website တစ်ခုကို google ပေါ်မှာရှာဖွေခြင်း

in #myanmar6 years ago

Screenshot_91.jpg
photo source here
ဘယ်လောက်ပဲ အတိအကျရေးရှာဖွေပေမဲ့ googleပေါ် မှာ ကိုယ့်ရဲ့ ဝတ်ဆိုက်ကို ရှာတွေဖို့မလွယ်ကူပါဘူး။ အကြောင်းမှာ SEO လို့ခေါ်တဲ့ webmaster tool နဲ့ ချိတ်ဆက်ပေးမှသာ ရှာဖွေခြင်းအတွက် ဖော်ပြပေးပါတယ်။ အများဆုံး ရှာဖွေမှုတွေပြုလုပ်ကြတာက google ဖြစ်လို့ Search Console မှာမိမိ website ကိုချိတ်ဆက်ထားမှသာ google ပေါ်မှာရှာဖွေလျှင် တွေ့ရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ domain ရှိနေရင် google ရဲ့ blog နဲ့ ချိတ်ဆက်အသုံးပြုပါက ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် blog က google hosting ဖြစ်သောကြောင့် ရှာဖွေတဲ့နေရာမှာ မိမိရဲ့ဝတ်ဆိုက်ချက်ခြင်း ဖော်ပြနိုင်လို့ပါ။ wordpress နဲ့ဆိုရင်တော့ ကိုယ့်တိုင် ပြုလုပ်ပေးရပါတယ်။ webmater tool တွေကတော့ ရှိပါတယ်။ bing, baidu, Search Console google စသဖြင့်ပေါ့ အများဆုံးကတော့ google နဲ့ပိုလုပ်သင့်ကြောင်းပါ။ နောက်တစ်ခုကတော့ မိမိရေးသားသည့် title contact keyword ကောင်းမွန်ဖို့လည်းလိုအပ်ပါတယ်။ လူအများရှာဖွေမှုပြုလုပ်တဲ့ keyword ကိုရွေးချယ်တက်ဖို့လိုအပ်ပြီး လူအဝင်များပြားမှသာ google ပေါ်တွင်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဝတ်ဆိုက်တစ်ခုအောင်မြင်ဖို့ နောက်ထပ်အဓိကအရေးကြီးတဲ့အပိုင်းကတော့ social network တွေကို အကောင်းဆုံးအသုံးချပြီးမိမိ ဝတ်ဆိုက်လူအဝင်များအောင်ပြုလုပ်ခြင်းပါ။ google plus, twitter, facebook ကိုအသုံးချမှသာ အဆင်ပြေနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို အကျိုးရှိရှိအသုံးချနိုင်ပြီဆိုရင် ဝတ်ဆိုက် တစ်ခုကနေ ဝင်ငွေပါရရှိအောင်ပြုလုပ်နိုင်လို့ အမှန်တကယ် စိတ်ပါဝင်စားစွာ ဖြည်းဖြည်းချင်းပြုလုပ်သွားပါက အောင်မြင်မှုရရှိနိုင်မှာပါ။
@nayhlaingsoe
@MSU_No.24

Sort:  

Nice sharing,thanks

နည်းပညာ​လေးက ​တော်​​တော်​အသုံးဝင်​ပါတယ်​ဗျာ။
ကျွန်​​တော်​ သိချင်​​ပေမဲ့..bro ကရှင်း​အောင်​​ရေးထား​ပေမဲ့...တချို့network စကာလုံး​တွေ...webmaster tool,google hosting ,bing,baidu စသည်​များတစ်​လုံးတစ်​ကန်းမှမကြာဖူး​သောအခါ😢

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95