အဆင့်အတန်း (အပိုင်း ၃)

in #myanmar6 years ago
  • လှပ​သောနှလုံးသားများရိုက်​သွင်း​စေချင်​*
    ကျွန်​မသည်​တစ်​​နေ့​သောအခါက အိမ်​သို့ ​အမျိုးများ​ရောက်​ရှိလာ၍ အလည်​ခရီးလိုက်​ပို့ရန်​တာဝန်​ကျ​လေသည်​။
    မနက်​ပိတ်​ရက်​လဲဖြစ်​တာ​ကြောင့်​ လိုက်​ပို့ရန်​ ဆုံးဖြတ်​လိုက်​သည်​။ လိုက်​ပို့ရ​သောသူများမှာ ​မောင်​တစ်​ဝမ်းကွဲ​လေးနှင့်​သူ့၏
    တပည့်​​ကောင်​​လေးတစ်​​ယောက်​သာဖြစ်​သည်​။
    ကျွန်​မတို့လဲ မနက်​​စော​စောအိမ်​ကထွက်​ကာ ရန်​ကုန်​မြို့ထဲသို့ထွက်​လာခဲ့ပါသည်​။
    မနက်​ပိုင်းအချိန်​​လေးဖြစ်​တာ​ကြောင့်​​ရွှေတိဂုံ​စေတီ​တော်​မြတ်​ကြီးကိုဖူး​မြော်​၍ ဘုရားရှစ်​ခိုးခဲ့ပါသည်​။ FB_IMG_1525782724085.jpgအတူပါလာ​သော နှစ်​​ယောက်​မှာ selfie ဆွဲလိုက်​ ဘုရားဖူးလိုက်​နဲ့အလုပ်​ရူပ်​​နေကြပါသည်​။FB_IMG_1525782777318.jpg
    ထို့​နောက်​​တောင်​ဘက်​မုဒ်​သို့ဆင်းကာမဟာဝိဇယစေတီ​တော်​ကို တက်​​ရောက်​ဖူးခဲ့ပါသည်​။FB_IMG_1525783158493.jpgHappy world ထဲသို့ဝင်​ကာ သရဲရထားလဲစီးခဲ့ပါသည်​။ ထို့​နောက်​​တောင်​ဘက်​မုဒ်​က​နေ ပြန်​တက်​ကာ အမျိုး​ကလေး​တွေကိုလက်​​ဆောင်​ဝယ်​​ထည့်​​ပေးရန်​ ဗုံ​လေး​တွေဝယ်​ခဲ့ပါသည်​။
    ၎င်း​နောက်​ ​နောက်​ဘက်​မုဒ်​ မှဆင်း၍
    ပြည်​သူ့ရင်​ပြင်​​ပေါ်သို့ သွားရန်​ဆင်းလာတုန်း ​နောက်​ဘက်​မုဒ်​​အဆင်းတစ်​ဝက်​နား​လောက်​စစ်​​ဆေး​ရေးနားတွင်​​ကောင်​မ​လေးနှစ်​​ယောက်​ကိုသွား​တွေ့ပါသည်​။
    ဘုရားလုံခြုံ​ရေးမှူးများက ထိုမိန်းက​လေးနှစ်​ဦးကို ဘုရားရင်​ပြင်​​ပေါ်သို့​ပေးမတက်​တာပါဘဲ။ သူမတို့နှစ်​ဦးမှာ ဂါဝန်​​ပေါင်​လည်​တို ကိုနှစ်​ဦးလုံး ဝတ်​ထားကြပါတယ်​။ကျွန်​မလဲမလှမ်းမကမ်းက ရပ်​ကြည့်​​နေမိပါသည်​။
    ကိုယ်​​တွေလိုတစ်​ခြားသူများလဲကြည့်​လျှက်​ရှိပါသည်​။
    သူမတို့နှစ်​ဦးကို ဘုရားရင်​ပြင်​​ပေါ်သို့ တက်​ချင်​ရင်​ ထမီဌား​ပေးမည်​ ဝတ်​သွားဟု​ပြော​လေသည်​။ ထိုနှစ်​​ယောက်​မှာမဝတ်​ချင်​၍ ပြန်​ဆင်းသွားကြသည်​။ကျွန်​မတို့လဲ ပြည်​သူ့ရင်​ပြင်​သို့သွားရန်​သူတို့နဲ့မနီးမ​ဝေးနား​လောက်​ကနေ ဆင်းလာခဲ့သည်​။
    ထိုနှစ်​​ယောက်​မှာကျေနပ်​ပုံမရ ဖိနပ်​ထည့်​ထား​သော ပလပ်​စတစ်​အိတ်​ကို အမိုက်​ပုံးကိုမြင်​လျှက်​နဲ့ မထည့်​ဘဲပစ်​ချကာ ပြည်​သူ့ရင်​ပြင်​ဘက်​သို့ ကူးသွားပါသည်​။
    ကျွန်​မတို့ သုံး​ယောက်​လဲ သူတို့ကိုကြည့်​ရင်း စိတ်​ပျက်​စရာ​တွေလာ​တွေ့​နေ​တော့ သက်​ပြင်းချရင်းဖြင့်​ ပြည်​သူ့ရင်​ပြင်​ဘက်​သို့ လာခဲ့ပါ​တော့သည်​။
    ဧည့်သည်မောင်လေးနှစ်ယောက်မှာရေလွှာမိချောင်းစီးချင်တာနဲ့အဲ့ဘက်သို့လာခဲ့ပါတော့သည်။FB_IMG_1525783009485.jpgFB_IMG_1525783015795.jpgသူတို့နှစ်ယောက် ရေလွှာမိချောင်း စီးနေချိန်တွင် ကျွန်မထိုင်စောင့်နေတုန်း ဘေးနားသို့မိသားစုတစ်စုရောက်လာခဲ့ပါသည်။
    ထိုသူများမှာလဲစီးရန်လာစောင့်နေခြင်းဖြစ်ပါသည်။
    ထိုမိသားစုထဲက ကလေးငယ်တစ်ဦးကရေခဲမုန့်စားနေပါသည်။
    ရေခဲမုန့်ကုန်တော့အမေဖြစ်သူအား အမိုက်ပုံးဘယ်မှာလဲဟုမေးပါသည်။ထိုကလေးငယ်က မသကာရှိမှ၎နှစ်သာသာပါ။ အမေဖြစ်သူက ရေခဲမုန့်ခွက်ကိုယူကာ ပေးဆိုပြီး ပစ်ချပြလိုက်ပါသည်။
    ကလေးကမေးပါသည်။ အမိုက်ပုံးထဲမထည့်ဘူးလားတဲ့ ။ သူ့အမေက ရတယ် ဒီတိုင်းပစ်လဲပြောတော့ ကလေးမျက်နှာ ကတစ်မျိုးဖြစ်သွားပါသည်။
    ကျွန်မအမြင်ကတော့ သူတို့မူကြိုကျောင်းလောက်မှာတော့ဆရာမကအမိုက်ကို အမိုက်ပုံးထဲသို့ထည့်ရန်သင်ပေးထားပုံရပါသည်။
    ထို့ကြောင့်အဆင်းတန်းမြင့်စွာနေချင်ရင်တော့ စိတ်အဆင့်အတန်းကိုမြင့်မားစွာထားရမည်ဟုမြင်မိပါသည်။
    သူများနိုင်ငံတွေလိုအဆင့်အတန်းမြင့်နေနိုင်စေရန် သူ့နေရာနှင့်သူ ယဉ်ကျေးစွာဝတ်ဆင်ကြစေရန်နှင့် မသိနားမလည်သောကလေးငယ်များ၏ရင်ထဲကိုသံမှိုမစိုက်မိစေလိုကြောင်းနှင့်
    အသိပညာများကိုရိုက်သွင်း၍လှပသောနှလုံးသားများသာပေးတက်ကြပါစေကြောင်းရည်ရွယ်၍ရေးသားတင်ဆက်လိုက်ပါသည်။
    ဆက်ရန်.............
    Thanks for steemit member all my fri
    Own created writing
    Photo by me
    MSC-233
    @nwenwe
Sort:  

လူတိုင်းကို စည်းကမ်းရှိစေခြင်ပါတယ် ကျနော်အပါအဝင်ပေါ့

အရေးအသားတွေအများကြီးကောင်းလာတယ်

ဆက်​ဖတ်​မယ်​ဗျာ..

အလည်​အပတ်​သွားရင်းမြင်​ခဲ့တာ​တွေဖတ်​လို့​ကောင်းပါတယ်​...ဆက်​ဖတ်​ပါ့မယ်​...

ကျေးဇူး

အဆင့်အတန်းခွဲတာမုန်းတယ်ဗျာ

ဟုတ်တယ်

က​လေး​တွေရဲ့ အသိ​ကောင်းတစ်​ခုကို အုပ်​ထိန်းသူတို့အ​နေနဲ့ ရိုက်​မချိုးသင့်​ပါဘူး​လေ။

မိဘဆိုတာသားသမီးတွက်ရှေ့ဆောင်လမ်းပြဖြစ်ရမှာလေနော်

တစ်​ချို့တ​လေကြပြန်​​တော့လည်း ခုလို အလွယ်​ပြုမူမိတာက ​နောက်​တစ်​ချိန်​ ကိုယ့်​က​လေးငယ်​​တွေ စည်းကမ်းပျက်​​စေမယ်​။

အဆင်းအတန်းမြင့်စေဖို့ စိတ်ဓါတ်တွေ လုပ်ရပ်တွေက အဓိကကျပါတယ်

အသိဟာ အ‌ရေးကြီးပါတယ်‌။အသက်‌ကြီးတိုင်း အသိမရှိကြပါဘူး။

တကယ်ပါဗျာ အဆင့်အတန်းမြင့်ဖို့ စိတ်ဓါတ်မြင့်မှဖြစ်ပေလိမ့်မည်

အမှန်ဘဲ

ခုလိုစာပေမျိုးဖတ်ရတာ ကြိုက်တယ်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11