နှုတ်​ဆက်​ပါတယ်​ ​ Ngwe Saung

in #myanmar6 years ago

image
မီးပြတိုက်​ဖက်​က​နေပြီး​တော့​ရေကူးကန်​ဖက်​ကိုလမ်း​လျောက်​လာခဲ့ကြသည်​။လမ်းတစ်​​လျောက်​seaviewအခန်းသုံးခန်းကိုဖြတ်​​လျောက်​လာခဲ့ရသည်​။အခန်းများသည်​အိမ်​တစ်​လုံးသာသာ​လောက်​ရှိသည်​။အခန်းထဲတွင်​လည်းပစ္စည်းများကလည်းအစုံပင်​ရှိသည်​။အခန်း​ရှေ့တွင်​လည်းပန်းခြံပုံစံထိုင်​ခုံ​လေးများဖြင့်​ပြုလုပ်​ထား​သေးသည်​။လာ​ရောက်​တည်းခို​သောမိသားစုများအပြင်​ထွက်​​ဆော့ကစားအပန်း​ဖြေ​နေတာကိုလည်း​တွေ့ရသည်​။အခန်းခကလည်း​တစ်​ရက်​ကို​ဒေါ်လာသုံးရာ​လောက်​ကျသင့်​သည်​ဟုသိရသည်​။လက်​လှမ်းမမီ​ပေ။တစ်​​နေ့​တော့​နေနိုင်​ရမည်​ဟုစိတ်​ထဲကြုံးဝါး​နေမိသည်​။
image

တွေ့ပါပြီ​ရေကူးကန်​။ခန်းနားလှ​သောဟိုတယ်​​ရှေ့မျက်​နှာစာနှင့်​​ရေကူးကန်​ကြီးကားလိုက်​ဖက်​လှ​ပေသည်​။က​လေးများကူးရန်​အတွက်​လည်း​နေရာပါသည်​။ပင်​လယ်​ထဲအရင်​ကူးပြီးမှ​ရေကူးကန်​မှာလာကူးရန်​ဆုံးဖြတ်​လိုက်​ကြပြီးပင်​လယ်​ကြီးဆီသို့ထွက်​လာခဲ့သည်​။သဲ​သောင်​ပြင်​သို့စတင်​ဆင်းသည့်​​နေရာတွင်​​ဘောကွင်းများ၊​ရေလွှာ​လျောစီးဘုတ်​များ၊​ဘောလုံးများငှါးသည့်​​နေရာရှိသည်​။ဟိုတယ်​မှဧည့်​သည်​များအတွက်​အကုန်​ဖရီးဖြစ်​သည်​။ရေလွှာ​လျောစီးဘုတ်​ကိုစီးချင်​​သော်​လည်းစီးစမရှိဘဲစီးပါကလူရယ်​စရာဖြစ်​​နေမည်​စိုး​သော​ကြောင့်​​ဘောကွင်းသာယူလာကြသည်​။ရေကကြည်​စိမ်း​နေသည်​။ရေငန်​ဖြစ်​သည်​။ကမ်း​ခြေတစ်​​လျောက်​ခရုခွံမျိုးစုံပြန့်​ကျဲ​နေသည်​။ဘောကွင်းချပြီးကစားပါ​လေ​တော့သည်​။
image
ကျွန်​​တော်​တို့ငါး​ယောက်​က​လေးဘ၀ကို​ခေတ္တခဏပြန်​​ရောက်​သွားသလိုပင်​ဖြစ်​သည်​။အန္တရာယ်​ရှိသည့်​​နေရာများကိုကြိုးများဖြင့်​တားထားသည်​။ကမ်း​ခြေတွင်​လည်းအန္တရာယ်​တစ်​စုံတစ်​ရာ​ပေါ်လာပါကကူညီ​ပေးရန်​အသက်​ကယ်​၀မ်းထမ်းနှစ်​​ယောက်​ကအမြဲကြည့်​ရှု​နေတာကို​တွေ့ရသည်​။ရေကစားရင်းအန္တရာယ်​ရှိသည့်​​နေရာ​ရောက်​သွားပါက၀ီစီမှုတ်​ပြီးသတိ​ပေးသည်​။ကမ်း​ခြေဖက်​သို့ပြန်​လာခိုင်းသည်​။ကမ်း​ခြေတွင်​​ဆော့ကစားသူများမှာကျွန်​​တော်​တို့ငါး​ယောက်​သာရှိသည်​။ဟိုတယ်​မှဧည့်​သည်​များကနံနက်​စာစားပြီးချိန်​ဖြစ်​သဖြင့်​​ရေကူးကန်​နှင့်​ဟိုတယ်​သွားလမ်းတစ်​​လျောက်​ချထား​သောခုံများတွင်​​အေး​အေး​ဆေး​ဆေးအနားယူ​နေကြသည်​။ခဏ​နေ​တော့ကျွန့်​​တော့်​ညီ​ရောက်​လာပြီးကျွန်​​တော်​တို့ကိုဓာတ်​ပုံရိုက်​​ပေးသည်​။သူကညဂျူတီသမားဖြစ်​သည်​။ခဏ​နေ​တော့ပြန်​အိပ်​​တော့မည်​ဟု​ပြောကာပြန်​သွားသည်​။ကျွန်​​တော်​တို့လည်းဗိုက်​ဆာလာသဖြင့်​​ရေကူးကန်​တွင်​​ရေသန့်​ဖြင့်​​ရေချိုးပြီးဓာတ်​ပုံရိုက်​ကာအ၀တ်​အစားလဲရန်​အခန်းဖက်​သို့ပြန်​လာခဲ့သည်​။
image
အ၀တ်​အစားလဲပြီးကျွန်​​တော့်​ညီ​ပြောထား​သောစား​သောက်​ဆိုင်​တွင်​ပင်​လယ်​စာများမှာပြီးဗိုက်​ဆာဆာနှင့်​စားကြ​လေသည်​။ရှင်းပြီးစာရင်း​ပေါင်းလိုက်​​တော့သုံး​သောင်း​ကျော်​ရှင်းရသည်​။ ခဏထိုင်​ပြီးစကား​ပြော​နေကြရင်း​ဆော့ထား​သောအရှိန်​နှင့်​စားထားတာ​တွေ​ပေါင်းပြီးအိပ်​ချင်​လာကြသည်​။ပြန်​အိပ်​ကြပြီးည​နေ​ရေဆင်းကူးမည်​။မနက်​ဖြန်​မှချစ်​သူများကျွန်းကိုသွားရန်​ဆုံးဖြတ်​လိုက်​ကြပြီးပြန်​အိပ်​ကြသည်​။နိုးလာ​တော့ည​နေ​တော်​​တော်​​စောင်း​နေပြီဖြစ်​သည်​။ရေဆင်း​ဆော့လို့မရ​တော့​ပေ။ရေကူးကန်​မှာ​ရေကူးဓာတ်​ပုံရိုက်​ပြီးပြန်​လာကြသည်​။ည​နေသာ​တော့မြန်​မာထမင်းဟင်းဆိုင်​မှာသွားစားကြသည်​။စား​သောက်​ပြီးတစ်​မနက်​လုံး​ဆော့ထားသည့်​ဒဏ်​​ကြောင့်​သိပ်​မလှုပ်​နိုင်​ကြ​​ပေ။ညီဖြစ်​သူဆီဂီတာလှမ်း​တောင်းလိုက်​ပြီးအခန်းထဲမှာသီးချင်းဆိုပြီးအိပ်​ကြ​လေသည်​။
image
ဒီမနက်​​တော့မနိုးရ​တော့​ပေ။စော​စောစီးစီးထကြသည်​။ရေမိုးချိုးအ၀တ်​အစားလဲပြီးနံနက်​စာစားရန်​ထွက်​လာခဲ့ကြသည်​။ဘူ​ဖေးစနစ်​ဖြစ်​ပြီးမိမိကြိုက်​တာထည့်​စားလို့ရသည်​။အစားအ​သောက်​များကလည်းစုံလင်​လှသည်​။ဖျော်​ရည်​နှင့်​​ကော်​ဖီများအမျိုးအစားစုံလင်​လှသည်​။မိမိတို့ကြိုက်​နှစ်​သက်​ရာများထည့်​ကာ​နေရာတစ်​ရာယူပြီးပယ်​လယ်​ပြင်​ကြီးကိုကြည့်​ပြီးနံနက်​စာစားရသည့်​အရသာကိုမ​မေ့နိုင်​ဖြစ်​ခဲ့ရသည်​။ကျွန်​​တော်​က​တော့တစ်​ပန်​ကန်​နှင့်​ပြီးသည်​။နှစ်​ပန်​ကန်​စားသူနှင့်​သုံးပန်​ကန်​စားသူနှင့်​စားနိုင်​သူများကစားကြသည်​။သူငယ်​ချင်း​တစ်​​ယောက်​သူအ​အေးသွား​ယူ​ပေးမည်​​သောက်​ချင်​တာမှာလိုက်​ရန်​​ပြောသဖြင့်​သံပရာရည်​မှာလိုက်​သည်​။
image​ဘေးဝိုင်းများကြည့်​လိုက်​​တော့နိုင်​ငံခြားသားများ​တော်​​တော်​များများကိုသာ​တွေ့ရသည်​။အ​အေး​သောက်​ကြပြီးလူများလာသဖြင့်​ကမ်း​ခြေရှိခုံများတွင်​ထိုင်​ကာပင်​လယ်​ကြီးကိုကြည့်​ပြီးအပန်း​ဖြေ​နေကြသည်​။စား​သောက်​ပြီးချိန်​ဖြစ်​သဖြင့်​​ရေထဲမဆင်းနိုင်​ကြ​တော့​ပေ။ငါး​ယောက်​သားစုပြီး​ကျောင်းသားဘ၀အမှတ်​တရများ၊​ရောက်​တက်​ရာရာများ​ပြော​နေကြသည်​။ညီဖြစ်​သူ​ရောက်​လာပြီး​သောက်​စရာများ​ပေးသွားသဖြင့်​ထိုင်​​သောက်​​နေကြပြီး​တစ်​​နေ့ခင်းလုံးဘယ်​မှမ​ရောက်​ဖြသ်​​တော့​ပေ။
image
ည​နေ​ရောက်​​တော့ချစ်​သူများကျွန်းသွားရန်​အ၀တ်​အစားလဲကြပြီးလမ်း​လျောက်​ထွက်​လာခ့ကြသည်​။လေးဆယ့်​ငါးမိနစ်​​လောက်​​လျောက်​ပြီး​ရောက်​​လေသည်​။ကျွန်းပေါ်တက်​အမှတ်​တရဓာတ်​ပုံရိုက်​ကြပြီးမ​မှောင်​ခင်​ပြန်​လာကြသည်​။အခန်းပြန်​​ရောက်​​တော့​ရေချိုးပြီးနယူးရီးယားအစီအစဉ်​​တွေကိုသွားကြည့်​ကြသည်​။ကလပ်​သွားပြီးဘယ်​သူမှမရှိသဖြင့်​ကျွန်​​တော်​ငါး​ယောက်​ပဲဝင်​ကပဲပြန်​ထွက်​လာကြသည်​။၁၂နာရီထိုး​တော့မီးရှုးမီးပန်း​တွေ​ဖောက်​ကြပြီးနှစ်​သစ်​ကိုကြိုဆိုခဲ့ကြသည်​။မနက်​ပြန်​ရမည်​ဖြစ်​သဖြင့်​အစီအစဉ်​ပြီးတာနှင့်​တစ်​ပြိုင်​နက်​အခန်းသို့ပြန်​ကာအိပ်​ရာဝင်​ခဲ့ကြသည်​။
image
မနက်​​စော​စောထပြီးနံနက်​စာစားအခန်းပြန်​အထုတ်​အပိုးများယူကဧည့်​ကြို​ကောင်​တာတွင်​ကားလာတာ​စောင့်​​နေကြသည်​။ခဏကြာ​တော့ကား​ရောက်​လာပြီးအထုတ်​အပိုးများတင်​ကာ​ကိုယ့်​​နေရာကိုယ်​ထိုင်​ပြီးလိုက်​လာကြသည်​။ငွေ​ဆောင်​မှမထွက်​ခင်​လမ်းတစ်​​လျောက်​ပင်​လယ်​ကြီးကိုနှုတ်​ဆက်​​သောအ​နေဖြင့်​ကြည့်​လာခဲ့သည်​။နောက်​တစ်​​ခေါက်​လာပါဦးမယ်​​ငွေ​ဆောင်​​ရေ.......
image
(ပြီးပါပြီ)

@naylinn
MSC 196
steemit မှမိတ်​​ဆွေအ​ပေါင်းချမ်းသာကိုယ်​စိတ်​မြဲပါ​စေ။

Sort:  

သွားခြင်လာပြီဗျာ

သွား​ဗျာ

နီပြီးမ​ရောက်​ဖြစ်​ဘူးဗျာ
ကံကိုမပါတာ

ရောက်​​အောင်​သွားပါ​ဗျာ

ကမ်း​ခြေမှာအပန်း​ဖြေ...​ပျော်​စရာကြီး...

ဟုတ်​တယ်​ အစ်​မ

ပျော်​စရာကြီးဗျာ

ကမ်းခြေပုံတွေပြီးပါတော့ ဒီမှာက သွားချင်တဲ့စိတ်ထိန်းမရလို့

ပြီးပါပြီ​ဗျ

ပျော်စရာမို့ သွားအုံးမယ်ဗျာ

သွား​ဗျာ

ကမ်းခြေခရီးသွားရတာ relax အဖြစ်ဆုံးပါ။အရမ်းပျော်မှာပေါ့ဗျာ။Nice beach!

ပျော်​တာ​ပေါ့ သူငယ်​ချင်း​တွေနဲ့ဆို​တော့

ပျော်စရာအရမ်းကောင်းပြီး စာဖတ်ရတာ ကြည်နူးစေပါတယ်

ဟုတ်​ ​ကျေးဇူးပါ

‌ပျော်‌စရာကြီးဗျာ ။အခု‌တောင်‌ သွားလိုက်‌ချင်‌တယ်‌။

သွား​ဗျာ

ပုစွန်ကြော်တွေ ငါကြော်တွေကြိုက်တယ် စားချင်တုံး ပီး ပြည်ကြီးငါးသုပ်...အမ်း စားချင်လာပီ ဒိုးခကွာ😁

စားခဲ့တာ​ပေါ့ ဆိုင်​ကိုဖုန်းမပါသွား​တော့မရိုက်​ဖြစ်​လိုက်​ဘူး

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56