ဆာရီနေရာကို အန်ဆယ်လော့တီနှင့်နာပိုလီအစားထိုးမည်

in #myanmar6 years ago

image

ဆာရီနေရာကို အန်ဆယ်လော့တီနှင့်နာပိုလီအစားထိုးမည်

နာပိုလီအသင်းမှာ အသင်းမှထွက်ခွာသွားသည့် နည်းပြဆာရီ၏နေရာတွင် ၀ါရင့်နည်းပြအန်ဆယ်လော့တီနှင့်အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အန်ဆယ်လော့တီကိုနှစ်နှစ်စာချုပ်နှင့်တစ်နှစ်လုပ်ခလစာ ယူရို ၆ သန်းနှင့်သဘောတူညီခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ ဆာရီမှာ စီးရီးအေတွင် အဆင့် ၂ နေရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း ဒုတိယရာသီဝက်တွင် ရလဒ်များကျဆင်းခဲ့ပြီး ချန်ပီယံဆုကိုလက်လွှတ်ခဲ့ရခြင်းကြောင့်အသင်းပိုင်ရှင် ဒီလော်ရန်တစ်နှင့်ဆက်ဆံရေးပျက်ပြားသွားခဲ့သည်။ အစောပိုင်းရလဒ်များကောင်းနေချိန်တွင် ဒီလော်ရန်တစ်က ဆာရီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်စီစဉ်ခဲ့သော်လည်း ရလဒ်များကျဆင်းသွားပြီး ဆက်ဆံရေးပျက်ပြားသွားချိန်တွင် စာချုပ်သက်တမ်းတိုးရေးအစီအစဉ်ကို မသိကျိုးကျွံပြုလုပ်သွားခဲ့ပြီးနောက် ရာသီကုန်တွင် နှစ်ဦးနှစ်ဖက်လမ်းခွဲသွားခဲ့ကြခြင်းဖြစ်သည်။ အန်ဆယ်လော့တီမှာ ဥရောပထိပ်သီးလိဂ် ၅ ခုတွင် အမှတ်ပေးချန်ပီယံဆုများကိုရယူပြနိုင်ခဲ့ပြီးချန်ပီယံလိဂ်တွင်လည်းအအောင်မြင်ဆုံးနည်းပြတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။ ၄င်းအနေဖြင့် ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ အေစီမီလန်အစရှိသည့်အသင်းကြီးများကို ကိုင်တွယ်ခဲ့သည့်အတွေ့အကြုံရင်ကျက်သူတစ်ဦးလည်းဖြစ်သည်။ အန်ဆယ်လော့တီမှာ ပြီးခဲ့သည့်နှစ်စက်တင်ဘာလတွင် ဘိုင်ယန်မြူးနစ်နည်းပြအဖြစ်မှထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့အဖြစ်နှင့်အနားယူနေသူလည်းဖြစ်သည်။ ၄င်းကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ရန်ဆက်သွယ်ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး နောက် နာပိုလီအသင်းကိုကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နာပိုလီမှထွက်ခွာသွားသူ ဆာရီကို ဇင်းနစ်အသင်းက တစ်နှစ်လုပ်ခလစာပေါင် ၅.၂ သန်းဖြင့် ရောက်ရှိသွားဖွယ်ရှိနေသည်ဆိုသည့်သတင်းများလည်းထွက်ပေါ်သွားခဲ့သည်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62772.18
ETH 3032.07
USDT 1.00
SBD 3.67