ဘဝ၏ အပိုင်းအစ

in #myanmar6 years ago (edited)

ယခုတစ်​ပတ်​​တော့ ကျွန်​​တော့်​ဝတ္ထုရှည်​အခန်းဆက်​ကို​ခေတ္တနားပြီး​လတ်​တ​လော​တွေ့ကြုံလုပ်​ကိုင်​​နေရတဲ့အ​ကြောင်းအရာ​လေးကို​ရေးသား​ဖော်​ပြလိုပါသည်​။စာဖတ်​သူတို့မအားလပ်​သည့်​အချိန်​​လေးများထဲမှအနည်းငယ်​အားလပ်​သည့်​အချိန်​​လေးများဖြင့်​ဖတ်​ရှု​ပေးကြပါခင်​ဗျာ။သို့အတွက်​လည်း ​ကျေးဇူးအထူးတင်​ရှိပါသည်​။

ဟို​တောင်​တခွင်​ညို့မှိုင်းမှိုင်းဖြင့်​ မိုးတိမ်​များမှာ ​ကောင်းကင်​တစ်​ခွင်​ဖုံးလွှမ်းလို့​နေပါပြီ။ရာသီစက်​ဝန်းသည်​ အလှည့်​ကျမိုးရာသီသို့ စီးနင်းဝင်​​ရောက်​လို့လာပါသည်​။မိုးရာသီသို့​ရောက်​လာသည့်​အညီ ​တောင်​သူလယ်​သမားတို့၏ လုပ်​ငန်း​ဆောင်​တာများလည်း အစပျိုး လုပ်​ကိုင်​ကြသည့်​အချိန်​လည်း ဖြစ်​ကြသည်​​ပေါ့။လယ်​ယာသမားများအတွက်​ မိုးရာသီသည်​ အလွန်​အ​ရေးပါအရာ​ရောက်​​သော ရာသီဖြစ်​သည်​ဟုဆိုလျှင်​မှားမည်​မထင်​ပါ။မိုးဦး​ပိုင်း မိုးဦး​ကောင်း​နေ​သောအချိန်​အတွင်း စပါးစိုက်​ပျိုးကြရန်​အတွက်​ ပျိုးခင်းများ ​ထောင်​ကြရသည်​။အချိန်​နှင့်​ဒီ​ရေသည်​ လူကိုမ​စောင့်​ဆိုသလို အချိန်​ရှိခိုက်​ လုံ့လ ဝီရိယဖြင့်​ လုပ်​​ဆောင်​ရမည်​မဟုတ်​လား။မိမိအ​နေဖြင့်​မိုး​လေးက​အေး ​လေ​လေးက​အေး​နေသဖြင့်​ မိမိဖုန်းအားကိုသွင်း 8ball​ဆော့ပြီး $များယူမည်​​ပေါ့။သို့​သော်​လည်း ကံများကမ​ကောင်း။မိမိ​ဆော့၍နိုင်​ခါနီးအချိန်​ဆိုရင်​ဖြင့်​ connection ကျ၍ ရှုံးသွားပြန်​သည်​။တဖန်​ connection ​ကောင်းပြန်​က မိမိအလှည့်​ပင်​မ​ရောက်​ရှုံးပြန်​သည်​။တစ်​ခါတစ်​ခါ စိတ်​များမရှည်​နိုင်​​တော့ပါ။မိမိထိုးလှည့်​​ရောက်​၍ ထိုးစရာမရှိက အမဲ(8)လုံးကိုထိုးထိုးချ၍အရှုံး​ပေးလိုက်​သည်​။(မှတ်​က​ရော)ဒါက​တော့ အချိန်​အနည်းငယ်​ရတဲ့အခိုက်​ လုပ်​သည့်​အလုပ်​​ပေါ့။တကယ့်​ မိမိဘဝအတွက်​အလုပ်​က မိုးရာသီစလာလျှင်​ အလုပ်​များလည်း အစပျိုးရသည်​​ပေါ့။မိမိအလုပ်​က လယ်​အလုပ်​သည်​လည်းမဟုတ်​ပါ။မိရိုးဖလာအလုပ်​က​တော့ ယာ ကိုင်းစသည်​​ပေါ့။လယ်​အလုပ်​​တော့မဟုတ်​​ချေ။မိမိသည်​က​တော့ ထိုအလုပ်​များက မလုပ်​ကိုင်​ရ​သော်​လည်း အနည်းငယ်​​တော့ သိရှိနားလည်​ထားသည်​။ယာ၊ကိုင်းအလုပ်​ကိုဝင်​မလုပ်​ဘဲ မိုးရာသီတွင်​​တော့ အ​ရောင်းအဝယ်​အလုပ်​ကိုလုပ်​ကိုင်​သည်​။တစ်​နိုင်​တစ်​ပိုင်​​လေးဆိုပါ​တော့။ဘာကိုအ​ရောင်းအဝယ်​လုပ်​သလဲ ​မေးရင်​​တော့ ကုန်​စိမ်းအ​ရောင်းအဝယ်​​ပေါ့။မိုးရာသီတွင်​ မိမိဇာတိရွှာမှထွက်​ ကုန်​စိမ်းသီးနှံတစ်​မျိုးဖြစ်​သည့်​ ​ပြောင်း သီးနှံကို ဝယ်​ယူ​ရောင်းချကြသည်​။မိမိမြို့ဇာတိနှင့်​ မန္တ​လေး ကူမဲ​ ​ကျောက်​ဆည်​ထိပါ အ​ရောင်းအဝယ်​ပြုလုပ်​​လေ့ရှိသည်​။FB_IMG_1528384567902.jpg
ယခုအချိန်​တွင်​​တော့ မိမိဇာတိမြို့ရွှာများတွင်​ ကုန်​များရှာရသည်​။ကုန်​ရှာရသည်​ဆိုကတည်းက အိမ်​တွင်​မကပ်​ရ​တော့ပါ။ဆိုင်​ကယ်​ဖြင့်​ တ​နေကုန်​၊တ​နေခန်း ​လျှောက်​ပတ်​ဝယ်​​နေရသည်​။ကုန်​ကလည်း အဝယ်​များသည်​က ရှာရ အလွန်​ခက်​သည်​။တချို့​တောင်​သူများအား ​ဝယ်​ရခြမ်းရလွယ်​ကူသ​လောက်​ တချို့​တောင်​သူများမှာ ဝယ်​ရခြမ်းရအလွန်​ ခက်​ခဲလွန်းသည်​။ထို​တောင်​သူများမှာ အမြင်​ကျဉ်း​သော ​တောင်​သူများဖြစ်​ကြမည်​ထင်​ပါသည်​။အဘယ်​​ကြောင့်​ဆို​သော်​ ၎င်းတို့အ​နေဖြင့်​ ၎င်းတို့ကုန်​နှင့်​ ထိုကုန်​၏တန်​ဖိုးကို ကြိုတင်​ခန့်​မှန်းထားခြင်းမရှိဘဲ အဆမတန်​​တောင်း​နေခြင်း​ကြောင့်​ဖြစ်​သည်​။ထိုသို့​တောင်းခြင်း​ကြောင်းအဝယ်​သမားများက ​ဈေးညှ်ို့နှိုင်းရန်မဖြစ်​နိုင်​တော့ဟုဆုံးဖြတ်​ကာ လှည့်​ပြန်​ကြတာချည်းဖြစ်​သည်​။ဥပမာဆိုကြပါစို့ ​တောင်​သူအ​နေဖြင့်​ မိမိ၏ကုန်​တန်​ဖိုးကို(၂၀)သိန်းလိုချင်​သည်​ဆိုပါ​တော့။၎င်းအ​နေဖြင့်​ အဝယ်​သမားများလာ​ရောက်​ချိန်​တွင်​ ကုန်​တန်​ဖိုးကို (၄၀)​သိန်း​လောက်​​​တောင်းထားကြသည်​။ထိုအခါတွင်​​​တော့အဝယ်​သမားများမှာ မိမိဝယ်​လိုသည့်​​ဈေး​ပေးရန်​ အခက်​ခဲဖြစ်​​တော့သည်​။မိမိ​ပေးလိုက်​သည့်​​ဈေးအ​ပေါ် ​တောင်​သူများစိတ်​ဆိုးမည်​စိုး​သော​ကြောင့်​ဖြစ်​သည်​။အမှန်​တကယ်​ကုန်​တန်​ဖိုးမှာ သိန်း(၂၀)ဖြစ်​​သော်​လည်း (၄၀)သိန်း​တောင်းထား​သော​ကြောင့်​ ​ကုန်​​ဈေးအား​ခေါက်​ချိုး​ပေးရမည်​အ​ခြေအ​နေတွင်​ ​ဈေးဖွင့်​​ပေးရန်​​စိတ်​မရဲ​တော့​ပေ။တချို့​သော​တောင်​သူများလည်း ​သေ​သေချာချာ ရှင်းပြလိုက်​မှ သ​ဘော​ပေါက်​နားလည်​ကြသည်​။လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေဆိုသည့်​အတိုင်း လူတစ်​​ယောက်​၏စိတ်​ကို သိနိုင်​ရန်​မှာလည်း ခက်​ခဲလှသည်​။ကုန်​များအား ​ချော​ချော​မွေ့​မွေ့ဝယ်​နိုင်​လျှင်​​တော့ ကံ​ကောင်းလှသည်​။ပြောင်းများ ရပြီဆိုလျှင်​ ​​ ​ဈေးကွက်​အတွင်းသို့ ပို့​ဆောင်​ရန်​ စီစဉ်​ရ​တော့သည်​။ဈေးကွက်​​အ​နေဖြင့်​​တော့ ရန်​ကုန်​ သို့ ပို့​ဆောင်​သည်​ကများသည်​။တခြား​သော မြို့များဖြစ်​​သော မန္တ​လေး၊မိတ္ထီလာ၊​မော်​လမြိုင်​ မြို့များတို့လည်းပို့​ဆောင်​​​နိုင်​​သေးသည်​။သို့​သော်​ အနည်းအကျဉ်းသာ တင်​​ဆောင်​နိုင်​သည်​။ပြောင်း​များအားတင်​​ဆောင်​ရာတွင်​လည်း အခက်​အခဲအနည်းငယ်​စီရှိကြသည်​။မိုးများလျှင်​ ကားအဝင်​အထွက်​များအနည်းငယ်​ အခက်​အခဲရှိသည်​။ပြောင်းများမှာ ရွှာများသို့သွား​ရောက်​တင်​​ဆောင်​ရ​သော​ကြောင့်​ဖြစ်​သည်​။FB_IMG_1528384564123.jpg
ပြောင်းများအား လူအားဖြင့်​ ကွင်းပြင်​ကျယ်​တစ်​​နေရာတွင်​ စုစည်းကာ (၁၀)ဘီး သို့မဟုတ်​ (၁၂)ဘီးကားများဖြင့်​ ပွဲရုံများဆီသို့ တင်​​ဆောင်​သွားကြရသည်​။မိမိဇာတိဖြစ်​​သော ​တောင်​ငူမှရန်​ကုန်​ဆိုလျှင်​ ညမအိပ်​ရဘဲ ​ရောက်​၍ ​ပြောင်းဖူးမှာ လတ်​လတ်​ဆတ်​ဆတ်​နဲ့ စားသုံးသူများ ဝယ်​ယူရသည်​။ဤသည်​မှာ မိုးရာသီတွင်​ ကျွန်​​တော်​ လုပ်​ကိုင်​ရမည့်​ လုပ်​ငန်း၏ အ​ကြောင်းတစ်​ခုပင်​ဖြစ်​ပါသည်​။ဖတ်​ရှု​ပေးကြ​သော ညီအစ်​ကို​မောင်​နှမများအားလုံး ​ကျေးဇူးအထူးပင်​တင်​ရှိပါသည်​။

Author by @nandasai(MSC.076)

Images-My Photo

Sort:  

8 ball လည်း ထိုးတယ် ပြောင်းဖူးကုန်သည်ကြီးလည်း လုပ်နေတယ်ပေါ့

ဟုတ်​တယ်​ကို​စော​ရေ အားတဲ့အချိန်​​လေး​ပေါ့

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 9.39% upvote!
I was summoned by @nandasai. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ပြောင်းဖူးတွေ စားချင်တယ်။ ပြုတ်ပီးတော့ရော မီးကင်ပီးတော့ရော ...

ဖုတ်​ပီး​တော့ မစားချင်​ဘူးလား

ကုန်သည်ပွဲစားလုပ်ရတာလဲ မလွယ်ပါလားဗျာ

ဟုတ်​တယ်​ဗျာ

ပြောင်းဖူးကုန်သည်ကြီးပေါ့

ဟုတ်​ပါ့

8ball​တော့ တစ်​ခါမှ မ​ဆော့ဖူး​သေးဘူး ဆော့တဲ့သူ ​တော်​​တော်​များသားပဲ​နော်

ဟုတ်​တယ်​ ကိုလင်း​ရေ ..ရှူံး​နေတာချည်းပဲ

တောင်ယာအလုပ်က လွယ်တော့မလွယ်ဘူးထင်တယ်ဗျ
စိတ်တော့သိပ်မပင်ပန်းပေမယ့်လူပင်ပန်းရတယ်

ဟုတ်​တယ်​ကိုမိုး​ရေ စိတ်​မပန်း​ပေမဲ့ လူပင်​ပန်းတယ်

ဝမ်းတွင်းမြို့လေးထဲလည်း လာရောင်းပါဦး ညီလေးတို့ မြို့ရွာလေးပေါ့

တပ်​ကုန်းက​နေ ကူမဲကို ခဏခဏသွားရ​တော့ ဝမ်းတွင်း​ရောက်​ရင်​ ခဏခဏနားဖြစ်​ပါတယ်​ ဒီတစ်​ခါ ​ရောက်​ခဲ့ရင်​ လာလည်​ပါဦးမယ်

မိုးအေးအးနဲ့အလုပ်လုပ်ရမှာ စိတ်အလေးဆုံးပဲ ဟိဟိ
ကိုယ်တွေက ကွေးဖို့ပဲသိတယ်😀😀😀

ဝမ်း ​ရေး အတွက်​ဆို​တော့ကာ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11