ရွာဘုရားပွဲ အလည်သွားခြင်း

in #myanmar6 years ago (edited)

ရွာဘုရားပွဲသို့ အလည်သွားခြင်း

နာက်နှစ်လာရင်လည်းစောစောလာခဲ့ကြဟု အရီးကလှမ်းအော်ပြောနေသည်။ ဟုတ်ကဲ့ပါလာခဲ့ပါမယ်အရီး .
ဆက်ဆက်လာဖြစ်အောင်လာပါမယ်ဗျာ
IMG_20180506_164051.jpg

ခါတိုင်းနှစ်တွေဆို ညနေ ၅ နာရီလောက်မှ ဒီကနေထွက်ဖြစ်တယ်။ ၁၅ မိနစ်လောက်မောင်းရင်ရွာကိုရောက်တယ်။
ရွာရောက်လို့ တစ်အိမ် နှစ်အိမ်လောက် လည်လိုက်ရင် ညနေ တော်တော်လေးစောင်းစပြုလာပြီဖြစ်တယ်။ တစ်အိမ်
ကိုဝင်ရင်လည်း တစ်ခြားတစ်အိမ်ကလှမ်းလှမ်းခေါ်ပြီး ရွာဘုရားပွဲမုန့်တွေ ကျွေးကြတယ်။ အချိန်ကသိပ်မရတော့
ဆွေမျိုးအရင်းအိမ်တွေကိုဘဲ အလည်ဝင်ဖြစ်ခဲ့တယ်။ ကျန်ရင်းနှီးတဲ့အိမ်တွေက သူတို့ဆီကျ မလာဘူးဆိုပြီး စိတ်ခု
စိတ်တိုတက်ကြပါတယ်။ အချိန်ကမလောက်တော့တဲ့အကြောင်း အကျိုးအကြောင်းပြပြီးတောင်းပန်ခဲ့ရတဲ့နှစ်တွေ
များနေပြီလေ ။ ဒီနှစ်တော့ စောစောသွားနိုင်အောင် ဆိုပြီးအမေက ကြိုတင်ပြီး ပြင်ဆင်ထားကြဖို့ ကျွန်တော်တို့
မောင်နှမတွေကို သတိပေးထားပါတယ်။ ဒါနဲ့ကျွန်တော်တို့မောင်နှတွေလည်း ရွာကိုသွားဖို့ ရွာရောက်ရင် ကန်တော့
ဖို့ ပစ္စည်းတွေဝယ်နှင့်လိုက်ကြပါတယ်။
IMG_20180506_164046.jpg
ရွာကိုရောက်တော့ အသက်ကြီးတဲ့အမျိုးတွေကိုလိုက်ကန်တော့လိုက်တယ်။ ထမင်းကျွေးတော့ ကျွန်တော်တို့တွေ
အဖွဲ့ထဲကတစ်ချို့တစ်ဝက်ဘဲစားကြတယ်။ ကျန်တဲ့တစ်ဝက်ကတော့ အခြားအိမ်မှာဘဲစားပါတယ်။ ဘာလို့လဲဆို
တော့ ပါသွားတဲ့အဖွဲ့က လူများနေတယ်လေ။ တစ်အိမ်ထဲစားလိုက်ရင် အဆင်မပြေလောက်ဘူး။ ကလေးတွေ
ကြည့်ဘဲ (၉)ယောက်ပါတယ်။ လူကြီးက ၆ ယောက်လောက်ပါတယ်လေ။ ပထမအိမ်မှာထမင်းစားတော့ အမေ
ကထမင်းစားဖို့ခေါ်တယ်။ တော်ပြီသားက တစ်ခြားအိမ်မှစားတော့မယ်လို့ပြောပြီး အိမ်နောက်ဘေး ထန်းရည်အိုး
ရှိရာကိုလှမ်းလာလိုက်ခဲ့ပါတော့တယ်။ ဟိုရောက်တော့ တစ်ယောက်ထဲ ဖြစ်နေတယ်။ အင်း ခဏနေရင်အဖော်
တွေလာမယ်ဆိုပြီး စောင့်ရင်းစောင့်ရင်းသောက်နေလိုက်တယ်။ ကောင်းလိုက်တဲ့ထန်းရေ ။ မသောက်တာကြာ
လို့လားမသိဘူး။ ကောင်းလိုက်တာဗျာ။ လေး ငါးခွက်သောက်ပြီးလာတော့ တစ်ယောက်ထဲပျင်းလာတယ်။ (သိ
တဲ့အတိုင်းဘဲလေ သောက်လို့ အရည်လေးဝင်လာရင် စကားလေးကများချင်လာတာဘဲမို့လား)
IMG_20180506_164046.jpg
အင်း ဒီအတိုင်းတစ်ယောက်ထဲ သောက်နေလို့တော့ သိပ်မဟန်ဘူးဆိုပြီး ရွာထဲကို ခဏသွားလိုက်ဦးမယ်။
ခဏနေလူစုံလောက်ပြီဆိုမှ ပြန်လာခဲ့မယ်ဆိုပြီး ရွာကဆွေမျိုးအစ်ကိုကို ပြောပြီး ထွက်လာခဲ့လိုက်တယ်။
ရွာရောက်တော့ အဖွဲ့ကြီးလိုက် ရွာထဲလှည့်လည်သွားလာနေရင်း တစ်နေရာရောက်တော့ အရုပ်ရောင်းနေတဲ့
ဈေးသည်ကို တွေ့တော့ ရင်ခုန်သွားတယ်။ (ရင်ခုန်မှာပေါ့ ပါလာတဲ့ကလေးတွေကများတော့ တစ်ယောက်
က အရုပ်ဝယ်ခိုင်းရင် ကျန်တဲ့ကလေးတွေက ပူဆာကြမှာဘဲလေ) ။ အဓိကအငယ်ဆုံးကောင်က အရင်စ
ပြီးဖောက်လာမှာစိုးလို့ ။ ငါ့သား အရုပ်တွေမ၀ယ်ခိုင်ရဖူးနော် ။ အိမ်မှာလည်းအများကြီးရှိတယ်။ အိမ်ပြန်ရောက်
မှအသစ်ထပ်ဝယ်ပေးမယ်ဆိုပြီး ချော့မော့ထားတယ်။ သားကလည်းလိမ္မာတယ်။ ဟုတ်မတောင်းဘူးဆိုပြီးပြော
တယ်။ ဒါနဲ့အရုပ်ဆိုင်ကို တစ်ဖြည်းဖြည်းချင်းကပ်လျှောက်လာတယ်။ ကလေးကတော့ အရုပ်ဆိုင်ကိုငေးရင်း
မောရင်းနဲ့ (လိုချင်တဲ့စိတ်ကလေးနဲ့)လိုက်လာခဲ့တယ်။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ ဘာလို့လည်းဆို
တော့ အစ်ကိုရဲ့သား အငယ်ကောင်က သူ့အမေကြီးကို အရုပ်ဝယ်ပေးဖို့ပူဆာနေလေရဲ့ ။ အမေကြီးကလည်း
မစဉ်းစားဘူး။ ၀ယ်ပေးဖို့ အရုပ်ဆိုင်ကိုဝင်သွားတယ်။
IMG_20180506_163954.jpg
အစပျိုးပြီး တစ်ယောက်က၀ယ်နေတော့ စောစောကပြောထားတဲ့အငယ်ကောင်လေးက ထဖောက်လာပါလေ
ရော။ အရုပ်ဝယ်မယ် ။ ဓါးဝယ်မယ်။ ဆိုပြီးပူဆာလာတော့ မ၀ယ်ပေးလို့မရတော့ဘူး။ ၀ယ်ပေးလိုက်ရတာပေါ့။
နောက်တစ်ယောက် နောက်တစ်ယောက်တွေကလည်း အရုပ်တော့မပူဆာကြဘူး။ အရုပ်ဆိုင်နားမှာရောင်းနေ
တဲ့ရေခဲမုန့်စားမယ်ဆိုပြီး ရေခဲမုန့်တစ်ယောက်တစ်ခုစီဝယ်ပေးလိုက်ရပါလေရော ။ သွားလာရင်းနဲ့ အရီးစော
အိမ်ကိုရောက်တော့ တလင်းပြင်ကြီးထဲမှာ ကလေးတွေဆော့နေလိုက်ကြတာကိုဆူညံနေတော့တာဘဲ။ ကျွန်
တော်တို့ထဲ ထမင်းစားဖို့ကျန်တဲ့သူတွေကလည်း အရီးအိမ်မှာဘဲစားလိုက်ကြတယ်။ အင်း ဒီအချိန်ဆိုရင် လူ
စုံနေလောက်ပါပြီဆိုပြီး ထန်းရည်ရှိရာဆွေမျိုးအိမ်ကို ခြေဦးပြန်လှည့်ခဲ့လိုက်တယ်။ အမေတို့ပြီးရင်သားကိုဖုန်း
ဆက်ခေါ်လိုက် သားသွားလိုက်ဦးမယ်ဆိုပြီးပြောပြီးထွက်ခွါခဲ့လိုက်ပါတယ်။ အမေကလည်း တစ်ခါတစ်လေမှ
သောက်တဲ့သူသားကို သဘောတူကြည်ဖြူပေးခဲ့ပါတယ်။
IMG_20180506_183114.jpg
အိမ်ထဲရောက်တာနဲ့ ဘယ်လိုလည်း ဟိုကောင်တွေရောက်ပြီလားမေးတော့ တစ်ယောက်မှမရောက်သေးဘူး
တဲ့.။ ဟူး - - - -တစ်ယောက်ထဲသောက်ရမှာပျင်းပါတယ်ဆိုနေမှ ။ ကဲမတတ်နိုင်ဘူးလေ ။ တစ်ယောက်ထဲ
လည်း ဖြစ်သလိုရှေ့ဆက်သွားတော့မယ်ဆိုပြီးအားတင်းပြီး အိမ်နောက်ဖေး ထန်းရည်အိုးလေးရှိရာကို လျော့
တိလျော့ရဲခြေလှမ်းတို့ဖြင့် လှမ်းဝင်လိုက်ခဲ့ပါတယ်။ ကြက်ဂွေးတောက် ဟင်းချိုလေးရယ်။ ငပိရယ်၊ မြေပဲရယ်
နဲ့ မြည်းလိုက် သောက်လိုက်နဲ့ တစ်ဖြည်းဖြည်း အရှိန်ရလာတယ်။ အင်းဒီလောက်ဆိုတော်မှ ဖြစ်မယ်။ တော်
ကြာနေ ကားမမောင်းနိုင်ဘဲဖြစ်နေလိမ့်မယ်။ တစ်ခြားကူညီမောင်းပေးမယ့်သူလည်းမပါဘူး။ မဖြစ်ပါဘူးလေ
ဆိုပြီး ကိုယ့်ဘာသာစိတ်ဆုံးဖြတ်ပြီး ခွက်ထဲကလက်ကျန်အရည်လေးကို မော့သောက်လိုက်ပါတော့တယ်။IMG_20180506_163945.jpg

author @nannhtike
MSC-164
photo by me

Sort:  

ပျော်ခဲ့လားအစ်ကို

ဟုတ်ကဲ့ဗျာ။ ပျေ်လည်းပျော်ပါတယ်။ တစ်ယောက်တည်းသောက်နေရတာလည်းပျင်းပါတယ် ဟီးးး

ဘုရားပွဲမှာပျော်ရဲ့လား

ဟုတ်ပျော်စရာကောင်းခဲ့ပါတယ်ဗျ

ပျော်စရာကြီးနေမှာ

ပျော်စရာကောင်းပါတယ်မမ

ကျနော်ငယ်ငယ်က ရွာဘုရားပွဲတွေ လိုက်စားရတာ အရမ်းပျော်တာ။ အခုလဲ သတိရနေတုန်းပဲ ဒါပေမယ့် ရွာကို မပြန်နိုင်တာ နှစ်အတော်ကြာပါပီဗျာ။ ကျနော့်စာဥလေးကိုတောင် မြင်ရင်မှတ်မိမှာ မဟုတ်တော့ဘူး။

ဘဘ ကစာဥလေးတွေ သိမ်းထားတာလား
ခုချိန်ဆိုအတောင်စုံလို့ ရွာမှာလှည့်လည်နေလောက်ပြီ :)

အဖွဲ.လိုက်​အလည်​သွားတာ​ပျော်​စရာကြီးဘဲ...

အဖွဲ.လိုက်​အလည်​သွားတာ​ပျော်​စရာကြီးဘဲ...

ဟုတ်ပါတယ်မမ

အားလုံးကလေး(၉)ယောက်မှာ (၈)ယောက်က ကိုယ်မွေးထား (၁)ယောက်ကသူများကလေး မှတ်လားအစ်ကို။ပျော်စရာကြီးဗျာ။ထန်းရည်လေးကလည်းသောက်ကောင်းနေတာ မခေါ်တော့ဘူးလား

တစ်ယောက်တည်းပျင်းနေတာဗျာ။ ဒီလိုမှန်းသိလှမ်းခေါ်လိုက်ပါတယ် ဟီးးးး

ပျော်စရာကြီးဘဲဗျ

ဟုတ်ပျော်စရာလည်းအများကြီးပါဗျာ

ခပ်‌‌ထွေ‌ထွေ‌လေး‌ပေါ့။

သောက်ရတာအရသာမရှိချင်ဘူး တစ်ယောက်ထဲမို့

ထန်းရည်ချိုချိုလေး တွေးရင်းကို သတိရလာပီ😆😆

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97