ကျွန်မကြိုက်သော k-pop

in #myanmar6 years ago (edited)

image

ကိုရီးယား သီချင်းများကို k-popဟု ခေါ်လေ့ရှိကြတယ်။ကျွန်မက korean dramas တွေကြိုက်သလို k-pop သီချင်းများကိုလည်း ကြိုက်နှစ်သက်တဲ့သူ တစ်ယောက်ပါ။ဒါပေမဲ့ koreaကအဆိုတော်ကောင်လေး ချောချောလေးတွေလာရင် လေဆိပ်သွားစောင့်ပြီး သူတို့မလာရင် ငိုရလောက်တဲ့ထိတော့ စွဲစွဲလန်းလန်း ကြိုက်နှစ်သက်တဲ့ သူမျိုးတော မဟုတ်ဘူးပေါ့နော်။

ကျွန်မက k-pop အဖွဲ့များစွာကိုကြိုက်ပါတယ်။အဓိက သီချင်းကောင်းတဲ့ Big Bang,BTS,Got7,BlackPink,2AM,Twice,T-ara,Sistar နဲ့ Girls' Generation တို့ကိုအဓိက ကြိုက်ပါတယ်။ကျန်တဲ့အဖွဲ့တွေလည်း သီချင်းကောင်းရင်ကောင်းသလို ကိုယ့်အကြိုက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ သီချင်းလေးတွေ ဖြစ်ရင်ဖြစ်သလို တစ်ပုဒ်စနှစ်ပုဒ်စ ကြိုက်မိရင်လည်း ထိုအဖွဲ့များကိုကြိုက်ပါတယ်။ အဖွဲ့စွဲ သိပ်မထားဘဲ အကုန်လုံးကိုအားပေးတဲ့ ပရိသတ်မျိုးပါနော်။

k-pop သီချင်းတွေကို အားပေးရင်း korea အနုပညာသတင်းတွေကိုဖတ်ရှု့ရင်း kpopအဖွဲ့တွေရဲ့ အတက်အကျ,ပြိုကွဲမှု့,အောင်မြင်လာတာတွေ မျိုးစုံတွေ့ခဲ့ရသလို ကိုယ်ကြိုက်တဲအဖွဲ့တွေ အောင်မြင်လာရင်လည်း ဝမ်းသာရသလို ကိုယ်ကြိုက်တဲ့အဖွဲ့တွေ ပျက်စီးသွားရင်လည်း ဝမ်းနည်းနှမြောခဲ့ရတယ်။တစ်ခါတစ်လေ အခွေတွေ,teen scoop အစီအစဉ်တွေက ပြိုကွဲသွားတဲ့ ကိုယ်ကြိုက်တဲ့ အဖွဲ့ဟောင်းတွေရဲ့ သီချင်းကောင်းတွေလာရင် "ဒီလိုအဖွဲ့မျိုးမှပျက်ရတယ်လို့" ဆိုပြီး စုတ်တသတ်သတ်နဲ့ပေါ့။

အမှန်တကယ်တော့ k-popလောက ဆိုတာ အနုပညာလောကဖြစ်ပေမဲ့ တကယ်တန်း အခြားတစ်ဖက်ကနေကြည့်ရင် စီးပွားရေးလောက လို့ဆိုရင်လည်း မမှားပါဘူး။အောင်မြင်မှု့နဲ့ပရိသတ်အားပေးမှု့အပေါ်မူတည်ကာ ငွေကြေးရှာဖွေကြရပြီး ပရိသတ်နှစ်သက်အောင်လည်း ချောမောလှပတဲ့ ရုပ်ရည်ရှိသူများ,ငယ်ရွယ်တဲ့အသက်အရွယ်,သီချင်း,ဖျော်ဖြေတင်ဆက်တဲ့ပုံစံ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ဆွဲဆောင်လေ့ရှိကြတယ်။အားပေးတဲ့ပရိသတ်သိပ်မရှိဘဲ ပိုက်ဆံသိပ်မရှာနိုင်တဲ့ မအောင်မြင်တဲ့အဖွဲ့တစ်ချို့နဲ့အဖွဲ့ဝင်တွေဟာ နောက်ဆုံးအကြွေးတွေတင်ပြီး k-pop လောကကနေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားရသလို အောင်မြင်တဲ့အဖွဲ့တွေကျတော့လည်း နိုင်ငံတကာအထိပါခြေဆန့်လှည့်လည်ဖျော်ဖြေပွဲများ လုပ်နိုင်ကြပြီး ကမ္ဘာပတ်ပြီး ငွေအများကြီးရှာနိုင်ကြပါတယ်။

k-pop အဖွဲ့တစ်ဖွဲ့အောင်မြင်ရင် ပိုက်ဆံအများကြီးရှာပေးနိုင်လို့ ကုမ္ပဏီတွေက သင်တန်းသား,သင်တန်းသူတွေထဲက တကယ်တော်တဲ့,လှပတဲ့ သူတွေကို ရွေးထုတ်ပြီး ယောကျာ်းလေးအဖွဲ့,မိန်းကလေးအဖွဲ့စသဖြင့် အသီးသီးမြေတောင်မြောက်ပေးကြတယ်။နှစ်ရှည်လများ ကုမ္ပဏီမှာ trainingဆင်း အရည်အချင်းလည်းရှိပြီး ရုပ်ရည်နဲ့ကိုယ်ကာယအလှကိုထိန်းသိမ်းထားနိုင်ခဲ့သူဖြစ်ပေမယ့်လည်း တစ်ချို့သင်တန်းသား,သင်တန်းသူတွေဟာ k-popအဖွဲ့ဝင်ဖြစ်ဖို့ရွေးချယ်မှု့မှာမခံရဘဲ ချန်လှပ်ထားခံခဲ့ရတဲ့ သနားစရာကောင်းတဲ့သင်တန်းသား,သင်တန်းသူတွေလည်း ရှိကြပါတယ်။ခုနောက်ပိုင်း ကုမ္ပဏီကြီးတစ်ချို့က ကိုယ်တင်ပေးမဲ့အဖွဲ့ကြော်ငြာပြီးသားလည်းဖြစ်အောင် ပရိသတ်လည်းရအောင် ကုမ္ပဏီကအဖွဲ့သစ်အတွက် အဖွဲ့ဝင်တွေကို ကိုယ်တိုင်မရွေးတော့ကပဲ ရုပ်သံလိုင်းတွေမှာ survival showလုပ်ပြီး လူကြိုက်အများဆုံးသူတွေကိုပဲ ရွေးချယ်အဖွဲ့ဖွဲ့ပေးတာမျိုးလုပ်လာကြတယ်။ဒီလိုကြတော့ သင်တန်းသား,သင်တန်းသူတွေအတွက် k-popအဖွဲ့ဝင်တစ်ယောက်အနေနဲ့ဖြစ်ဖို့ ပိုပြီး ခက်ခဲပင်ပန်းသွားတာပေါ့။

k-popအဖွဲ့တစ်ဖွဲ့အောင်မြင်ဖို့ကတော့ ငယ်ရွယ်ပြီးချောမောလှပတဲ့အဖွဲ့ဝင်တွေ,သီချင်းဆိုရာကရာမှာ အရည်အချင်းရှိတဲ့အဖွဲ့ဝင်တွေ,နောက်ကွယ်ကကုမ္ပဏီရဲ့အကြံဥာဏ်,ပံ့ပိုးမှု့နဲ့ အဓိက သီချင်းကောင်းလိုအပ်တယ်လို့ထင်တယ်။နောက်ပြီး ကြိုးစားမှု့နဲ့ကံကြမ္မာဖေးမမှု့လည်း လိုအပ်သေးတာပေါ့။ဒီလိုနဲ့ k-popအဖွဲ့အသီးသီးဟာ k-pop အနုပညာလောကမှာ မတူညီကွဲပြားခြားနားတဲ့အခြေအနေလမ်းကြောင်းအသီးသီးပေါ်မှာလျှောက်လှမ်းရင်း အချို့က အောင်မြင်ကာ အချို့က ရှုံးနိမ့်သွားကြတယ်။အချို့က ဆက်လက်ရှင်သန်မယ့်လမ်းကြောင်းကို ရွေးချယ်ကြပြီး အချို့ကတော့ရပ်နားဖို့ဆုံဖြတ်လိုက်ကြတယ်။ဒီလို အခြေအနေအကြောင်းအရပ်ရပ်တွေကြောင့် ပြီးခဲ့တဲ့နှစ်တွေက အဖွဲ့ဟောင်းများစွာ ပျက်စီးပျောက်ကွယ်သွားကြတယ်။ထိုနည်းတူစွာပဲ အဖွဲ့သစ်များစွာလည်း အသီးသီးပေါ်ပေါက်လာကြတယ်။အဖွဲ့သစ်တွေပေါ်ပေါက်ပေမယ့်လည်း အချို့တကယ်ကောင်းတဲ့ အဖွဲ့ဟောင်းတွေရဲ့ဖျော်ဖြေတင်ဆက်မှု့ဟန်ပန်နဲ့သီချင်းကောင်းတွေကို လိုက်မမှီ အစားမထိုးနိုင်သေးတာလည်း တွေ့ရတယ်။အဖွဲ့ဟောင်းတွေပျက်စီးသွားတာ k-pop ပရိသတ်တွေအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု့ကြီးတစ်ခုပါ။ဘာပဲဖြစ်ဖြစ် k-popလောကကြီးကတော့ အဟောင်းတွေပျောက် အသစ်တွေပေါ်ရင်းဆက်လက်ရှင်သန်နေဆဲပါ။ဒီလိုပဲ အဖွဲ့အသစ်တွေပေါ်လိုက် အဟောင်းတွေပျောက်သွားလိုက်နဲ့ k-popလောက သံသရာကြီးထဲမှာ ကျွန်မတို့ပရိသတ်တွေလည်းk-popအဖွဲ့ အသစ်တွေပေါ်ရင် အားပေးလိုက် အဟောင်းတွေပျောက်သွားရင် ဝမ်းနည်းလိုက်နဲ့ k-popရောဂါ သံသရာလည်နေဆဲပါ။

Photo credit-

Author-myothuzar,MSC-033

Sort:  

ကျနော်တော့ Big bang ကို maleပိုဆန်လို့ကြိုက်မိတယ်ခုနောက်ပိုင်း epik high လည်းကြိုက်တယ်..YG က entertainment ထက် ပညာရှင်ပိုဆန်လို့...2ne1 ကပြိုကွဲသွားပြီ

Big Bang ကြိုက်တယ်။သီချင်းကောင်းလို့။Epik high လည်း တစ်ချို့သီချင်းတွေ တော်တော်ကောင်းတယ်။ဒါပေမဲ့ epik high ကထွက်တာနည်းလို့ မေ့တောင်မေ့နေတယ်။

မသိ​တော့ဘာ​ပြော၇မလဲဗျ:-)

ဟုတ်။ရပါတယ်။

K-POP ကျမသိဘူး ၊ဟော့ပေါ့ပဲသိတယ်

ဟော့ပေါ့လည်း ကောင်းတာပဲ။

သူ့တို့ တိုင်းပြည်ရဲ့ အနုပညာအဆင့်အတန်းအ မြင့်သထက်မြင့်လာတဲ့ သဘောပါပဲဗျာ

ဟုတ်တယ်။သူတို့အနုပညာ အဆင့်အတန်းမြင့်သလို အောင်မြင်မှုတွေလည်း ကြီးမားလာကြပြီ။

သီချင်းတွေကိုတော့သေချာမသိဘူး ရုပ်ကလေးတွေကတော့ ချစ်ဖို့ကောင်းချက်

k-pop အဖွဲ့ဝင်တွေက များသောအားဖြင့်ချောတဲ့ချစ်စရာကောင်းတဲ့သူတွေများတယ်။

အားပေးခဲ့ပါတယ်

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

အားပေးခဲ့တယ် ခင်ဗျ

ဟုတ်ကဲ့။ကျေးဇူးပါ။

သူတို့ရဲ့အနုပညာအရည်​အ​သွေး မြင့်​ကြမှန်း​တော့သိတယ်​။ဒါ​ပေမယ့်​သိပ်​မကြိုက်​ဘူး

ဟုတ်ကဲ့။

နားထောင်ဖူးတယ် သီချင်းလေးတေကောင်းတယ်

ဟုတ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60625.76
ETH 2898.84
USDT 1.00
SBD 3.62