
in #myanmar5 years ago

7u0laezybe.png
photo credit by google
wire transfer အကြောင်းသိကောင်းစရာ
wire transfer ဆိုသည်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငွေပို့သည့်စနစ်တစ်ခုပါ။ အများဆုံးတော့ နိုင်ငံမတူပဲ အလုပ်လုပ်နေသူတွေကို လစာ ထုတ်ပေးတဲ့ စနစ်လို့လည်းပြောနိုင်ပါတယ်။ ငွေအမြောက်အပြားကို ပေးပို့နိုင်ပြီး အများဆုံးကတော့ usd ကိုအသုံးပြုကြပါတယ်။ ဒါပေမဲ့ မိမိထုတ်ယူမည့်နိုင်ငံ ဘဏ်မှာတော့ မိမိထုတ်ယူသည့် နိုင်ငံငွေကြေးပဲ ရရှိမှာဖြစ်ပါတယ်။ မြန်မာပြည်အနေနဲ့ wire transfer အတွက် swift code တွေ ပိုင်ဆိုင်ထားပေမဲ့ ဝန်ဆောင်မှုမပေးသေးပါဘူး။ ကျွန်တော်ကတော့ ခု ထိုင်းနိုင်ငံအနေနဲ့ ပြောပြပေးသွားမှာပါ။ ထိုင်းဘဏ်အကောင့်တွေမှာ ဘဏ်စာအုပ် နံပါတ် (၁၀)လုံးပဲရှိပါတယ်။
မိမိထိုင်းဘဏ်အကောင့်မှာ wire transfer ငွေလက်ခံယူရန် ဘဏ်စာအုပ်ပေါ်မှာရှိသည့် မိမိနာမည်အမှန်၊ ဘဏ်စာအုပ် နံပါတ်(၁၀)လုံးနဲ့ မိမိငွေထုတ်မည့် ဘဏ်ရဲ့ swift code လိုအပ်ပါတယ်။ ငွေဘယ်လိုရောက်လာသလဲ? wire transfer ကငွေပို့ခြင်းကအရမ်းမြန်ပါတယ်။ ချက်ချင်းရောက်ရှိပါတယ်။ ဒါပေမဲ့ မိမိအကောင့်ထဲရောက်တာမဟုတ်ပါဘူး။ မိမိဘဏ်ရဲ့ နိုင်ငံခြားငွေ လွှဲပို့ဌာနကိုရောက်တာပါ။ သူတို့က ပြန်လည်ပြီးသေချာစစ်ဆေးပြီးမှသာ မိမိ ဘဏ်အကောင့်ထဲသို့ပြန်လည်လွှဲပြောင်းထည့်ပေးပါတယ်။ ဒီလိုပြုလုပ်ချိန်ကတော့ ဘဏ်ပေါ်မှာပဲမူတည်နေပါတယ်။ ဘဏ်တစ်ခုနဲ့တစ်ခုမတူပါဘူး။ တကယ်လို့ ငွေဟာ ပို့ထားလို့ (၇)ရက်နဲ့ မရောက်ရင်တော့ ပြန်လည်ပြီးဖြေရှင်းရန် မိမိကိုလွှဲပေးသောနေရာကနေ ပြန်ယူနိုင်ပါတယ်။ ထိုင်းဘဏ်တွေမှာတော့ ဘဏ်နာမည်တစ်ခုကို swift code တစ်ခုပဲရှိပါတယ်။ မြန်မာဘဏ်တွေမှာတော့ ဘဏ်တစ်ခုကို swift code တစ်ခုထက်မကတာတွေတွေ့ရပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငွေပို့တဲ့အခါ ငွေလဲနှုန်းကတော့ မိမိထုတ်ယူသည့် ဘဏ်ရဲ့ငွေလဲနှုန်းအတိုင်းသာရရှိမှာဖြစ်သောကြောင့် ဈေးကွာခြားမှုရှိနိုင်ပါသေးတယ်။ ငွေပို့မည်ဆိုလျှင်လည်း မိမိအွန်းလိုင်းဘဏ်အကောင့်ကနေလဲပေးပို့နိုင်သလို ဘဏ်သို့သွားရောက်ပြီး form သွင်းပေးပို့နိုင်ပါတယ်။ wire transfer ကတော့ အွန်းလိုင်းငွေပေးချေးတဲ့စနစ်တစ်ခုဖြစ်ပြီး ဝန်ဆောင်ခ ပေးရတာမတွေ့ပါဘူး။ မြန်မာပြည်မှာလည်း wire transfer စနစ်ကို ကောင်းကောင်းမွန်မွန်အသုံးပြုလို့ရမည်ဆိုလျှင် နိုင်ငံခြားငွေများမြန်မာပြည်ရရှိနိုင်တဲ့အကြောင်း ရေးသားပေးလိုက်ပါတယ်။ နောက်ရက်မှာ western union အကြောင်းရေးသားပေးပါအုံးမယ်။

Sort:  

@nayhlaingsoe, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @nayhlaingsoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The Steem blockchain survived its first virus plague!

You can upvote this notification to help all Steem users. Learn how here!

Hi, @nayhlaingsoe!

You just got a 1.13% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14