သင်္ကြန်​မှာမြန်​မာ့steemitမိတ်​​ဆွေတို့​ပျော်​ရွှင်​​ပါ​စေ

in #myanmar6 years ago (edited)

အားလုံးပဲမင်္ဂလာပါဗျာ။ဒီ​နေ့ဟာကျွန်​​တော်​တို့မြန်​မာနိုင်​ငံရဲ့သင်္ကြန်​အကြတ်​​​နေ့ဖြစ်​ပြီး ကြည်​နူး​ပေါ်ရွှင်​စွာ​ရေးကစားနိုင်​ကြမယ်​လို့ထင်​ပါတယ်​။သင်္ကြန်​ကာလရုံးပိတ်​​ရက်​​တွေကို မိသားစုနဲ့အတူဖြတ်​သန်းကျ​တဲ့ သူငယ်​ချင်းမိတ်​​ဆွေအ​ပေါင်းလဲ မိသားစုနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းနိုင်​ကြပါ​​စေလို့ စု​တောင်း​ပေးပါတယ်​။
ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံမှာ မြန်​မာ့ရိုးရာအတာင်္ကြန်​ကို တ​ပေါင်းလဖြစ်​တဲ့ နှစ်​သစ်​ကူးလမှာကျင်းပ​လေ့ရှိပြီး တိုင်းရင်​သား​ပေါင်းစုံဆင်​နွဲ​ပျော်​ပါးကြတဲ့ ပွဲ​တော်​ကြီးတစ်​ရက်​လဲဖြစ်​ပါတယ်​။ထိုပွဲ​တော်​ရက်​​နေ့အခါမျိုးမှာဆို ဘုရားသွား​ကျောင်းတတ်​၊ရဟန်းရှင်​ပြုကုသိုလ်​ယူကြ၊​ပျော်​ပွဲ ရွှင်​ပွဲကြီး​တွေကိုမြို့ နယ်​အရပ်​ရပ်​မှာကျင်းပကြနဲ့​တော်​​တော်​လည်း​ပျော်စရာ​​ကောင်းပါတယ်​။ထိုပွဲဟာ မြန်​မာလူမျိုးတို့ရဲ့ ရိုးရာပွဲ​တော်​ကြီးလဲဖြစ်​ပါတယ်​။
မြန်​မာ့ရိုးရာအတာသင်္ကြန်​ကိုနိုင်​ငံခြားမှပြည်​ပခရီးသွား​များလည်းအတူဆင်​နွဲကြသည်​ကိုလည်း​​တွေ့ရပါတယ်​။တစ်ခု​​ပြောချင်​တာက​တော့ သင်္ကြန်​​ရောက်​ပြီးဆိုမြန်​မာမိန်းက​လေး​တွေ အဝတ်​အစားအဆင်​အယဉ်​​တွေထိန်းသိမ်းကြပါလို့​ပြော​စေချင်​ပါတယ်။မြန်​မာအမျိုးသား​တွေဆိုရင်​လည်းမူးပြီး​မှောက်​​နေတာမျိုး၊ရန်ပွဲကြီ​တွေမျိုးကို​ရှောင်​ရှားသင့်​ပါတယ်​။ခေတ်​​ရေစီး​ကြောင်းနဲ့အညီလိုက်​တယ်​ဆို​ပေမဲ့ နိုင်​ငံခြားခရီးသွား​တွေက မြန်​မာပုဆိုး၊တိုက်​ပုံအင်္ကျီနဲ့၊မိန်း​လေးဆိုရင်​လည်းမြန်​မာဆန်​ဆန်​အဝတ်​အစား​လေး​တွေနဲ့​ရေပတ်​​နေချိန်​မှာ ကိုယ့်​လူမျိုး​တွေက​ဘောင်းဘီတို၊မ​ပေါ့်တ​ပေါ့်ဝတ်​ပြီး မူးရွဲပြဲပြီးက​နေတာမြင်​မိ​တော့ ဘယ်​လို​ပြောရမှန်း​တောင်းမသိ​တော့ဘူး။သွား​ပြောမိပြန်​ရင်​လည်း အန္တရာယ်​ကိုသွား​ခေါ်သလိုဖြစ်​မှာလည်းစိုးရ​သေး။တစ်​ချို့ ​တွေကရှိ​သေး နယ်​ဘက်​​တွေမှာဆို ဆိုင်​ကယ်​အစီး​ရေ ၅၀​ကျော်​၊ ၁၀၀​ကျော်​၊နဲ့အုပ်​စုဖွဲ့လိုက်​သွား ပြီးရင်​အချင်းချင်း​တွေ့ပြီး​​ခေါင်း​ဆောင်​ပိုင်း​တွေက မတည့်ရင်​​ဝိုင်းချကျနဲ့ နှစ်​တိုင်းလိုလိုကြားခဲ့ရတယ်​။သူတို့အတွက်​​တော့သင်္ကြန်​ဟာအုပ်​စုဖွဲ့ရမ်းကားဖို့ပွဲ​တော်​ကြီးများလားထင်​ရတယ်​။တာ​တွေဟါအခြားပြည်​ပနိုင်​​ငံသား​တွေမြင်​ရင်​​တော်​​တော်​​လေးရှက်စရာ​ကာင်းလှပါတယ်။ထိုအဖြစ်​အပျက်​​တွေရှိသလို ဘုရားသွာ​ကျောင်းတတ်​၊ရဟန်း၊ရှင်​ပြု ကုသိုလ်​ယူကြတဲ့လူ​တွေနဲ့ယဉ်​ယဉ်​​ကျေး​ကျေး​ဆော့ကစားကြတဲ့လူ​တွေလည်းများစွာရှိပါတယ်​။ဘယ်​အရာမှ အဆိုးရီးပဲမရှိနိုင်​သလို ဘယ်​အရာမှအ​ကောင်းရီးပဲ မရှိနိုင်​ပါဘူး။အ​ကောင်းနဲ့အဆိုးဟာ ဒွန်​တွဲ​နေတတ်​တဲ့သ​ဘောတရားရှိတာ​ကြောင့်​ သင်္ကြန်​ရဲ့ဆိုးကျိုး​တွေမှာ မပါဝင်​ပဲသင်္ကြန်​ရဲ့​ကောင်းကျိုး​တွေမှာ ပါဝင်​နိုင်​ကြပါ​စေ မိတ်​​ဆွေအ​ပေါင်းတို့။ image

Sort:  

World of Photography
>Visit the website<

You have earned 5.35 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.07
Server time: 09:00:17
Account Level: 0
Total XP: 41.65/100.00
Total Photos: 8
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69069.39
ETH 3914.45
USDT 1.00
SBD 3.64