဲ့ ပုံစံမျိုး အများစုကတော့ ဖမ်းမိလာသော သားကောင်ကို ဝိုင်ကြည့်တဲ့ အကြည့်မျိုး ။ နည်းနည်းအရွယ် လတ်ပိုင်း လူကြီးပိုင်း ကတော့ မှတ်မိတဲ့ မျက်နှာများဖြင့် ဝိုင်းကြည့်နေကြသည်။
ဖြေးဖြေးချင်း
မြင်းကိုစီးလျှက် ရွာလမ်းလေး အတိုင်းဝင်လာစဉ် ရွာလူကြီးဖြစ်ဟန်တူသူကပါ လက်ဟန် ဖြင့် လှမ်းနှုတ်ဆက်လာမှ အပြန်အလှန် နှုတ်ဆက်ရင်း မြင်းပေါ်မှ ဆင်းကာ ရွာလူကြီးခေါ်ရာနောက် လိုက်ခဲ့တော့သည် ။

နောက်မှ စုပြုံလိုက်လာကြသဖြင့် ညနေခင်းမှောင်စပျိုးချိန်တွင် ရွာလူကြီးအိမ် မှာ အထူးစည်းကားလို့ နေတော့သည်။ ရွာမှာ ရှိသမျှ ရွာသူရွာသား အားလုံး လူစုပြီးသားဖြစ်ကုန်သည် ။ ကလေးကဆူ ခွေးကဟောင် ဖုန် တလုံးလုံးဖြင့် စိတ်အပျက်ဆုံး အချိန်သာ ဖြစ်နေလေတော့သည် ။

( ကျွန်ုပ်၏ စာဖတ်ပရိတ်သတ် ပျင်းရိ ငြီးငွေ့မည် ဆိုသောကြောင့် အသေးစိတ်အား မခြယ်မှုန်းလို့ တော့ပါ )

ခရီးပန်းလာသဖြင့် ရွာလူကြီး ဧည့်ခံကျွေးမွေးသမျှ စားသောက်ပြီး
ရောက်တတ်ရာရာ ဗဟုသုတရဖွယ်ရာများ ပြောကြဆိုကြရင်း အနားယူအိပ်စက်ဖို့  ပြင်ဆင်လေတော့သည် ။ နေရာ အပြောင်းအရွေ့မို့  မျက်စိက တော်တော်နဲ့ အိပ်မပျော် မြစ်ကမ်းစပ်က မိန်းမပျိုကို မျက်စိထဲ ပြန်မြင်ကြည့်မိသည် ။ ထိတ်လန့် ကြောက်ရွံ့စွာ ထွက်ပြေးခြင်းက ပို၍ ထူးဆန်းနေသည်။ ဤရွာတွင် ထိုမိန်းမပျိုကို မမြင်ဖူးပေ သူမှလွဲ၍ လည်း မည်သူမှ အလည်လာဖူးခြင်းလည်း မရှိ ။ မပြန်ခင်တော့ စုံစမ်းဦးမည် တွေးရင်းတွေးရင်း ဖြင့်ပင် အိပ်ပျော်သွားလေတော့သည် ။

ဒီကနေ့  တောလိုက်ထွက် မည်။ အလုပ်ကိစ္စများလည်း လက်စသပ်ပြီးပြီးမို့  တောလည်ထွက်ရန်သာ ကျန်ရှိတော့သည် ။ ရွာလူကြီး စီစဉ်ပေးသော ရွာသား ၃ဦးဖြင့် တောလိုက်ထွက်ခဲ့ကြတော့သည် ။ ပထမရက် အရှေ့ပြင် သို့ ထွက်ခဲ့ကြသည်။ နယ်မြေကျွမ်းသော ရွာသားမုဆိုးများခေါ်ရာနောက်သာ လိုက်ခဲ့တော့သည်။
ဒုတိယနေ့  အနောက်ပြင် မိုးရိပ်မိုးခြေကြောင့် စောစောတပ်ခေါက်ခဲ့ရသည် ။ တတိယနေ့  တောင်ပြင် တဖြေးဖြေး တောလည်ရတာ အရသာတွေ့လာသည် ။ တစ်ရက်ပြီး တစ်ရက် တစ်ရက်ပြီး တစ်ရက် ဒီနေ့  တစ်ယောက်တည်း တောလည်ထွက်လာခဲ့သည် ။ တယောက်တည်းမို့  အေးအေးလူလူ ရည်ရွယ်ချက်လည်း မရှိ ။ မိုးကအုံ့တော့ ဝေးဝေးလံလံ လည်း မသွားချင် သွားရင်းသွားရင်း သင်္ချီုင်းမြေဘက် ရောက်လာခဲ့သည် ။
အမှတ်တမဲ့ရွာလာသော မိုးကြောင့် ခြေဦးတည်ရာ ပြေးလာခဲ့ရသည် ။ ယိုင်နဲ့နဲ့တဲလေးတွေ့တော့ အမြန်ဝင်ခိုလိုက်ရသည် ။ တဲအတွင်း ထောင့်လေးမှာတော့ သူရှာနေသော မိန်းမပျို ကြောက်ရွံ့ထိတ်လှန့် သော အမူအရာကြောင့် သူကစ နှုတ်ဆက်လိုက်သည် ။သို့ သော် ဘယ်လိုမှ စကားပြန်မပြော သူပြောသမျှတော့ နားထောင်နေသည် ။
'' မင်းဟာ မြစ်ကမ်းစမှာ တွေ့လိုက်ရတဲ့ မိန်းမပျို မဟုတ်လား ''
''စတွေ့တဲ့နေ့ က ဘာလို့  ထွက်ပြေးသွားတာလဲ ''
''ငါ့ပုံစံက ကြောက်စရာ ကောင်းနေလို့ လား ''
''မင်းဟာ ဒီရွာက ရွာသူတွေနဲ့ လုံးဝ မတူဘူး ဘာကြောင့်လဲ ''
''ငါ့ကို ပြောပြလို့ ရမလား '' "မကြောက်ပါနဲ့ကွာ ငါက "
"ဟိုအဝေးကြီးကနေ မင်းတို့ ရွာလေးဆီကို အလုပ်ကိစ္စနဲ့လာတဲ့ ဧည့်သည် တစ်ယောက်ပါ "
"ခု မင်းဆီကို အမှတ်တမဲ့ အလည်ရောက်လာတာပဲ ''
"ဘာမှ ဧည့်မခံတော့ဘူးလား စားစရာနဲ့ ဧည့်မခံရင်တောင် စကားနဲ့တော့ ဧည့်ခံသင့်ပါတယ်ကွာ "
"ဘာလို့  မင်းဟာ ရွာထဲမှာ မနေတာလဲ "
"ဒီတောထဲမှာ တစ်ယောက်တည်းနေတာ မင်းမကြောက်ဘူးလား"
" မင်းရဲ့အကြောင်းတွေ ငါ အကုန် သိချင်လိုက်တာ "

"ကျွန်မက "……'' ကျွန်မက ဒီရွာမှာ မွေးတာလို့  ရွာလူကြီးတွေက ပြောပါတယ် "
'' ကျွန်မ မိဘတွေက ကျွန်မ ငယ်ငယ်ကတည်းက ဆုံးပါးသွားပါပြီ ''
"ကျွန်မဟာ ဒီရွာအတွက် ကံဆိုးစေတဲ့သူလို့  သတ်မှတ်ခံထားရသူပါ "
"ဒီရွာမှာ မွေးပေမဲ့ ဒီရွာက ရွာသူတွေနဲ့ မတူဘူး "
"သူတို့လို ရုပ်ရည်မျိုး ကျွန်မမှာ မရှိလို့ ရွာက နှင်ထားခံရသူပါ "

"ဘယ်လို … ဘယ်လို … ငါနားမလည်ဘူး ပြန်ပြောပြပါဦး "

"ဟုတ်တယ် …ရှင် ကျွန်မကို ကြည့်လေ ဘယ်လိုနေလဲ ဒီကရွာသူတွေနဲ့ မတူဘူး မဟုတ်လား ……အဲလို မတူတဲ့အတွက် ရုပ်ဆိုးအကျည်းတန်လို့  ရွာပြင်ထုတ်ခံထားရတာပါ "

" ငါနားကြားများလွဲသလားလို့  …မင်းဆိုလိုတာက မင်းက ရုပ်ဆိုးတယ်လို့  ဆိုလိုတာလား" ……!!

"ဟုတ်ပါတယ် ခုလည်း ကျွန်မက ရုပ်ဆိုးလွန်းသာပါပဲ "

"အလို အံသြစရာပဲ "……!!

"တရွာလုံးကတောင် သတ်မှတ်ထားတဲ့ဟာ ရှင်က ဘာလို့ အံသြနေရတာလဲ "

"ဒီမှာ မိန်းကလေး ငါဟာလည်း လူပျို လူလွတ် တစ်ယောက်ပါ "
"ခုလို နေရာမျိုးမှာ မင်း နေ နေရတာကိုလည်း ငါမကြည့်ရက်ဘူး တကယ်လို့  မင်းကြည်ဖြူမယ် လက်ခံနိုင်မယ်ဆိုရင်"……

"ငါမင်းကို လက်ထပ်ပါရစေ "………

" ရှင် "

"ဘယ်လိုလဲ ခု မင်းအံသြ ရမဲ့အလှည့် ရောက်သွားပြီ မဟုတ်လား "
"တကယ်တော့ မင်းဟာ ငါတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာတော့ အလှဆုံးပါပဲကွာ "
"ဒီရွာက လူတွေက ဘယ်အရပ် ဘယ်ဒေသမှ မရောက်ဖူးကြတော့ သူတို့မြင်ဖူးတာကိုပဲ အလှဆုံးတွေလို့  ထင်နေကြတာပါ "
"ကွဲပြားခြားနားရင် မလှဘူးလို့  ထင်နေကြတာပါကွယ် " ''ငါမင်းကို ငါနေတဲ့မြို့ဆီ ခေါ်သွားမယ်"
''ခမ်းခမ်းနားနားမင်္ဂလာဆောင်မယ် "
''မင်းဟာ အလှဆုံး မိန်းကလေးဖြစ်တဲ့အကြောင်း ငါ သက်သေပြပါ့မယ် ''
''ငါနဲ့သာ လိုက်ခဲ့ပါတော့ အချစ်ရယ် ''

" ရှင် ''…………
IMG_15928912791005.jpeg

@myintaungnaing
Write by MyintAungNaing
photo by google image

သင်ခန်းစာ - အမှားတွေများလာရင် အမှန်တရားဟာ ပျောက်ဆုံးတတ်တဲ့ အကြောင်း ဘယ်ကိစ္စမဆို ရှုထောင့်စုံကနေ ဖြန့်ကျက်ကြည့်တတ်ဖို့  ကောက်ချက်ချ မစောဖို့
ရေအိုင်ထဲက ဖားသူငယ်လို့  မဖြစ်စေဖို့

cutout-1514024944.png

Sort:  

Thank you ! လာရောက် အားပေးတဲ့အတွက် ကျေးဇူးပါ

Good တယ်​bri

ကျေးဇူးတင်ပါတယ် Thank you!

i give follow & vote

အရေးအသားကတော့ ဆရာကျတယ် ။။
ရှေးဟောင်းပုံပြင်တစ်ပုဒ်ဖတ်လိုက်ရသလိုပဲ ။
..
ဖတ်ရူ့ ခွင့်ရတဲ့ အတွက်ကျေးဇူပါဗျာ ။

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခဗျ

I like your writing..Very good.

Very ! very thank you!

yes အပြန်အလှန် လုပ်ပေးမယ်

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64693.66
ETH 2975.51
USDT 1.00
SBD 3.70