သန့်​ရှင်း​သော​ရေ

in #myanmar6 years ago

ကဲသားတို့သမီးတို့လာကြဒီအပင်​ရိပ်​​အောက်​ကကွပ်​ပျစ်​မှာစုပြီးထိုင်​ဦးဦးဒီ​နေ့"သန့်​ရှင်း​သော​ရေ”အ​ကြောင်း​ပြောပြမယ်​....
image
ဦးသာ​အောင်​သည်​​ကျောင်းဆရာအငြိမ်းစားတစ်​ဦးဖြစ်​ပြီးရပ်​ရွာအတွင်းရှိက​လေးများအားကြုံလျင်​ကြုံသလိုဗဟုသုတရ​စေမည့်​အ​ကြောင်းများကိုပုံပြင်​တစ်​ပုဒ်​လို​ပြောပြ​လေ့ရှိသည်​။

ရေဆိုတာလူ​တွေအတွက်​မရှိမဖြစ်​လိုအပ်​တဲ့အရာတစ်​ခုဆိုတာသိကြတယ်​မဟုတ်​လားက​လေးတို့....ဟုတ်​ကဲ့သိပါတယ်​ဦးဦး...ဘယ်​လိုသုံးလို့ရလဲ​ပြောပြကြပါအုံး....​သောက်​လို့ရတယ်​...​ရေချိုးလို့ရတယ်​...ပန်းကန်​​ဆေးလို့ရတယ်​...အဝတ်​​လျှော်​လို့ရတယ်​...ထမင်းချက်​လို့ရတယ်​...တစ်​​ယောက်​တစ်​​ပေါက်​​ဖြေ​နေကြ​သောက​လေးများအားဦးသာ​အောင်​ပြုံးကြည့်​ပြီး....ကဲရပါပြီက​လေးတို့အသုံးဝင်​တာ​တော့အများကြီးပါပဲ....
image
ဘယ်​လိုပဲသုံးသုံး...အ​ရေးကြီးတာကသုံးတဲ့​ရေ...သန့်​ရှင်း​နေဖို့လိုတယ်​ကွယ့်​....သန့်​ရှင်းတဲ့​သောက်​သုံး​ရေဖြစ်​ဖို့အ​ရေးကြီးတယ်​....​သောက်​သုံး​ရေ​တွေသန့်​ရှင်းဖို့ဆိုတာက...အဲ့ဒီ​ရေမှာအနည်​​တွေ...အမှုန်​​တွေကင်းစင်​​နေရမယ်​ကွယ့်​...အ​ရောင်​မည်းညစ်​​နေတာ​တွေ....​နောက်​ကျိ​နေတာ​တွေမဖြစ်​ရဘူးကွယ့်​...အရသာချိုတာ၊ချဉ်​တာလဲမရှိရဘူး...အဲ့ဒီလိုအ​ရောင်​အဆင်း...အနံအရသာ​တွေမရှိရဘူးကွယ့်​...အ​ရောင်​ဆိုး​ဆေး​တွေ၊ဓာတု​ဗေဒပစ္စည်း​တွေလဲမပါဝင်​ရဘူး​နော်​...အဲ့ဒါမျိုးကိုမှ...သန့်​ရှင်းတဲ့​သောက်​​ရေသုံး​ရေလို့...​ခေါ်နိုင်​တယ်​ကွယ့်​မှတ်​ထားကြ​နော်​...

ဒါဆိုရင်​သားတို့​သောက်​​နေတဲ့...အချိုရည်​​တွေကလဲ...သန့်​ရှင်းတဲ့​သောက်​​ရေမဟုတ်​ဘူး​ပေါ့​နော်​...ဖိုးလုံးကသိချင်​​ဇောဖြင့်​​မေးလိုက်​သည်​.....
ဟုတ်​တာ​ပေါ့...​မောင်​ဖိုးလုံးရာ...အချိုရည်​​တွေဆိုတာ...အ​ရောင်​ဆိုးထားတယ်​...သဘာဝရဲ့အရသာနဲ့မတူတဲ့...လူ​တွေဖန်​တီးထားတဲ့...အရသာ​တွေထည့်​ထားတာဖြစ်​လို့...တစ်​ခါတစ်​ရံသာ​သောက်​သုံးသင့်​တယ်​ကွယ့်​...အမြဲ​သောက်​မယ်​ဆိုရင်​...ကျန်းမာ​ရေးထိခိုက်​နိုင်​တယ်​​နော်​...
image
ရေထဲမှာပါတဲ့...အနည်​​တွေက​ရော...သားတို့ကျန်းမာ​ရေးကိုထိခိုက်​​စေတာလား...ဦးဦး....​အောင်​ဘုကတစ်​လှည့်​​မေးခွန်းထုတ်​ပြန်​ပါပြီ...

ထိခိုက်​တာ​ပေါ့ကွယ်​...အဲ့အနည်​​တွေ၊အမှုန်​​တွေထဲမှာ​ရောဂါပိုးမွှား​တွေခို​အောင်း​နေတတ်​တယ်​။ပြီး​တော့..ထုံးဓာတ်​တို့၊သံဓာတ်​တိုစတဲ့...ဓာတ်​သတ္ထု​တွေလည်းပါ​နေတတ်​တယ်​ဒါ​ကြောင့်​...ကျန်းမာ​ရေးကိုထိခိုက်​တာ​ပေါ့ကွယ်​...

ဒါဆိုအဲ့ဒီ​ရေကိုဘယ်​လိုသန့်​​ရှင်းအောင်​ဘယ်​လိုလုပ်​ရမလဲ...ဦးဦး..​အေးကြည်​မကလဲအားကျမခံ​မေး​လေပြီ..
ဦးသာ​အောင်​သ​ဘောကျစွာပြုံးရင်း...သန့်​ရှင်း​အောင်​လုပ်​တဲ့နည်း​တွေက​တော့...အမျိုးမျိုးရှိတယ်​က​လေးတို့ရဲ့...အဲ့ဒီအထဲကတချို့ကိုဦးဦး​ပြောပြမယ်​...​သေချာမှတ်​ထားကြ​နော်​....

ရေကိုအိုးထဲမှာ..တစ်​ညသိပ်​ထားပြီး...ညသိပ်​​ရေကိုသုံးကြတယ်​။တစ်​ညသိပ်​လိုက်​​တော့...အနည်​​တွေ​အောက်​မှာထိုင်​သွားတယ်​...အဲ့လိုအနည်​ထိုင်​​နေတဲ့အ​ပေါ်ယံက​ရေကြည်​ကို...ကဲ့ပြီးသုံးကြတယ်​ကွယ့်​...
နောက်​တစ်​နည်းက...​မြေပဲဆံအစိမ်း၊​ရေကြည်​​စေ့၊ဒန့်​သလွန်​​စေ့အ​ခြောက်​မှုန့်​တို့ကို​ရေနဲ့​ရောပြီးအနည်​မြန်​မြန်​ကျ​အောက်​လုပ်​လို့လဲရတယ်​...​ရေကို​သေချာစစ်​ပြီးဖန်​ပုလင်းသန့်​သန့်​မှာထည့်​​နေလှန်းထားရင်​လဲ​ရောဂါပိုး​တွေ​သေ​စေနိုင်​တယ်​ကွယ့်​...

ဝမ်းနဲ့ပတ်​သက်​တဲ့...ကူးစက်​​ရောဂါ​တွေ..ကပ်​​ရောဂါ​တွေ...အဖြစ်​များတဲ့အချိန်​မျိုး​တွေမှာဆို...ကလိုရင်းလို့​ခေါ်တဲ့​ဆေး​တွေ​သောက်​​ရေထဲမှာခပ်​ပြီး​သောက်​ကြတယ်​...ပုံမှန်​ဒီ​ဆေးခပ်​​သောက်​မယ်​ဆိုရင်​...​ဆေးမှာပါတဲ့ဓာတ်​​တွေ​ကြောင့်​...ကျန်းမာ​ရေးထိခိုက်​နိုင်​တယ်​​နော်​...ဒါ​ကြောင့်​..ဝမ်း​ရောဂါ..ကပ်​​ရောဂါဖြစ်​တဲ့အချိန်​မျိုး​တွေမှာပဲ...ခပ်​​သောက်​ခိုင်းတာ​ပေါ့ကွယ်​....

ဓာတ်​သတ္ထု​တွေနဲ့အမှုန်​အမွှား​တွေကို...ဖယ်​ရှားဖို့အ​လွယ်​ဆုံး...နည်းလမ်းက​တော့...​ရေကိုမီးနဲ့ကျိုချက်​လိုက်​တာ​ပေါ့...အဲ့ဒီလိုကျိုလိုက်​ရင်​...ထုံဓာတ်​အပါအဝင်​...ဓာတ်​သတ္ထု​တော်​​တော်​များများကိုဖယ်​ရှားနိုင်​တယ်​ကွယ့်​...ဒါ​ကြောင့်​မို့လူကြီး​တွေက​...ရေ​နွေးကြမ်း​သောက်​ကြတာကိုး...သားတို့လဲ​ရေ​နွေးကြမ်း​သောက်​တတ်​​အောင်​...အကျင့်​လုပ်​ရမယ်​ဟု​အောင်​ဘုကဝင်​​ပြော​လေသည်​....မှန်​တာ​ပေါ့ကွယ်​...​ရေကိုကျိုချက်​​ချောက်​နိုင်​ရင်​အ​ကောင်းဆုံးပါပဲ...
image
မိုး​ရေဆိုရင်​​ရောဒီတိုင်း​သောက်​လို့ရလား...ဦးဦး..ဖိုးလုံးက​မေးပြန်​သည်​...
မိုး​ရေဆိုတာ...မိုး​ပေါ်ကကျလာတဲ့​ရေမို့...အနည်​​တွေ..အမှုန်​​တွေ...​ရောဂါ​တွေမပါနိုင်​ပါဘူး...မိုး​ရေဟာသန့်​ပါတယ်​...​သောက်​လို့ရတယ်​...ဒါ​ပေမယ့်​မိုး​ရေကိုခံယူမယ့်​...ဇလုံ​တွေ...ပုံး​တွေကသန့်​ဖို့​တော့လိုတယ်​ကွယ့်​...မိုး​ပေါ်ကကျတာကိုတိုက်​ရိုက်​ခံယူရင်​​တော့အ​ကောင်းဆုံး​ပေါ့ကွယ်​...အိမ်​အမိုး​ပေါ်ကတဆင့်​ခံယူမယ်​ဆိုရင်​​တော့...ဖုန်​မှုန့်​​တွေ...ငှက်​​ချေး​တွေလဲပါလာနိုင်​တယ်ဒါ​ကြောင့်​မို့အိမ်​အမိုး​ပေါ်ကတဆင့်​ခံယူမယ်​ဆိုရင်​သတိထားသင့်​တယ်​ကွယ့်​...
မြေကြီးထဲကတူးယူတဲ့...အဝီစိတွင်း​ရေ​တွေကလဲသန့်​ရှင်းပါတယ်​...​ရောဂါပိုး​တွေကင်းစင်​​ပေမယ့်​...ထုံးဓာတ်​တို့သံဓာတ်​တို့ဆားဓာတ်​တို့ပါဝင်​​နေတတ်​တယ်​ကွယ့်​...ဒါ​ကြောင့်​အဝီစိတွင်း​ရေကိုလဲ..​သေချာစစ်​​ဆေးပြီးမှသုံးသင့်​တယ်​...
မြစ်​​ရေ၊​ချောင်း​ရေ၊ကန်​​ရေ​တွေကိုလဲတိုက်​ရိုက်​မျသာက်​ရဘူး​နော်​မှတ်​ထားကြ...​သေချာသန့်​စင်​​အောင်​လုပ်​ပြီးမှ...​သောက်​သုံးရမယ်​ကွယ့်​...

ကဲကဲ...က​လေးတို့လဲ​ရေနဲ့ပတ်​သက်​လို့...အ​တော်​​လေးဗဟုသုတရသွားကြပြီပဲ..ဦးဉ်ီး​ပြောတာ​တွေ​သေချာမှတ်​ထားကြ​နော်​....

ဟုတ်​ကဲ့ပါဦးဦး....

ဖတ်​မိသမျှပြန်​လည်​မျှ​ဝေပါသည်​။
Photo credit. Google image
Author. Nainglinn
MSC.114

Sort:  

ခရီးထွက်တဲ့အခါရေရဲ့သန့်ရှင်းမှုအရေးပါတာ
ပိုပြီးသိရတော့တာပဲ

အမှန်​​ပေါ့ဗျာ

ရေးထားတာကောင်းပါတယ်အကို ဗဟုသုတရပါတယ်။

ကျေးဇူးပါဗျ

goodဒယ်bro ဗဟုသုတလည်းရတယ်

ကျေးဇူးပါဗျ

ကောင်းပါတယ် bro
အသိအမြင်တိုးပွားစေပါတယ်

ကျေးဇူးပါဗျ

ဗဟုသုတ တွေရရှိ ပါတယ်
တခုလောက်အကြံပေးပါရစေ ကို နိုင် လင်းရေ...
Phoneနဲ့စာရေးတာဆိုရင် Frozen Keyboardကိုသုံးပါလားး
အရေးသားတွေကောင်းပါတယ်ခင်မျ
FrozenKeyboardနဲ့စာရိုက်ရင် မမြင်ရတာ၊ဖတ်မရတာလေးတွေ သိပ်မရှိတော့ဘူးလေ

Phone နဲ့​ရေးတာပါဗျအြ​က​ပေးတာ​ကျေးဇူးပါဗျ

ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတပေးသွားတယ်ဗျာ

ဟုတ်​​ကျေးဇူးပါဖတ်​မိသမျှ ပြန်​လည်မျှေ​ဝ​ပေးတာပါဗျ

ရေဲ့အရင်းအမြစ်ကို ထိန်းသိန်းသင့်ကြောင်းတွေဘာတွေထည့်ရေးရင် စာက ပိုလှသွားမှာဗျ။

ခုလိုအကြံပြု​ပေးတာ​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65935.31
ETH 3015.23
USDT 1.00
SBD 3.75