အမနှင့် သူ၏ ချစ်သူလေးများ

in #myanmar6 years ago (edited)

မင်္ဂလာပါ steemit မိတ်ဆွေများရှင့်။ ကျမလူမှုရေး ကိစ္စလေးများရှိသဖြင့် စာမရေးဖြစ်တာ ဆယ်ရက်
လောက်ရှိပြီထင်ပါသည်။ အခုကစပြီး ကျမစာများ
ပြန်ရေးပါတော့မည်။ အခုရေးထားတာကတော့
ကျမအမ၏ အိမ်မွေးတိရိစ္ဆာန်လေးတွေအကြောင်း
ဖြစ်ပါတယ်။

image
image source

ကျမတို့ ညီအမတွေထဲတွင် ကျမအထက်ကအမက
တော့ တစ်မျိုးဆန်းသည်။ သူမဝါသနာက တိရိစ္ဆာန် လေးများကို ချစ်တတ်ခြင်းပင် ဖြစ်သည်။ ထိုအမနှင့် ကျမမှာ အသက်ငါးနှစ်ခန့်ကွာသည်။ ကျမ မှတ်မိသလောက်ဆိုရလျှင် ပထမတန်းနှစ်လောက်ထင်
သည်။ အမက အိမ်တွင် ကြက်ပေါက်လေးများ မွေးသည်။

အမက ထိုကြက်ပေါက်လေးများကို အထူးတလည် မမွေးမြူရပါပဲ ဖြစ်ထွန်းသည်။ အမက ဆန်စေ့များကို လက်ဖြင့် ကုပ်ယူလာပြီး ”လာဟေ့...လာဟေ့ အစာစားရအောင်” ဟု အော်ခေါ်လျှင် ကြက်ပေါက် လေးများက တွန်းတွန်းဝှေ့ဝှေ့ဖြင့် အစာစားကြသည်ကို အမှတ်ရမိသည်။ တခြားအမများက ထိုသို့ ခေါ်လျှင် လာမစားကြပါ။ မြေကြီးတွင် ပြန့်ကျဲထားမှသာ အစာလာကောက်ကြသည်။

image
image source

မှတ်မှတ်ရရ ကျမအလုပ်ဝင်စက ဈေးထဲမှ ရွှေဂဲ
လေး တစ်ကောင်ဝယ်ပြီး အမက မွေးသည်။ ထို
ရွှေဂဲမှာ မနက် မိုးလင်းလျှင် သူ့ကို အီကြာကွေး
ကျွေးရသည်။ အီကြာကွေးစားရအောင်ဟု ခေါ်လျှင် အိမ်နောက်မှ အိမ်ရှေ့ခန်းထိ အဝတ်ကြိုးတန်းမှ
တဆင့် အပြေးကလေးလာတတ်သည်။

ရွှေဂဲကို မပျံနိုင်အောင် တောင်ပံကိုတော့ ကတ်ကြေး
ဖြင့် ကိုက်ထားရသည်။ ညမှောင်စပျိုးသည်နှင့်
သူ့ဖာသာ လှောင်အိမ်ထဲဝင်နေတတ်သည်။ အမက
လှောင်အိမ်တံခါးပိတ်ပေးရသည်။ မိုးလင်းလျှင်
တော့ လှောင်အိမ်တံခါး ဖွင့်ပေးရသည်။ နို့မဟုတ်
လျှင် တစ်အိမ်လုံးနားငြီးမယ်သာမှတ်။

image
image souece

နောက်တော့ ကြောင်ကိုက်၍ ထင်သည်။ ထိုကြောင် စုတ်က ကျမတို့အိမ်က ကြက်တူရွေးအော်သံကြား ၍ ချောင်းနေမှန်းသိသည်။ ကြောင်အရိပ်အယောင်
မြင်သည်နှင့် ကြက်တူရွေးကလည်း ဆူညံနေအောင် အော်သည်။ သူ့အော်သံကြားလို့ အိမ်ပြင်ထွက်ကြည့်လိုက်။ သကောင့်သားကြောင်က အိမ်ရှေ့ဝရန်တာမှာ ရှိနေတတ်သည်။ ထိုအခါမျိုးမှာ ကျမတို့တစ်အိမ်သားလုံး ကြောင်ခြောက်ရသည်။

ကျမကတော့ ကြက်တူရွေးလေးကို ချစ်ပေမယ့် သူကိုက်မှာတော့ကြောက်သည်။ ကျမတို့အလစ်တွင် ထိုကြောင်က ကြက်တူရွေးကိုချီသွားခြင်းဖြစ်သည်။ သိသိချင်း လိုက်ခြောက်သော်လည်း မရတော့။
လည်ပင်းကိုခဲထားသဖြင့် အမလက်ပေါ်တွင်ပင် သေသွားသည်။ ရွှေဂဲလေးသေသည့်နေ့က ကျမတို့
တစ်အိမ်လုံး ထမင်းမစားနိုင်ကြပေ။ ထို့နောက်တော့ ဘာကောင်မှ ထပ်မမွေးရန် အမကို ချော့ရသည်။

image
image source

အမလဲ ရွှေဂဲက သူ့လက်ပေါ်ဆုံးသွားသဖြင့် စိတ်
မကောင်းဖြစ်ပြီး နောက်ထပ်မမွေးတော့ဖို့် ဆုံးဖြတ်
လိုက်သည်။ သို့သော် ထိုဆုံးဖြတ်ချက်က ကြာရှည်
မခံ။ ဒုတိယအမ၏ ယောက်ျားက ရထားထိန်းဖြစ်
သည်။ တစ်နေ့တော့ ခဲအိုက ရထားပေါ်ကခရီးသည် တစ်ဦးက လက်ဆောင်ပေး၍ ဘဲပေါက်လေး
နှစ်ကောင်အိမ်ပါလာသည်။ ခဲအိုကလည်း ကျမအမတိရိစ္ဆာန် ချစ်တတ်မှန်းသိ၍ ယူလာခဲ့ခြင်းဖြစ်သည်။

image

image

ထုံးစံအတိုင်း ကျမအမကလဲမွေးပြန်သည်။ အမ
မယူလျှင် အခြားသူကိုပေးပစ်မည်ပြောသည်က
တစ်ကြောင်း၊ ဘဲပေါက်လေးများမှာ ပိန်လှီနေ၍
မကြာခင်သေမှာပဲ၊ မသေခင်မွေးမယ်ဆိုပြီး
မွေးခြင်းဖြစ်သည်။ ကျမတို့အိမ်က အစိုးရတိုက်ခန်း
ဖြစ်၍နေရာကျဉ်းသည်။ ဘဲပေါက်လေးများ
ခြေညောင်းလက်ဆန့် လုပ်စရာ နေရာပင်မပေးနိုင်ပဲ နောက်ဖေးဝရန်တာတွင် ခြင်းကြားကြီးအုပ်၍ မွေးရသည်။

ဆက်၍ရေးပါအုံးမည်

Author @nweoomon
Photo @nweoomon
MSC.265
11.10.2018

Sort:  

နိရွှေဂဲ ဝမ်းချုပ်နေထင်ပါ့၊ င့ါကြက်ဖကြီးဘယ်လိုနေလဲမသိ။

ရွေဂဲကတော့သေသွားပြီ
ဦးရဲ့ကြက်ဖကတော့ ဟင်းစာများဖြစ်သွားလေမလား။ သူကဆေးစွဲနေပြီဆိုတော့လေ...😁

စ တင်တင်ခြင်းကို ချီးတက်က လာဗုတ်သဟေ့
အဲ့ကောင်း နွယ်ဦးမွန် ကိုချောင်းနေတာထင်တယ်
သတိတော့ထားနော့ 😁

သူရဲကောင်းဆိုတော့ ချိတက်လေးနဲ့ပေါ့ 😁😁

တိုက်ခန်းမှာ ဘဲ မွေးလေတော့...

Posted using Partiko Android

ဟုတ်ပါ့ တအိမ်လုံး ဘဲချေးနံ့ကိုပျံ့လို့

အချို့ဆိုတိရိစ္ဆာန်​အ​ကောင်​​လေး​တွေကိုအလွန်​ချစ်​တတ်​တယ်​...ကိုယ့်​သားသမီးလိုမျိုးဂရုတစိုက်​နဲ့....

Posted using Partiko Android

ဟုတ်တယ် ကျမအမကျ အဲ့ အကောင်တွေက ချစ်ကိုချစ်ကြတာ။ ကိုယ်တွေကျ ရန်စွယ်နဲ့ငေါငေါ

ကြက်တူရွေး ကို စကားသင်ပေးလို့ ရလားအမ

ရတယ် သိပ်တော့မပီဘူးပေါ့

ရွှေဂဲလေးတွေက ချစ်ဖို့ကောင်းတယ် အမလည်း ငယ်ငယ်က မွေးဖူးတယ်

ဟုတ်တယ် ကျနော်အမကတော့ မွေးလွန်းလို့တားထားရတယ်
သံယောဇဉ်ဖြစ်ပြီဆိုရင် သေသွားကြလို့

သံ​ယောဇဉ်​ တခုတိုးရင်​ တခုပိုစိတ်​ဆင်းရဲရလို့
ကျွန်​​တော်​​တော့ ဘာမှကိုမ​မွေးဖြစ်​ဖူးဗျာ

အဲ့ဒါအကောင်းဆုံးပဲ
ရှိနေတာတွေတောင် ဖြတ်ရခက်နေတာကို နော့

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌹🌹🌹

ရောင်းမရက် စားမရက် သွဖာသူသေပြန်လည်း ကိုယ့်မှာ ဒုက္ခနဲ့မို့မွေးဘူး

အိမ်ကအမကတော့ကြက်တူရွေးခရေဇီ
တဆိတ်ရှိမွေးဖို့ချောင်းနေလို့ တားထားရတာ

တိရိစ္ဆာန်လေးတွေကို ချစ်တတ်တာကောင်းပါတယ်။ရွှေဂဲကိုတော့ အရမ်းသနားမိပါတယ်အစ်မ။

အတူတူပဲ။ အမကတော့ သူတို့သေတဲ့နေ့ကို ရက်စွဲနဲ့ကိုမှတ်ထားတာ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11