မင်းလွတ်အောင်ပြေး

in #myanmar6 years ago

image

လွတ်မြောက်ခြင်းဆိုတာကိုယ်တို့စိတ်ကလေးရဲ့
အခြေအနေတစ်ခုပါပဲကွယ့်
မိုးပျံပူဖောင်းထဲစိတ်ကလေးထည့်ပြီး
အပ်ချည်ကြိုးကိုလွှတ်လိုက်
ပြေး
မင်းလွတ်အောင်သာ ပြေး

မင်းကိုယ်တိုင်အကျဉ်းချထားတဲ့မင်းရဲ့ဖြစ်တည်မှုတွေ
မင်းကိုယ်တိုင်နှောင်ဖွဲ့ထားခဲ့တဲ့မင်းရဲ့အတ္တတွေ
မင်းကိုယ်တိုင်မုန်းတီးနေတဲ့မင်းရဲ့ချစ်ခြင်းတရားတွေ
မင်းကိုယ်တိုင်လေးလံနေခဲ့တဲ့မင်းရဲ့ပုခုံးတွေ
မင်းကိုယ်တိုင်မရယ်မောတော့တဲ့မင်းရဲ့ပျော်ရွှင်မှုတွေ

စိုးရိမ်ကြောင့်ကျမှုရဲ့ သံတိုင်တွေအောက်
မင်း ငုံ့ထားခဲ့တဲ့ခေါင်း မော့လိုက်ပါတော့
လူ့ဘဝဟာတိုတောင်းခဲ့တယ်ဆိုလည်း
ပူဆွေးစရာဘာမှမရှိ
လူ့ဘဝဟာရှည်လျားခဲ့တယ်ဆိုလည်း
ပိုပြီးချစ်ကြဖို့သာရှိ

ပြေး* item
မင်းလွတ်အောင်သာ ပြေး
မရပ်နဲ့။ ။

@nainghtookhant
Photo credit; Google image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 71181.66
ETH 3647.17
USDT 1.00
SBD 3.75