စိတ်

in #myanmar6 years ago (edited)

လူတွင် စိတ်သည် အရေးအကြီးဆုံးဖြစ်သည်။
🌹 စိတ်ပျိုကိုယ်နု၊
🌹 စိတ်တစ်ခု ရုပ်ကိုးဆယ်၊
🌹 စိတ်သာရှင်စော ဘုရာဟော၊
🌹 စိတ်ထောင်း ကိုယ်ကြေ၊
🌹 စိတ်ကြည်မှ ရုပ်ကြည် အစရှိသဖြင့် စိတ်နှင့်
ပတ်သက်၍ စကားပုံများ၊ ဘုရာဟောများရှိပါသည်။

မှန်ပါသည်။ စိတ်ကြည်လျှင် လုပ်သမျှ အရာရာ အောင်မြင်သည်။ စိတ်မကြည်လျှင်ဘေးကရယ်သံကို ပင် ကိုယ့်ကိုလှောင်သည်ဟု ထင်တတ်ပါသည်။

image

ကျမအနေဖြင့် မနက်အိပ်ယာထလျင် ထခြင်း (၃၁) ဘုံ တွင် ကျင်လည်ကြကုန်သော နတ်လူသတ္တဝါများနှင့် ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ
ကိုယ်ကျန်းမာပါစေဟု ဦးစွာမေတ္တာပို့ပြီးမှ လုပ်စရာ ရှိသည်များ လုပ်ပါသည်။ ထိုသို့ မေတ္တာပို့ပြီး ထိုစိတ်လေးကိုသတိကပ်ပြီးနေလျှင် ထိုနေ့အတွက် ကျမကြုံတွေ့ရသောကိစ္စများတွင် စိတ်အနှောင့်အယှက် ကင်းသည်ဟုယုံကြည်သောကြောင့်ဖြစ်ပါသည်။
သို့မှသာ တနေ့လုံးစိတ်ရှင်း၍ မိမိလုပ်ကိုင်ရသောကိစ္စ များလဲ အဆင်ပြေခြင်းများ ကြုံတွေ့ရ၍ဖြစ်ပါသည်။

image

စိတ်နှင့်ပတ်သက်၍ ကြားဖူးသမျှလေး ပြောပြပါအုံး မည်။ မတွေ့တာကြာပြီဖြစ်သော အသိမိတ်ဆွေနှစ်ဦး လမ်းတွင်ဆုံကြရာ တစ်ဦးက ကျန်တစ်ဦးကို ”ဟေ့လူ ခင်ဗျား နေမကောင်းဘူးလား၊ မျက်နှာလဲ ညှိုးလို့” ဟု နှုတ်ဆက်ရာ ကျန်တစ်ဦးက ကောင်းပါတယ်ဟု ဖြေသည်။ နောက်တစ်ဦးက ပထမလူအတိုင်း မေးပြန် သည်။ သုံးလေးဦးလောက်အမေးခံရသောအခါ မေးခံရ သူစိတ်ထဲတွင် ဟုတ်လိမ့်နိုးထင်ပြီး အမှန်တကယ်ပင် နေမကောင်းဖြစ်သွားသည်ကို ဖတ်ခဲ့ရဖူးပါသည်။

နောက်တစ်မျိုးက စိတ်ပညာ ပါမောက္ခကြီးတစ်ဦး၏ စမ်းသပ်ချက်ဖြစ်ပါသည်။ သာမန်ပြစ်မှုကျူးလွန်သော တရားခံတစ်ဦးအား ၎င်း ယုံကြည်စေရန် အမှုစစ်ဆေး၍ ဆေးထိုးသတ်ရန် အမိန့်ချမှတ်လိုက်သည်။ ထို့နောက် ၎င်းအကျဉ်းသားအား မျက်စိအဝတ်စည်း၍ အခန်း တစ်ခု အတွင်းခေါ်သွားသည်။ အကျဉ်းသားကိုလည်း ၎င်းအားဆေးထိုးသတ်တော့မည်ဟု ယုံကြည်စေခဲ့ပါ သည်။ ထိုစမ်းသပ်ချက်ကို တိတ်တဆိတ်ကြည့်ရှုနေကြ သော တရားသူကြီးနှင့် အခြားရှေ့နေများလည်းပါဝင်ပါ သည်။

အကျဉ်းထောင်ဆရာဝန်က အကျဉ်းသားအားဆေးထိုး ၍ သတ်တော့မည်။ မသေခင် ဆုတောင်းရန်ပြောပြီး ဆေးထိုးပေးလိုက်သည်။ အမှန်တကယ်ဆရာဝန် ထိုးပေးသော ဆေးမှာ အိပ်ဆေးဖြစ်ပါသည်။ သို့သော် အကျဉ်းသားမှာ မိမိအားအမှန် တကယ်ဆေးထိုးသတ် နေသည်ဟု စိတ်တွင်ယုံကြည်သွားသည်။ ဆရာဝန်နှင့် ပါမောက္ခကြီးတို့လည်း အကျဉ်းသား ပြန်နိုးသင့်သည့် အချိန်ထိ မနိုးမှ သေဆုံးသွားပြီ ဖြစ်ကြောင်းသိကြ သည်။

စိတ်သည် ထိုမျှ အရေးကြီးသည်ဆိုလျှင် ထိုအရေးကြီး သော စိတ်ကို ဖြူစင်အောင် ကြိုးစားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ ကာယကံမြောက် မကျူးလွန်ပါပဲ ထိုစိတ်ကြောင့်ပင် ငရဲကျစေနိုင်သော ကြောင့်ဖြစ်ပါသည်။ စိတ်ဖြင့် လူများစွာ သတ်နိုင်သည်။ မကောင်းမှုများစွာ အလိုရှိသလို ကျူးလွန်နိုင်သည်။

စိတ်ကိုမထိန်းနိုင်၍ တဒင်္ဂအတွင်း မထင်မှတ်ဘဲ ပြစ်မှု များ ကျူးလွန်မိရသဖြင့် မိမိနှင့်တကွ မိသားစုဝင်များပါ စိတ်ဆင်းရဲရကြောင်း သတိထားမိလျှင် သိရှိနိုင်ပါသည်။ အရက်အတူသောက်ရင်း ဓားနဲ့ထိုးသတ်မိတာ၊ မုဒိန်းမှု များကျူးလွန်မိတာ၊ စနောက်ရင်းစကားများတာစသည် တို့မှာ စိတ်မထိန်းနိုင်၍ ဖြစ်ရသော အမှုအခင်းများ ဖြစ်ပါသည်။

image

ထို့ကြောင့် မိမိစိတ်ကို ထိန်းချုပ်နိုင်ရန် တစ်နေ့လျှင် ဆယ့်ငါးမိနစ်ခန့် တရားထိုင်သင့်သည်ဟု အထင်ကရ ဆရာတော်ကြီးများ ဟောသော တရားများတွင် မှတ်သားနာယူဖူးပါသည်။ မည်သို့ပင်ဆိုစေကာမူ စိတ်ကြည်လင်သန့်ရှင်းမှသာ မိမိဘဝလုပ်ငန်း ဆောင်တာ များ ကောင်းမွန်စွာ ဆောင်ရွက်နိုင်သဖြင့် အနာဂတ်ဘဝသာယာလှပမည့်အကျိုးကို ယခုပင်ခံစား ရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

Author@nweoomon
Photo@nweoomon
10.6.2018

Sort:  

အရေးအသားတွေတော်တော်ကောင်းဗျာ။ကျွန်တော်လဲစိတ်အကြောင်းရေးဖူးတယ်ကြာပြီခင်ဗျ။ဒီလောက်မကောင်းဘူး။

မြှောက်ပြောတာဆိုလဲ ကျေနပ်မိပါတယ်

Congratulations @nweoomon! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

စိတ်အကြောင်းသိကောင်းစရာကိုဖတ်ရတော့ပြင်ဆင်သင့်တာကိုဆင်ခြင်မိပါတယ်

ဟုတ်ကဲ့...တဒင်္ဂစိတ်ကြောင့် အမှားတွေဖြစ်နေတာ မြင်မိလို့ပါ

စိတ် သိပ်ကောင်းပါတယ်ဗျာ
ချိတက်ကလည်း လာအားပေးပါလား
အော်...စိတ်

ကိုယ်တိုင်ရေးပိုစ့်ပါဟယ်....ဘယ့်နှယ့်

You got a 2.58% upvote from @emperorofnaps courtesy of @nweoomon!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

အမလဲညီမလိုဘဲမိုးလင်းဆွမ်းလောင်းမေတ္တာပို့ဘုရားရှိခိုးနေ့တိုင်းလုပ်ပါသည်ညီမလဲအောင်မြင်ပါစေအမဆုတောင်းပါတယ်

ကောင်းသောအကျင့်လေးပါ မမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05