အမှတ်တရနေ့စွဲ

in #myanmar6 years ago (edited)

ဘဝမှာ အမှတ်တရမွေးနေ့လေး ဖြတ်သန်းခဲ့ရဘူးပါတယ်။ဘယ်တော့မှ မမေ့သလို အမြဲတမ်းအမှတ်တရဖြစ်ခဲ့ပါသည်။ကျွန်တော်မှာ အရမ်းချစ်ရတဲ့အမရယ် အမြဲတမ်းပြောင်ချော်ချော် ပျော်ပျော်နေတတ်တဲ့ညီမကလေးတစ်ယောက်ရှိပါတယ်။ကျွန်တော့် အသက် ၂၅နှစ်မပြည့်ခင်(၁)ရက်လောက်အလိုမှာ အမေ့ဆီဖုန်းလာသည်။မနက်ဖန်တွင် ကျရောက်မည့် ကျွန်တော့မွေးနေ့ကို အိမ်ပြန်လာခဲ့ရန်ဖြစ်သည်။ညီမလေးကလဲ ကျွန်တော့်အတွက် မွေးနေ့ကိတ်မှာထားကြောင်း မွေးနေ့ကိတ်က အရမ်းလှကြောင်း ပြောသည်။မမကလဲ အဝတ်ကို မြန်မာဆန်ဆန် လေးဝတ်ခဲ့ပါတဲ့။

Credit image source

မနက်ရောက်တော့ အိမ်ပြန်ရတော့မည် စိတ်ကူးဖြင့် အစောကြီး နိုးနေသည်။နာရီကြည့်လိုက်တော့ ၅နာရီခွဲသာရှိသေးသည်။ကျွန်တော် ဆက်မအိပ်တော့ပဲ သီးချင်းတအေးအေးဖြင့် ရေမိုးချိုး ပြီး စတစ်ကော်လံနှင့် ယောပုဆိုးလေးကိုဝတ်ကာ မှန်ထဲကြည့်လိုက်သည်။အိမ်ရောက်လျှင် မိသားစုဓါတ်ပုံ လှလှလေးလဲရိုက်ရမည် ဟုစိတ်ကူးလိုက်သေးသည်။

ထို့နောက် ဘေးအခန်းက သူငယ်ချင်းထံမှ ကင်မရာငှားကာ အိမ်သို့ပြန်လာခဲ့သည်။ကားစီးရင်းအတွေးထဲမှာ ပျော်နေသည်။ အိမ်သို့မြန်မြန်ရောက်ချင်မိသည်။အိမ်သို့ရောက်သောအခါ မိသားစုဖြင့် စကားပြောကာ ခဏတစ်ဖြုတ်နားလိုက်သည်။ထို့နောက် မမမှ ကျွန်တော့် မျက်လုံးကိုအသာပိတ်ထားပြီး ညီမလေးကို အခန်းထဲမှ ထွက်လာခိုင်းလိုက်သည်။

credit image source

" Happy Birthday to you … Happy Birthday to you "ဆိုပြီး ညီမလေးက မွေးနေ့ကိတ်လေးကိုင်ပြီး ထွက်လာသည်။ မေမေနှင့် ဖေဖေက လက်ခုပ်လေးတီးပြီး အကုန်လုံးမွေးနေ့သီချင်းပြိုင်တူဆိုနေကျသည်။ကဲကဲ ဆုတောင်းပြီးမီးမှုတ်လိုက်ဆိုပြီး မမကမှိတ်ထားသောမျက်လုံးလေး ဖွင့်ပေးလိုက်သည်။

ကျွန်တော် ဖူးးးးးဆိုပြီးဖယောင်းတိုင် မီးလေးမှုတ်ပြီး မျက်လုံးလေးဖွင့်လိုက်သည်။ကျွန်တော်"ဟာ" ခနဲဖြစ်သွားသည်။ကျွန်တော့ မွေးနေ့ကိတ်သည် အထူးမှာယူထားသော အကောင်းစား ကိတ်မဟုတ်။၁၀၀တန်ကြက်ဥပူတင်းကိတ်လေးပေါ်တွင် ဖယောင်းတိုင်လေးထွန်းထားသည်။မိသားစု အားလုံး ဝိုင်းရယ်ကြသည်။ကျွန်တော်လည်း အားရပါးရ ရယ်မိသည်။ညီမလေးက"ကိုကို မွေးနေ့ကိတ်ကြိုက်လားတဲ့…ကိုကို တဘဝလုံး အမှတ်ရနေအောင် ညီမလေးက စီစဉ်ပေးထားတာ…ဘယ်နဲ့လဲ"ဟုမေးသည်။

ဟုတ်ပါသည်။ကျွန်တော့်အသက် ၂၅နှစ်မှာ မွေးနေ့ကိတ်ကတန်ဖိုးမရှိပေမဲ့ အမြဲတမ်းအမှတ်တရဖြစ်နေသည်။မောင်နှမတွေပြန်တွေ့တိုင်းလဲ ပြန်ပြောပြီး အမြဲအမှတ်တရဖြစ်နေပါသည်။အာ့နေရာမှာ တစ်ကယ့်မွေးနေ့ကိတ်အကောင်းစားသာဆို ကျွန်တော်တို့အမြဲအမှတ်ရချင်မှရမည်။ပျော်စရာကောင်းချင်မှကောင်းမည်။ပြန်ပြောတိုင်းလဲ ရယ်ရချင်မှရယ်ရမည်။သဘောကြချင်မှ ကြရမည်။တစ်ချို့အရာတွေက တန်ဖိုးမရှိပေမဲ့ တန်ဖိုးရှိစမြဲပင်။

MSC-224
@myintlwinsoe

Sort:  

မေမေ မရှိသည့်နောက် မွေးနေ့လည်းပျောက်ခဲ့ပါတယ်ဗျာ။

တကယ်တမ်းတော့ မွေးနေ့ပွဲဆိုတာထက် မိဘကို ကျေးဇူးဆပ်ပွဲဆိုပြီး ပြောင်းသင့်တာပါဆရာ

တန်ဖိုးကအဓိကမကျပါဘူး စေတနာ မေတ္တာကအဓိကပါ

ဟုတ်တာပေါ့ဗျာ

မွေးနေ့မှာဆိုရင်..အသက်ရှည်ဖို့၊ကျန်းမာဖို့ဆုတောင်းပေးကြတယ်မဟုတ်လား...သားရဲ့မိသားစုက..ဆုတောင်းပေးရုံမျှမကဘူး..လက်တွေ့ပေးလိုက်တာ။
အားပါးတရရီမောခြင်းဆိုတာ...ကျန်းမာစေတယ်လေ။

ဟုတ်ပါတယ်ခင်ဗျာ။တန်ဖိုးမရှိပေမယ့် အမှတ်တရရှိစေခဲ့ပါတယ်ခင်ဗျာ

ပျော်စရာမွေးနေ့ပွဲလေးဖြစ်ခဲ့တာဘာဘဲဗျာ...

ဟုတ်ပါတယ်ဗျာ

အမှတ်တမယ့်မှအမှတ်တယဖြစ်ရတာပဲလေ

တကယ့်အမှတ်ရပါပဲဗျာ

မွေး​နေ့မလုပ်​ဖူး​တော့သူများကိုလည်းမသိဘူးဗျာ

ဟားးးမိုးနွယ်ကိုလုပ်ခိုင်း

အမှတ်တရလေးဖြစ်သွားတာပေါ့

ဟုတ်တာပေါ့ဗျာ

အမှတ်​တရ​မွေး​နေ့​လေး​ပေါ့ကိုမြင့်​​ရေ။

ဒါပေါ့မအိရယ်

မွေးနေ့ကိတ်လေးစားချင်တယ်ဗျိုးးး

ညီမလေးပေးတဲ့ ကိတ်က ကြီးလွန်းတော့ ဒါးရှာလိုက်အုံးမယ် ဟားးး

အမှတ်​တရ​လေး​ပေါ့ဗျာ အားကျပါတယ်​ ကျ​နော်​ဆို ခုချိန်​ထိ တခါမှ ​မွေး​နေ့လုပ်​​ပေးတာမခံရ​သေးဘူးဗျာ😢😢

အကို့မွေးနေပွဲဟုတ်ပါဘူးကွယ်။သူငယ်ချင်းရဲ့အဖြစ်လေးကို စာစီထားတာပါ။

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10