ဘဝတစ်​ဆစ်​ချိုးအပိုင်း(၉)

in #myanmar6 years ago

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ယခင်​ ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)မှအဆက်

"​အေးပါကွယ်​ ​အေးပါ ပြန်​ပါပြန်​ပါ အ​ဒေါ့်​ယောက်ျားကိုလည်း လှမ်း​ခေါ်ထားပါတယ်​ အ​ဒေါ့်စိတ်​ထဲလည်းဘာမှမရှိ​တော့ပါဘူး"

"ဒါဆို ကျွန်​​တော်​တို့ကိုခွင့်​ပြုပါဦး"​နေ​သော်​တို့သူငယ်​ချင်း​လေး​ယောက်​သားလည်း အ​ဒေါ်ကြီးအား နှုတ်​ဆက်​ကာ အိမ်​သို့ပြန်​လာခဲ့​တော့သည်​။girl-in-hospital-decor-popular-jpg-w-720.jpgcredit imagehttp://www.robinsuites.co/girl-in-hospital.html/girl-in-hospital-decor-popular-jpg-w-720

အိမ်​သို့ပြန်​လာရာလမ်းတွင်​​တော့ သူငယ်​ချင်း​လေး​ယောက်​သား တစ်​​ယောက်​ကိုတစ်​​ယောက်​စကားမ​ပြောဘဲ တိတ်​ဆိတ်​ငြိမ်​သက်​​နေ​လေ​သည်​။တစ်​​ယောက်​တစ်​မျိုး အ​တွေး​တွေကိုယ်​စီဖြင့်​ စဉ်းစားခန်းဖွင့်​လာခဲ့ကြသည်​။သေချာတူညီနိုင်​မည်​​သော အ​တွေးတစ်​ခုက​တော့ သူတို့သူငယ်​ချင်း​လေး​ယောက်​ ပြင်​ဦးလွင်​သို့ လာခဲ့သည်​မှာ အမှားကြီးမှားခဲ့​လေပြီလား​ပေါ့။နေ​သော်​မျက်​နှာက​တော့ သာသာယာသာရှိမ​နေပါ။ဖြစ်​ပျက်​ခဲ့သမျှ​တွေကိုပြန်​စဉ်းစားရင်း အိမ်​သို့ ပြန်​​ရောက်​မှန်းမသိပြန်​​ရောက်​လာခဲ့သည်​။ကား​ပေါ်မှမဆင်းမီ ​နေ​သော်​ရုတ်​တရက်​ ကား​နောက်​ခန်းသို့လှည့်​ကာ

"​ဟေ့​ရောင်​​တွေ ဒီ​နေ့ဖြစ်​ပျက်​ခဲ့တာ အားလုံး ဦးသက္ကတို့လင်​မယား မသိ​စေနဲ့​နော်​ သူတို့သိရင်​ ကွိုင်​အကြီးကြီး တက်​သွားနိုင်​တယ်​ ပြီး​​တော့ သူတို့က စိုးရိမ်​တာလွန်​ကဲလွန်းလို့"

"​အေးပါ ​အေးပါ ငါတို့လည်း သိပါတယ်​ အဲ့လိုမဖြစ်​​စေရပါဘူး"​နောက်​က ဘက်​​တော်​သား သုံး​ယောက်​မှလည်း နှုတ်​လုံဖို့ ကတိ​ပေးကြသည်​။ထိုအခါမှာ​တော့ အိမ်​ထဲမှ ဦးသက္ကတစ်​​ယောက်​ ကားသံကြား၍ ခြံတံခါးအား ​အ​ပြေး​လေးလာဖွင့်​​ပေး​တော့သည်​။

"တူ​လေးတို့ ပြန်​လာကြပြီ​ပေါ့ ဦး​လေးလည်း မင်းတို့်​ အရီးမြကို ကူလုပ်​​ပေး​နေလို့​ဟေ့"ဦးသက္ကမှာ​ပြောလည်း​ပြော တံခါးလည်းဖွင့်​​ပေး​နေ​လေသည်​။

"ဘယ်​လိုလဲ ဘုန်းကြီး​ကျောင်း​ရော ​တွေ့ခဲ့ရဲ့လား ကုသိုလ်​သွားလုပ်​ကြတာထင်​တယ်​"ဦးသက္ကက​တော့ အသက်​အားဖြင့်​ သိပ်​မကြီး​သေး​တော့ နည်းနည်း နှုတ်​သွက်​လျှာသွက်​ရှိသည်​။

"ဟုတ်​တယ်​ ဦး​လေး"​နေ​သော်​ စကားကို အပိုမ​ပြောဘဲ လိုရင်းတိုရှင်း ပဲ ​ဖြေ​ပေးလိုက်​သည်​။

"​အေး ​အေး ခဏတစ်​ဖြုတ်​နား....နားပြီး ​ရေမိုးချိုး ပြီးမှ ထမင်းစားကြမယ်​ မင်းတို့အရီးမြလက်​ရာ မြည်းကြည့်​ကြ​ပေါ့ ​သြော်​ဒါနဲ့ ​နေ​သော်​တူ​လေး မင်းအ​ဖေဖုန်းဆက်​လာတယ်​ကွဲ့

ငါ့တူတို့​ကို​မေး​နေ​သေးတယ်​ ဦး​လေးလည်း သူတို့ဘုန်းကြီး​ကျောင်းသွားတယ်​လို့ ​ဖြေလိုက်​တယ်​ ဘာမှ​ထွေ​ထွေထူးထူး​တော့မ​မေးပါဘူး ဦး​လေးဆီ​ရောက်​တာ အဆင်​​ပြေလား မ​ပြေလား သိချင်​လို့နဲ့တူပါတယ်​"

"​သြော်​ ဟုတ်​ကဲ့ အဲ့လိုဖြစ်​ပါလိမ့်​မယ်​"အ​ဖေဖုန်းဆက်​လာသည်​ဆို​တော့ ​နေ​သော်​နည်းနည်း​ခေါင်းကြီးသွားသည်​။မိမိမှာပြသနာအနည်း​ငယ်​တက်​​နေသည်​မဟုတ်​လား။

"ကျွန်​​တော်​တို့ခဏနားလိုက်​ဦးမယ်​ ဦး​လေးသက္က"

"​အေး ​အေး သွားနား​ချေ"​ပြော​ပြောဆိုဆို ​နေ​သော်​နှင့်​ သူငယ်​ချင်းသုံး​ယောက်​ အ​ပေါ်ထပ်​သို့ တက်​သွား​တော့သည်​။

ဟူးး ​နေ​သော်​သက်​ပြင်းရှည်​ချလိုက်​ပြီး ကိုယ်​လုံးကို အိပ်​ယာထက်​ စိတ်​လွတ်​ကိုယ်​လွတ်​ လှဲချလိုက်​သည်​။ယ​နေ့အဖို့ သူတို့အတွက်​ စိတ်​ပင်​ပန်း၊ကိုယ်​ပင်​ပန်း​စေခဲ့သည်​။ယခု​တောင်​ မိမိကားနှင့်​မတိုက်​မိ၍​တော်​​သေးသည်​။တိုက်​မိလျှင်​ မည်​သို့ဆက်​ဖြစ်​မည်​ မ​တွေးဝံ့​တော့။ပြင်​ဦးလွင်​ရာသီဥတုကား သာသာယာယာဖြင့်​ အပန်း​ဖြေရန်​တင့်​​တော်​​သော အချိန်​ဖြစ်​​နေ​ပေမဲ့ ​နေ​သော်​တို့ သူငယ်​ချင်း​လေး​ယောက်​အတွက်​ မ​ပျော်​နိုင်​သေးပာ​။နေ​သော်​ပြတင်း​ပေါက်​အပြင်​ကိုလှမ်းကြည့်​​တော့ ည​နေ​နေဝင်​ရိုးရီ ငှက်​တစ်​သိုက်​ အိပ်​တန်းဝင်​ရန်​ ပျံသန်း​နေကြပြီ.။!|a4d752f3171a2d67f15f88b6eb87110d.jpg]()credit imagehttps://dailytimes.com.pk/12263/let-the-birds-sing-let-the-birds-fly

"စားစား ထည့်​စားကြ​နော်​ အားမနာနဲ့ မင်းတို့အရီးမြလက်​ရာ"

"ဟုတ်​ကဲ့ ထည့်​စားတယ်​ ဦး​လေး"တ​နေကုန်​ ဘာမှမစားရ​​သေးသည်​ဖြစ်​၍ ​လေး​ယောက်​သား ​ခေါင်းမ​ဖော်​တမ်းစားကြ​တော့သည်​။အရီးမြလက်​ရာကလည်း ​ကောင်းလွန်းသည်​မဟုတ်​လား။ညစာစား​သောက်​ပြီးသကာလ ​နေ​သော်​နှင့်​ရဲထက်​မှာ​တော့ အိပ်​ခန်းသို့ တန်းဝင်​​တော့သည်​။ကျန်​သူငယ်​ချင်းနှစ်​​ယောက်​မှာ​တော့ ဦး​လေးသက္ကနှင့်​စကားစမြည်​​ပြောရင်း ဧည့်​ခန်းတွင်​ကျန်​ခဲ့​လေသည်​။အိပ်​ခန်းထဲ​ရောက်​လာ​သော​နေ​သော်​တစ်​​ယောက်​ ဟိုဟိုသည်​သည်​ စဉ်းစားမ​နေဘဲ တစ်​ကျိုးတည်းအိပ်​​တော့သည်။မြက်​ခင်းပြင်​စိမ်းစိမ်းထက်​ အဖြူ​ရောင်​ဝတ်​စုံနှင့်​မိန်းမပျို​လေးတစ်​​ယောက်​။တစ်​လှမ်းချင်းလှမ်းကာဖြင့်​ ​နေ​သော်​အနား ​လျှောက်​လို့လာ​နေသည်​။အမြင်​အာရုံမှာဝိုးတဝါးနှင့်​မို့ မျက်​လုံးနှစ်​စုံအားပွတ်​သပ်​ကာ ​နေ​သော်​ ထိုမိန်းမပျို​လေးအား စူးစိုက်​ကြည့်​​နေမိသည်​။ထိုမိန်းက​လေးက မည်​သူလဲ။သေ​သေချာချာမမြင်​​သေးသည်​မို့ ဦး​နှောက်​ကဆုံးဖြတ်​၍မရ။အနီးအနား​ရောက်​လာသည့်​အချိန်​မှာ​တော့...။

ဟာ.....။နေ​သော်​ အံ့သြခြင်းများစွာဖြင့်​ မှင်​တက်​သွားသည်​။

"အိုးးးး     နွယ်​"​နေ​သော်​ နှုတ်​ဖျားမှမရည်​ရွယ်​ပါဘဲ တိုးတိုး​လေးထွက်​သွားမိ​တော့သည်​။beautiful-young-girl-flying-white-dress-flowing-fabric-light-white-cloth-flying-wind-74827930.jpgcredit imagehttps://www.dreamstime.com/stock-photo-beautiful-young-girl-flying-white-dress-flowing-fabric-light-white-cloth-flying-wind-image74827930

ဆက်​လက်​​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)


Sort:  

ဆေးရုံတက်​ရ​တော့ ​သေမယ်​နဲ့တူတယ်

မ​သေ​သေးဘူး

အိမ်မက်ထဲကနေပြန်ချိတ်ဆက်အုံးမှာလားဗျာ။
ဒါနဲ့ ဆေးရုံတက်တဲ့တစ်ယောက် သေပြီလား😁😁😁

မ​သေ​သေးပါဘူးဗျာ သတိမရ​သေးတာ

အို... နွယ်ရယ်
အရင်ကောင်မလေးကို မမေ့နိုင်သေးဘူးပေါ့

မေ့နိုင်​​သေးဝူး

ချစ်မိသူနွယ် ဟုတ်ပါဘူး သီချင်းတွေတောင် ဆိုနေမိပီ ဟီးဟီး

ဟဲဟဲ

မ​မေ့နိုင်​​သေးဘူး သနားပါတယ်​ ဆက်​​မျှော်​​နေမယ်​​နော်

ဟုတ်​ကဲ့ ​ကျေးဇူးပါ

ကောင်မလေးက အခုထိသတိမရသေးဘူးလား ဒီမှာအရမ်းစိုးရိမ်နေပြီ။

အိပ်မက်ထဲ့က နွယ်
ရင်ထဲက တစ်ပင်ထဲလားကွယ်

ရစ်​ပတ်​တွယ်​ဆဲ..😄😄

နွယ်နဲ့ နောက်တစ်ဆစ်ချိုးကိုစောင့်ဖတ်ရဦးမှာပေါ့

ဟုတ်​ကဲ့ ​ကျေးဇူး

အိပ်မက်လာပေးတာအာ့
အပြင်မှာလာရှာဖို့ :P

ကြိုသိ​နေပါလား

မေ့ချင်ယောင်စောင်နေလို့အိပ်မက်ထဲထိလိုက်လာတာနေမယ်

ဟုတ်​တယ်​ထင်​တယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95